Latest News

Friday, June 2, 2017

မန္တလေးတိုင်းတွင် မေလအတွင်း လေပြင်းတိုက်ခတ်မှု ၂၃ ကြိမ်ဖြစ်ပွားပြီး ဘေးသင့်အိမ်ထောင်စု ၁,၁၀၀ ကျော်ရှိ

မန္တလေးတိုင်းတွင် မေလအတွင်း လေပြင်းတိုက်ခတ်မှု ၂၃ ကြိမ်ဖြစ်ပွားပြီး ဘေးသင့်အိမ်ထောင်စု ၁,၁၀၀ ကျော်ရှိ


မန္တလေးတိုင်းတွင် မေ လအတွင်းလေပြင်းတိုက်ခတ်မှု ၂၃ ကြိမ်ဖြစ်ပွားပြီး အဆိုပါ သ ဘာဝဘေးကြောင့် ဘေးသင့်ခဲ့ သည့် အိမ်ထောင်စု ၁,၁၆၄ စု ရှိကြောင်း မန္တလေးတိုင်း ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးနေမျိုးထွန်းက ပြောသည်။

သပိတ်ကျင်း၊ မြင်းခြံ၊ မတ္တ ရာ၊ စဥ့်ကူး၊ ငါန်းဇွန်၊ တောင်သာ၊ မြစ်သား၊ နွားထိုးကြီး၊ ၀မ်းတွင်း၊ ရမည်းသင်း၊ မလှိုင်၊ ပျော်ဘွယ်၊ ပြင်ဦးလွင်စသည့် မြို့နယ်များ၌ ဖြစ်ပွားပြီး ရမည်းသင်းမြို့နယ် သည် တစ်လအတွင်း လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‘‘မနှစ်က ဒီလိုလထဲဆို လေ ပြင်းတိုက်ခတ်လို့ပျက်စီးခဲ့တာက တော်တော်များတယ်။ ဒီနှစ်က ပြောသလောက်မဖြစ်ပါဘူး။ ဒါ ပေမဲ့ တစ်ခါတလေဆို လေတိုက် တာက တစ်ရက်တည်းနဲ့ နေရာစုံ အောင်ဖြစ်တယ်။ အဲဒီတော့ ထောက်ပံ့ရတာ နယ်အစုံဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ အဲဒီ အတွက် ပရဟိတအသင်းတွေနဲ့ လည်း ပေါင်းစပ်ပြီးဆောင်ရွက်ဖို့ လုပ်နေတယ်။ လက်ရှိမှာ ဌာန အနေနဲ့က ဘေးသင့်တယ်ဆိုရင် ထွေအုပ်ရုံးက စာရင်းကောက် တယ်။ သူတို့ဆီက စာရင်းရတာနဲ့ ချက်ချင်းထောက်ပံ့ပေးပါတယ်’’ ဟု ဦးနေမျိုးထွန်းက ပြောသည်။

လေပြင်း တိုက်ခတ်မှု ကြောင့် အိမ်ထောင်စု ၁,၁၆၄ စုမှ လူဦးရေ ၄,၈၀၀ ခန့်ဘေးသင့်ခဲ့ ကြောင်း၊ ဌာနအနေဖြင့် ရိက္ခာ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ငွေများပေးအပ်ခဲ့ရာ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၃၀၀ ကျော် ရှိကြောင်း သိရသည်။

ထို့အပြင် မတ္တရာမြို့နယ်၌ လေပြင်းကြောင့် လူသုံးဦးသေဆုံး ကာ ပုသိမ်ကြီးမြို့နယ်၌ လူတစ် ဦးမိုးကြိုးပစ်ခံရ၍ သေဆုံး ကြောင်း အဆိုပါဌာနမှ သတင်းရ ရှိသည်။

ဧပြီတွင် လေပြင်းတိုက်ခတ် မှုသည် မတ္တရာနှင့် စဥ့်ကူးမြို့နယ် တို့၌ နှစ်ကြိမ်သာဖြစ်ပွားပြီး ဘေး သင့်အိမ်ထောင်စု ခြောက်စုမှ လူ ဦးရေ ၁၉ ဦးရှိခဲ့သည်။

7Day News

No comments:

Post a Comment