စားသုံးရန်မသင့်သည့် တရားမဝင်အေးခဲဘဲသားပိဿာတစ်ထောင်ခန့် မန္တလေး ကျွဲဆည်ကန်ကားကြီးဝင်းအတွင်း ဖမ်းမိ
ရန်ကုန်သို့ ပို့ဆောင် မည့် တရားမဝင် အေးခဲဘဲသား ပိဿာတစ်ထောင်ခန့်ကို မန္တလေး မြို့ ကျွဲဆည်ကန်ကားကြီးဝင်းအ တွင်း ဖမ်းဆီးရမိခဲ့သည်။
ဇွန်လ ၂ ရက်ညက ကျွဲဆည်ကန်ကားကြီးဝင်းအတွင်း ကန် တာယာဉ်တစ်စီးပေါ်တွင် ပီနန် အိတ် ၁၂ အိတ်ဖြင့် ထုပ်ပိုးထား သော အေးခဲဘဲသားများကို ယာဉ် မောင်းတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြို့တော်စည်ပင်သာ ယာရေးကော်မတီ စည်ပင်သာ ယာရဲတပ်ဖွဲ့မှ ရဲအုပ်သဲဦးလှိုင်က ပြောသည်။
‘‘ပီနန်အိတ်အစိမ်းတွေနဲ့ မသင်္ကာဖွယ်ပစ္စည်းတွေ တွေ့တယ်လို့ သတင်းပေးချက်ရတာနဲ့ နယ်မြေခံရဲနဲ့ စည်ပင်ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်’’ဟု ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သဲဦးလှိုင်က ရှင်းပြသည်။
အေးခဲဘဲသားများကို မူ ဆယ်မှ သယ်ဆောင်လာခြင်းဖြစ် ပြီး ရန်ကုန်သို့ ပို့ဆောင်ရန်ဖြစ် သည်ဟု ကနဦးစစ်ဆေးချက်များ အရ သိရသည်။
မန္တလေးမြို့သို့ တရားမဝင် အေးခဲ ကြက်သားနှင့် ဘဲသား၊ ကြက်ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ဘဲဥများကို မူဆယ်လမ်းကြောင်း နှင့် မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းများမှ တရားမဝင် ဝင် ရောက်မှုများရှိနေပြီး ဈေးများတွင် ရောင်းချမှုများမရှိစေရန် အထူးကြပ်မတ်စစ်ဆေးနေကြောင်း ဈေးနှင့် သားသတ်ဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။
‘‘ဒီအေးခဲ ဘဲသားတွေက FDA ရဲ့ ခွင့်ပြုချက်လည်း မပါဘူး။ တရားဝင်တင်သွင်းခွင့်ရှိတာတွေလည်း မဟုတ်ဘူး။ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေဆိုတော့ ဘာတွေရေးထားလဲ နားမလည်နိုင်ဘူး။ ဒါကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ယူဆပါတယ်’’ဟု ရဲအုပ်သဲဦးလှိုင်က ဆိုသည်။
ဖမ်းဆီးအေးခဲဘဲသားများကိုဇွန်လ ၃ ရက်က မန္တလေးမြို့အေးရိပ်ငြိမ်သုသာန်တွင် မီးရှို့မြေမြှုပ်ဖျက်ဆီးပြီး ဖမ်းဆီးရမိသည့် ယာဉ်မောင်းကိုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေများအရ အရေးယူဆောင်ရွက်မည်သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment