Latest News

Sunday, June 25, 2017

အကယ်ဒမီခိုင်သင်းကြည် အရွယ်တင်နုပျိုနေရတဲ့ အကြောင်းအရင်း

အကယ်ဒမီခိုင်သင်းကြည် အရွယ်တင်နုပျိုနေရတဲ့ အကြောင်းအရင်း

အခုချိန်ထိ အရွယ်တင် နုပျိုလှပနေတုန်းဆိုပြီး ပရိသတ်တွေ မှတ်ချတ်ပြုထားတာ ပြည်သူ့အချစ်တော် အကယ်ဒမီ ခိုင်သင်းကြည်ပါ။ သူဟာ အခုအရွယ်ထိ ကာရိုတ်တာ မျိုးစုံ ရိုက်ပြီး တော့ ဟာသဇာတ်ကားတွေနဲ့ လည်း ပရိသတ်ကို ဝါးလုံးကွဲရယ်အောင် လုပ်နိုင်သူပါ။ အခုအချိန်ထိ အရွယ်တင်နုပျိုနေတာ နဲ့ ပတ်သတ်ပြီးတော့ ခိုင်သင်းကြည်က Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ် ။

“အရွယ်တင်နုပျိုနေအောင် ဘာမှလည်း မလုပ်ပါဘူး ဘာဆေးမှလည်း မသောက်ပါဘူး။ မခိုင်လေးရဲ့ ပရိသတ်က ကိုယ့်ကို ချစ်တဲ့ မျတ်စိနဲ့ ကြည့်လို့သာ အရွယ်တင်နေတယ်လို့ ထင်တာလေ ကိုယ်တိုင်လည်း ကိုယ့်အသက်အရွယ်လေး နဲ့ ကိုယ်ရနေပါပြီ။ တခုရှိတာက အစ်မက အရမ်းအရယ်သန်တယ် ပျော်ပျော်နေတက်တယ် စိတ်ညစ်စရာတွေ ခေါင်းထဲ ကြာကြာ မထည့်ဘူး စိတ်ရူပ်လည်း မခံနိုင်ဘူးလေ။

ရူတင်မှာဆိုရင် ရယ်မောစနောက်နေတက်တယ် အဲ့ဒိလို စိတ်ကိုအရူပ်အထွေး အဖြစ်မခံတာလဲ ပါမှာပေါ့နော်။ ပြီးတော့ အစ်မက နဂို စပေါ်ကတည်းက အရမ်းကြီးလှတဲ့ မင်းသမီးထဲမှာ မပါတော့လည်း အရွယ်ကျတာ သိပ်ပြီးလူမသိဘူးပေါ့နော်။ ပြောချင်တာက အရမ်းကြီးလှကြတဲ့ အခါကျတော့ ပရိသတ်တွေအမြင်မှာ ပြောင်းလဲတာ သိသာနိုင်တယ်လေ အစ်မတို့ကျတော့ သာမာန် ရွက်ကြမ်းရေကျို ရုပ်ဆိုတော့လည်း ပြောင်းလဲသွားတာာ ပရိသတ် အမြင်မှာ မသိသာတာနေပါလိမ့်မယ်။

အဓိက က ပရိသတ် တွေ ချစ်တဲ့ မျတ်စိနဲ့ ကြည့်ကြလို့ပါ” လို့ပြောပါတယ်။ ခိုင်သင်းကြည်ဟာ လက်ရှိမှာ ဟာသ ဇာတ်ကားတွေ ချည်းပဲ အရိုက်များနေပြီးတော့ မကြာခင်မှာလည်း ကျော်ထက်အောင် ၊ ရန်အောင် ၊ ရဲအောင်၊ မင်းဦး ၊ စိုးမြတ်သူဇာ ၊ထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ ပါဝင်သရုပ်ဆောာင်ထား တဲ့ ” သူငယ်” အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကြီးလည်းရုံတင်ဖို့ရှိတယ်လို့သိရပါတယ်။

Credit- Baby ThanOo (Myanmar Celebrities )

No comments:

Post a Comment