Latest News

Monday, June 26, 2017

"စစ်တွေတွင် ကူးတို့လှေတစ်စီး တိမ်းမှောက်၍ နှစ်ဦး ပျောက်ဆုံးနေ "

"စစ်တွေတွင် ကူးတို့လှေတစ်စီး တိမ်းမှောက်၍ နှစ်ဦး ပျောက်ဆုံးနေ "

စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာနှင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကျေးရွာသို့ ပြေးဆွဲနေသည့် ကူးတို့စက်လှေငယ် တစ်စီးသည် ယနေ့(ဇွန်လ ၂၇ ရက်) နံနက် ၁၀ နာရီကျော်က နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လှေပေါ်တွင် ပါလာသူများအနက် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ကူးတို့လှေပေါ်တွင် စက်လှေမောင်းသူ အပါအဝင် ခရီးသည် ၂၁ ဦးပါဝင်ခဲ့ကြောင်း သိရသည်။

"အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက် ပျောက်နေပါတယ်၊ သတိမရတဲ့ အမျိုးသမီး နှစ်ဦးကိုတော့ ဆေးရုံကို အရေးပေါ်ပို့ထားပါတယ်"ဟု ပါဒလိတ်ကျေးရွာမှ ဦးကျော်ဆွေ ကပြောသည်။

7Day News Journal

No comments:

Post a Comment