Latest News

Wednesday, June 7, 2017

ရန်ကုန်ကို ပြန်မလာလိုသော အိမ်အကူမိန်းကလေး

ရန်ကုန်ကို ပြန်မလာလိုသော အိမ်အကူမိန်းကလေး

မခိုင်နှင်းဝေတစ် ယောက် ‘မီးမလာပါစေနဲ့’ဟု ဆုတောင်းနေရသည်။ ယုဇနဥယျာဉ် မြို့တော်ကြီးတွင် မီးခဏခဏ ပြတ်နေခြင်းကို ဝမ်းသာနေသည်။

‘‘မီးလာတာနဲ့ မီးပူနဲ့ ကပ် တော့မှာ။ ပါးစပ်ကိုလည်း မီးပူနဲ့ ကပ်ပြီး ထမင်းစားရင် မြန်မြန်စား ခိုင်းတယ်။ နာလွန်းလို့ မစားနိုင် ဘူး။ ညဘက်အိပ်ရင် ပါးစပ်က နာလွန်းလို့ ဖိပြီးအိပ်ရတယ်’’ဟု အသက် ၁၃ နှစ်အရွယ် မခိုင်နှင်း ဝေက 7Day Daily သတင်းစာ အားပြောသည်။ သူမ၏ နှုတ်ခမ်း တွင် မီးပူဖြင့်အကပ်ခံရသဖြင့် ရရှိထားသော ဒဏ်ရာများရှိသည်။

မခိုင်နှင်းဝေသည် အိမ်အကူ အလုပ်လုပ်ကိုင်စဉ် အိမ်ရှင်များ နှိပ်စက်မှုကြောင့် ဇွန်လ ၄ ရက်က စ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။ သူမ ကို သင်္ဃန်းကျွန်းစံပြဆေးရုံ ခွဲစိတ်ဆောင် (တိုးချဲ့)တွင် ကုသပေးနေရာတွင် အခင်းဖြစ်ပွားရာ ရပ်ကွက်နေ အမျိုးသမီးကြီးတစ်ဦး က ဝေယျာဝစ္စများ ဆောင်ရွက်ပေးကာ စောင့်ရှောက်ပေးနေသည်ကို တွေ့ရသည်။

၎င်း၏ ရင်ဘတ်၊ ကျောကုန်း၊လက်မောင်းနှစ်ဖက်၊ ပေါင်နှစ် ဖက်၊ ဦးခေါင်း၊ ခြေထောက်နှစ် ဖက်စလုံး၊ ဆီးစပ်၊ ဝမ်းဗိုက်တို့တွင် မီးပူဖြင့် ကပ်ခံရသည်ဆို သော ဒဏ်ရာများ တွေ့ခဲ့ရသည်။ မီးပူဖြင့် ကပ်ခြင်း၊ ရေနွေးဖြင့်ပက် ခြင်း၊ မျက်နှာကို ကုတ်ဖဲ့ခြင်းတို့ ကို အိမ်ရှင်လင်မယားနှစ်ဦးအ နက် မိန်းမဖြစ်သူက ပြုလုပ်သည် ဟု ပြောသည်။ ပေါင်မှ မီးပူဖြင့် အကပ်ခံရသော ဒဏ်ရာကိုပြကာ ယင်းအပေါ်သို့ အလုပ်ရှင် အမျိုးသမီးက ဖယောင်းစက်ချကာ နှိပ် စက်ကြောင်း ၎င်းကပြောသည်။

တစ်ကြိမ်တွင်မူ လျှပ်စစ်ရေ နွေးအိုးဆူပွက်သည့်အချိန်တွင် ခလုတ်မပိတ်တတ်၍ ရေနွေးဖြင့် အပက်ခံရကြောင်း ပြန်ပြောပြ သည်။ ‘‘ရန်ကုန်မြို့ကြီးက ပစ္စည်း တွေ ဘယ်လိုကိုင်တတ်မှာလဲ။ သိ မှမသိတာ၊ သမီးက တောသားဆို တော့’’ဟု သူက တိုးတိုးလျလျ ပြောသည်။

မခိုင်နှင်းဝေသည် ဧရာဝတီ တိုင်း သာပေါင်းမြို့နယ်မှ အိမ်အ ကူအလုပ် လာရောက်လုပ်ကိုင်သူ ဖြစ်ပြီး တစ်လပြည့်ခါနီးပြီဟု သိရကြောင်း ရပ်မိရပ်ဖ ဦးတင်ထွဋ်က ပြောသည်။ မခိုင်နှင်းဝေ အိမ်အ ကူလုပ်သည့် တစ်လလုံးတွင် မွန်းလွဲ ၃ နာရီရောက်တိုင်းထမင်းတစ် နပ်သာစားရပြီး နံနက် ၅ နာရီခွဲ၌အိပ်ရာထရကာ ည ၁၂ နာရီမှ အိပ်ခွင့်ရသည်ဟု သူကပြောသည်။ အိမ်အကူလစာအတွက် တစ်လ လေးသောင်းကျပ်ဖြစ်သည်။ အတန်းကျောင်း လေးတန်းအထိ တက်ဖူးပြီး စာကောင်းကောင်း ဖတ်တတ်ကြောင်း ပြောကာ သတင်းများကိုဖတ်ပြသည်။ ဒဏ်ရာများက နာသေးလားဟုမေးရာ ‘ချွေးထွက်ရင် စပ်တာကလွဲလို့ မ နာတော့ဘူး’’ဟု ပြောလေသည်။

နှိပ်စက်သူများသည် အဆိုပါတိုက်ခန်းတွင် အိမ်ငှားနေထိုင် သည်မှာ ၂ နှစ်ကြာပြီဖြစ်ပြီး ဧည့် စာရင်းတိုင်ကြားခြင်း မရှိသော ကြောင့် ယခင်က အိမ်အကူများ ရှိ၊ မရှိနှင့် နှိပ်စက်ခံရခြင်း ရှိ၊ မရှိ မသိရကြောင်း ဦးတင်ထွဋ်က ပြောသည်။

(၉၄)ရပ်ကွက် ရာအိမ်မှူး ဦးမျိုးတင့်နိုင်က ရပ်ကွက်အတွင်း အော်သံများကြားရကြောင်း လာ ရောက်တိုင်တန်းမှုများရှိသဖြင့် ဇွန်လ ၄ ရက်၌ သွားရောက်စစ် ဆေးရာမှ မိန်းကလေးကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဦးမျိုးတင့်နိုင် က ဆိုသည်။

ရပ်ကွက်နေပြည်သူများ၏ တိုင်ကြားမှုကြောင့် အဆိုပါတိုက် ခန်းသို့ သွားရောက်စစ်ဆေးစဉ် သော့ပိတ်ထား၍ အခန်းအတွင်း သို့ အသံပေးရာ ပြန်ထူးသံကြားရ သဖြင့် ဘေးတိုက်ခန်း ငါးလွှာမှနေ ၍ မိန်းကလေး၏ ဒဏ်ရာများကို ဓာတ်ပုံရိုက်ယူခြင်း၊ မေးမြန်းခြင်း များပြုလုပ်ကာ အိမ်ရှင်များ ပြန် လာချိန်တွင် ရဲနှင့်ပူးပေါင်းဖမ်း ဆီးခဲ့သည်ဟု ဦးမျိုးတင့်နိုင်က ပြောသည်။

အိမ်ရှင်လင်မယားဖြစ်သော ကိုထွန်းထွန်းနှင့် မမြတ်နိုးသူတို့ သည် အသက် (၃၀) ကျော်အရွယ် များဖြစ်သည်။ ၎င်းတို့ကို ရာဇ သတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၁၁၄ ဖြင့် အရေးယူထားပြီး ကလေးသူ ငယ်ဥပဒေပုဒ်မဖြင့် အရေးယူနိုင် ရေး၊ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ငြိစွန်းမှု ရှိ၊ မရှိ စစ်ဆေး နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ သည် အပြင်းအထန်နာကျင် စေမှုဖြစ်ပြီး အများဆုံး ထောင် ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင် သကဲ့သို့ ငွေဒဏ်လည်း ချမှတ်နိုင် သည်။ ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေ တတ်သော လက်နက်နှင့် မီးဖြင့် အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ၁၄၄ မှာ ကိုယ်တိုင်မကျူးလွန် သော်လည်း အားပေးကူညီမှုဖြစ် ခြင်းကြောင့် ကျူးလွန်သူကဲ့သို့ ပြစ်ဒဏ်ပေးရသည်ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောသည်။

ယခုအခါ မခိုင်နှင်းဝေ၏ ဒဏ်ရာများ သက်သာနေပြီဖြစ် ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစား မှုအဖြစ် ရွာသာကြီးရှိ စိတ်ရောဂါ အထူးကုဆရာဝန်ထံတွင် ဇွန်လ ၇ ရက်ကစ၍ သွားရောက်ပြသ ပေးနေကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံအုပ် ဦးအောင်ဆန်း မင်းက ပြောသည်။

မခိုင်နှင်းဝေတွင် မိဘများ မရှိတော့သဖြင့် ဧရာဝတိုင်း သာ ပေါင်းမြို့နယ်ရှိ အဘိုးအဘွားများ ထံ သွားရောက်သတင်းပေးသော် လည်း ထိုအဘိုးအဘွားများကို မတွေ့ရဘဲ လူအချို့က မြေးလေးနေမကောင်းသဖြင့် လိုက်ခဲ့ပါဟု ဆိုကာ ခေါ်သွားသည်ဟု လူမှု ဝန်ထမ်းက သတင်းပေးကြောင်း အိမ်အကူမိန်းကလေးအား ကူညီ ပေးနေသော ဦးမျိုးတင့်နိုင်က ဆက်လက်ပြောကြားသည်။

မိဘအုပ်ထိန်းသူမရှိပါက လူမှုဝန်ထမ်းဦးစီးက ခေါ်ယူစောင့် ရှောက်မည်ဟုသိရပြီး မခိုင်နှင်းဝေကမူ အိမ်ကိုပြန်ချင်ကြောင်း ပြောသည်။ ‘‘ရန်ကုန်ကို ပြန်မ လာတော့ဘူး’’ဟု ၎င်းက ပြော သည်။

 
7Day News

No comments:

Post a Comment