Latest News

Tuesday, June 6, 2017

ကာတာနိုင်ငံကို အာရပ် ငါးနိုင်ငံက အဆက်အသွယ်ဖြတ်

ကာတာနိုင်ငံကို အာရပ်  ငါးနိုင်ငံက အဆက်အသွယ်ဖြတ်

မြန်မာနိုင်ငံသား နှစ်သောင်းလောက် အလုပ်လုပ်နေကြတဲ့   ကာတာနိုင်ငံကို ဆော်ဒီ၊ အီဂျစ်၊ ယီမင်၊ ဘာရိန်း စတဲ့ အာရပ် နိုင်ငံ ငါးနိုင်ငံက ဒီနေ့က စပြီး အဆက်အသွယ်တွေ ဖြတ်တောက်လိုက်ပါတယ်။

အီဂျစ်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့က   ကာတာ လေကြောင်းလိုင်းက လေယာဉ်တွေကို  ဝင်ထွက်ခွင့်မပေးတော့ဘူးလို့ ဆိုတဲ့အတွက်  လေကြောင်းခရီးစဉ်တွေ ကမောက်ကမ ဖြစ်ကုန်ရတဲ့အပြင် စားသောက်ကုန်တွေ အများံဆုံး ဝယ်ယူတင်သွင်းရတဲ့ ဆော်ဒီအာရေဗျ နိုင်ငံက အဆက်ဖြတ်လိုက်တဲ့အတွက် ကာတာနိုင်ငံမှာ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်နေတဲ့ IslamicState IS အဖွဲ့တွေကို ငွေကြေးပစ္စည်းထောက်ပံ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုကြပါတယ်။

RFA

No comments:

Post a Comment