Latest News

Wednesday, June 28, 2017

ပညာရေးကောလိပ်တွေမှာ စာသင်နှစ်ထပ်တိုးသတ်မှတ်ဖို့  အခုနှစ်မှာ စတင်ပြင်ဆင်

ပညာရေးကောလိပ်တွေမှာ စာသင်နှစ်ထပ်တိုးသတ်မှတ်ဖို့  အခုနှစ်မှာ စတင်ပြင်ဆင်

လက်ရှိမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပညာရေးကောလိပ် ၂၅ ခု ဖွင့်လှစ်ထားပါတယ်။

ရန်ကုန်၊ ဇွန် ၂၅ – ပညာရေးကောလိပ်တွေကို ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်မှုအတွက် အခု ၂၀၁၇ ခုနှစ်မှာစတင်ပြင်ဆင်မယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကသိရပါတယ်။  ခွင့်ပြုချက်ရမှ သိရမယ်၊ ကျွန်တော်တို့ဘက် ကတော့ ဖြစ်နိုင်ခြေရှိတာ အားလုံးတင်ပြထားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန် ကြားရးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။


လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်မှုအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲတာ၊ Text book တွေပြုစုတာ၊ သင်ရိုး ညွှန်းတမ်းနဲ့ပတ်သက်ပြီး လေ့ကျင့်သင်တန်းပေးတာတွေကို ယခု ၂၀၁၇ ခုနှစ်၊ ဇွန်လထဲမှာ စတင်အကောင်အထည်ဖော်ဆောင် ရွက်နေပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သင်ရိုးညွှန်းတမ်း(မူကြမ်း) ရရှိလာအောင်ဆောင်ရွက်မှာဖြစ်ပါတယ်။

ပညာရေးကောလိပ်တွေကို (A) အဆင့်နဲ့ (B) အဆင့်ခွဲခြားသတ် မှတ်ပြီး အေအဆင့်မှာပါဝင်တဲ့ ကျောင်း ၁၄ ကျောင်းနဲ့ ဘီအဆင့် မှာဆိုရင် ကျောင်း ၁၁ ကျောင်းသတ်မှတ်လျာထားတယ်လို့ သိရပါတယ်။

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာ (A) အဆင့်ကျောင်းတွေဖြစ်တဲ့ ရန်ကင်းပညာရေးကောလိပ်၊ တောင်ငူ၊ မန္တလေး၊ လားရှိုးစတဲ့ ပညာရေးကောလိပ်လေးခုမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်မှာ အေအဆင့် ကျောင်းတွေထဲက ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ မုံရွာစတဲ့ ကျောင်းလေးခုကို စတင် မှာဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်မှာတော့ လှည်းကူး၊ ဘားအံ၊ တောင်ကြီး၊ ပခုက္ကူ စတဲ့ပညာရေးကောလိပ်တွေကို စတင် မှာဖြစ်ပါတယ်။


၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်မှာတော့ အေအဆင့်ကျောင်းနှစ် ကျောင်းနဲ့ကျန်ရှိနေတဲ့ဘီအဆင့်ကျောင်း ၁၁ ကျောင်းကိုတစ်ပြိုင် တည်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့လျာထားတယ်လို့ သိရပါတယ်။
လက်ရှိဖွင့်လှစ်သင်ကြားနေတဲ့ ပညာရေးကောလိပ်တွေရဲ့စာသင် နှစ်ကို နှစ်နှစ်ကနေလေးနှစ်ကို ပြောင်းလဲသတ်မှတ်မှာဖြစ်ပြီး ကောလိပ်အဆင့်ကနေ ဒီဂရီကောလိပ်အဆင့်ကို ပြောင်းလဲသတ် မှတ်မှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပညာရေး ကောလိပ် ၂၅ ခုဖွင့်လှစ်ထားပြီး ပညာသင်နှစ် နှစ်နှစ်ပြီးဆုံးပါက လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာဒီပလိုမာ (DTED) အောင်လက်မှတ်ကိုပေးအပ်တာ ဖြစ်တယ်လို့သိရပါတယ်။

လာမယ့် ၂၀၁၈ ပညာသင်နှစ်မှသာလေးနှစ်သင်ပညာရေးကို ပြောင်းလဲကျင့်သုံးနိုင်မှာဖြစ်ပြီး အခုအစိုးရသစ်လက်ထက်အတွင်း  ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လျာထားတယ်လို့ သိရပါတယ်။
အခုအစိုးရလက်ထက် ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ၁၂ တန်းပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ဆောင်  ရွက်ခဲ့တာဖြစ်ပါတယ်။

၁၂ တန်းပညာရေးစနစ်ကို အကောင်အထည်ဖော်တာနဲ့အမျှဆက် စပ်မှုရှိနေတဲ့ ပညာရေးနယ်ပယ်တွေရဲ့စနစ်ကိုပါတဖြည်းဖြည်းပြောင်း လဲသွားမှာဖြစ်ပြီး ၁၂ တန်းပညာရေးစနစ်နဲ့ကိုက်ညီမှုရှိတဲ့အဆင့်မြင့် ပညာကဏ္ဍကို ပြောင်းလဲဖော်ဆောင်မယ်လို့သိရပါတယ်။

လက်ရှိပညာရေးကောလိပ်တွေမှာ နှစ်နှစ်သင်လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်းတွေနဲ့ တစ်နှစ်ကိုဘွဲ့ရဆရာ ဆရာမ ၅၅၀ဝ ခန့်မွေးထုတ်ပေးနေပါတယ်။

မေသော်တာမောင်/Kumudra


No comments:

Post a Comment