Latest News

Tuesday, June 27, 2017

ဆရာဝန်လိုအပ်ချက် ဖြည့်ဆည်းမှုမပြည့်မီ၍ သည်းခံပေးရန် ဒေါက်တာမြင့်ထွေး မေတ္တာရပ်ခံ

ဆရာဝန်လိုအပ်ချက် ဖြည့်ဆည်းမှုမပြည့်မီ၍ သည်းခံပေးရန် ဒေါက်တာမြင့်ထွေး မေတ္တာရပ်ခံ

လူနာများဖြင့် အမြဲလိုပြည့်နေသည့် ရန်ကုန်ဆေးရုံကြီးရှိ လူနာဆောင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
တိုင်းနှင့်ပြည်နယ် အလိုက်လက်ထောက်ဆရာဝန် လိုအပ်ချက် ဖြည့်ဆည်းရာတွင် မပြည့်မီမှုများ ရှိနေခြင်းအတွက် သည်းခံပေးရန် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များကို ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မေတ္တာရပ်ခံသည်။

ဇွန်လ ၂၆ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် လက်ထောက် ဆရာဝန်လိုအပ်ချက်ရှိမှုနှင့်ပတ် သက်သည့်မေးခွန်းကို ကျန်းမာရေးဝန်ကြီးက လာရောက်ဖြေကြားရာ၌ ပြောကြားခြင်းဖြစ်သည်။

‘‘အခုကတော့ ရှိတဲ့ဝန်နဲ့ အ တတ်နိုင်ဆုံး အထူးအစွမ်းကုန် ကြိုးစားပြီး ကျွန်တော်တို့လုပ်နေ ပါတယ်။ တချို့မရသေးတာတော့ နည်းနည်း သည်းခံစေချင်ပါတယ်။ ဒါပေမဲ့ ရအောင်တော့ ကျွန်တော်လုပ်ပေးပါ့မယ်’’ ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအနေဖြင့် လက် ထောက်ဆရာဝန်များကို တစ် ပြည်လုံး အတိုင်းအတာအရ ၃,၄၉၀ ဦးခန့်အပ်မည်ဟု လျာ ထားသော်လည်း လတ်တလော တွင် ၁,၇၄၁ ဦးသာ ခန့်အပ်ထား နိုင်၍ ၅၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးရုံ များတွင် အောက်ဆီဂျင်ဘူးများ အသုံးပြုနိုင်ရေး ဘဏ္ဍာနှစ်အ လိုက် ဆေးရုံတစ်ရုံချင်းကို ကျပ် ငွေခြောက်သန်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။

 ‘‘အောက်ဆီဂျင်အတွက် ၀ယ်ဖို့၊ ဖြည့်ဖို့လိုမယ်ဆိုရင် ပေး ပါတယ်။ ဒီပိုက်ဆံခြောက်သန်း ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆေးရုံတစ်ရုံချင်းကို မူတည်ပြီး ကျွန်တော်တို့ပေးပါတယ်။ ခုတင် တွေ တူလို့ရှိရင် ပထမဆုံးအတူပဲ ပေးထားတယ်။ သို့သော်လည်း လူနာများတဲ့ ဆေးရုံမှာဆိုလို့ရှိ ရင် အဘက်ဘက်က ကျွန်တော် ပိုပြီးပေးပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကျန်းမာရေးဦးစီးဌာနအနေ ဖြင့် ဆေးရုံများကို အောက်ဆီဂျင် ၀ယ်ယူခွင့်ပေးရာတွင် အမှန်တ ကယ်လိုအပ်ချက်ရှိ၊ မရှိ ကျွမ်းကျင်သူများက စိစစ်ပြီးမှသာ ၀ယ်ယူခွင့်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

‘‘ဒီ ခြောက်သန်းထဲက အောက်ဆီဂျင်ကို ၀ယ်လို့ရပါ တယ်။ အကယ်၍ ဒီခြောက်သန်း ဟာ ကုန်သွားမယ်ဆိုရင် ထပ် တောင်းရင် ပေးပါတယ်’’ ဟု ၎င်း က ပြောသည်။

ရန်ကုန်နှင့် မန္တလေးတို့ရှိ ဆေးရုံများတွင် အောက်ဆီဂျင် အိုး အသုံးပြုမှု အများဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ ဆေးရုံကြီးများကိုသာပေး နိုင်စွမ်းရှိသေးပြီး နောင်သုံးနှစ်ခန့် အကြာမှသာ အောက်ဆီဂျင်ကို ဆေးရုံငယ်များ၌ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး က ပြောသည်။

7Day News

No comments:

Post a Comment