Latest News

Wednesday, June 28, 2017

တတိယတန်းကျောင်းသူ ၁ ဦး ၆ ဘီးကားကြိတ်မိ၍ ပွဲချင်းပြီးသေဆုံး

တတိယတန်းကျောင်းသူ ၁ ဦး ၆ ဘီးကားကြိတ်မိ၍ ပွဲချင်းပြီးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှာ ဇွန်လ ၂၇ ရက်နေ့ မနက်က ၈ နှစ်အရွယ် တတိယတန်းကျောင်းသူတဦး ကျောင်းသွားရာမှ ၆ ဘီးကားကြိတ်မိပြီး သေဆုံးသွားခဲ့တယ်လို့ ဆားလင်းကြီးမြို့မရဲစခန်းက ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူဟာ ရင်ပေါင်တိုင်ကျေးရွာ မူလတန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ မပွင့်ဖြိုးလင်း ဖြစ်ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ထိုနေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တဦးက “ကားမောင်းတဲ့ တရားခံကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ အမှုကတော့ ဖွင့်ထားပြီးပြီ။ အမှုစစ်ကနေ ဆက်လက်စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

ယာဉ်မောင်းသူမှာ ကိုမင်းမောင်ဆိုသူဖြစ်ပြီး ဒန့်အမျိုးစား ၆ ဘီးယာဉ်ကို မောင်းနှင်လာတာ ဖြစ်ပါတယ်။

အခုလို လူသေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ယာဉ်မောင်းနှင်သူကို ဆားလင်းကြီးမြို့မရဲစခန်းမှ ပုဒ်မ ၃၀၄ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း – ရန်နိုင်စိုး

DVB

No comments:

Post a Comment