Latest News

Tuesday, June 6, 2017

နောက်ဆုံးအရက်ခွက်မှာယူပြီး ဟိုတယ် ၇ ထပ်အမြင့်မှ ခုန်ချသတ် သေသည့် အမျိုးသား

နောက်ဆုံးအရက်ခွက်မှာယူပြီး ဟိုတယ် ၇ ထပ်အမြင့်မှ ခုန်ချသတ်
သေသည့် အမျိုးသား


ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဟာ ဟိုတယ် ၇ ထပ်အမြင့် စားသောက်ဆိုင်ထဲမှာ နောက်ဆုံးအရက်တခွက် အော်ဒါမှာယူခဲ့ပြီးနောက်မှာ ဝရန်တာကနေ ခုန်ချပြီး သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇွန်လ ၅ ရက် ညပိုင်းက ဘန်ကောက်မြို့၊ ဝက်စ်တင်ဂရန်းဒ် ဆူခွန်ဗစ်ဟိုတယ်ရဲ့ ဘားအတွင်းမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ အသက် ၆၇ နှစ်အရွယ် အန်ဒရူး ဖရန့်ခ် ဘရောင်းနင်းဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကာ အရက်ခွက်ကို အော်ဒါမှာခဲ့ပြီးနောက် ဝရန်တာအနီး ထိုင်ခုံကိုရွှေ့ပြီး ခုန်ချသတ်သေခဲ့တာပါ။

အပေါ်မှ ပြုတ်ကျတဲ့အရှိန်ကြောင့် ဇက်ကျိုးကာ နံရိုးတွေလည်း ကျိုးကျေသွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ကျန်ရစ်တဲ့ သူ့ရဲ့ကလေးတွေဆီ ရည်ရွယ်ရေးသားထားတဲ့ နှုတ်ဆက်စာတစောင်ကို ရဲတွေက တွေ့ရှိခဲ့ကြတာပါ။

စာထဲမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခုလို သေကြောင်းကြံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားခဲ့ကြောင်း လမ်ပိနိခရိုင် ရဲတွေက ပြောပါတယ်။

မျက်မြင်သက်သေတွေကတော့ ဘရောင်းနင်းဟာ ခုန်ချသတ်သေမှုမလုပ်ခင် ဆိုင်အတွင်း ပုံမှန်အနေအထားနဲ့ အရက်သောက်နေခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အလောင်းကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ချူလာလောင်ကွန်ဆေးရုံဆီ ပို့ဆောင်ထားခဲ့ပြီး ထိုင်းအခြေစိုက် ဗြိတိန်သံရုံးကိုလည်း အကြောင်းကြားထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

No comments:

Post a Comment