Latest News

Wednesday, June 28, 2017

ကျွမ်းကျင်အကျိုးဆောင်ပါမှသာ အိမ်ခြံမြေ ရောင်းမှားဝယ်မှား ရှောင်နိုင်မည်

ကျွမ်းကျင်အကျိုးဆောင်ပါမှသာ အိမ်ခြံမြေ ရောင်းမှားဝယ်မှား ရှောင်နိုင်မည်

အကျိုးဆောင်တွေကပိုင်ဆိုင်မှုအထောက်အထားဖြစ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ၊ မှန်ကန်မှုရှိမရှိကို စစ်ဆေးပေးတဲ့ အတွက်စိတ်ချရပါတယ်။

ရန်ကုန်၊ ဇွန် ၂၄ – အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်တဲ့အခါ တချို့ဝယ်မယ့်၊ ရောင်းမယ့်သူတွေ၊ ငှားမယ့်သူတွေအနေနဲ့အိမ် ခြံမြေအကျိုးဆောင်တွေရဲ့ အကူအညီတွေမလိုအပ်ဘူးလို့ထင်နေကြပေမဲ့ နားလည်တတ်ကျွမ်းတဲ့ အကျိုးဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် ရောင်းဝယ်တဲ့အခါ အမှားအယွင်းဖြစ်မယ့်ကိစ္စရပ်တွေ ကိုရှောင်ရှားနိုင်မယ့်အပြင် တခြားအကျိုးကျေးဇူးတွေလည်းရနိုင်တယ် လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
အိမ်ခြံမြေတွေကိုရောင်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ချင်တာပဲဖြစ်ဖြစ် တချို့ က အကျိုးဆောင်တွေမလိုအပ်ဘူးလို့ ကြော်ငြာတာတွေလည်းရှိပါ တယ်။ အကျိုးဆောင်ခမပေးလိုတာက အဓိကဦးစားပေးအကြောင်း အရာဖြစ်သလို အကျိုးဆောင်တွေနဲ့ နွယ်ပြီးပြောဆိုဆက်ဆံရမယ့် အကြောင်းအရာတွေရှိလာမှာမျိုးကို မလိုလားတာတွေလည်းရှိပါတယ်။

အိမ်ငှားနေထိုင်သူတစ်ဦးက တိုက်ခန်းငှားတဲ့အခါ ပွဲစားတွေက ခြောက်လစာချုပ်နဲ့ချုပ်ပြီးရင် ခြောက်လပြည့်ပြီးတာနဲ့ ပွဲစားခ ထပ်တောင်းတယ်၊ အိမ်ငှားခတွေလဲဈေးများ၊ ပွဲစားခလဲထပ်ပေးရတော့ ငှားနေတဲ့သူတွေ အခက် တွေ့တယ်လို့ ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အခါ အကျိုးဆောင်တွေကအကူ အညီယူရင် အထူးသဖြင့်ပိုင်ဆိုင်မှုအထောက်အထားဖြစ်တဲ့ စာရွက် စာတမ်းတွေ ပြည့်စုံမှုရှိမရှိ၊ မှန်ကန်မှုရှိမရှိကိုစစ်ဆေးပေးတဲ့အတွက် စိတ်ချရပါတယ်။ ဒါ့အပြင်မြေယာအရောင်းအဝယ်လုပ်လို့ရတဲ့ မြေဟုတ်မဟုတ် အမွေဆိုင်ဆိုရင်လည်း တရားဝင်လုပ်ဆောင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို တရားဝင်အောင်လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုခိုင်မာအောင်၊ တရားဝင်အောင်၊ လုပ်ဆောင်ရတဲ့အပိုင်းတွေက အိမ်ခြံမြေအရောင်းအဝယ်အတွက် အရေးအကြီးဆုံးဖြစ်ပြီး အခန့်မသင့်တဲ့အခါမျိုးမှာတန်ဖိုးကြီးတဲ့ အိမ်ခြံမြေတွေမှာတောင်စာရွက်စာတမ်းအတုတွေထွက်တာ၊ အရှုပ်အရှင်း အငြင်းပွားရတာတွေကြုံကြရလေ့ရှိပါတယ်။


အိမ်ခြံမြေအကျိုးဆောင်ကိုသူရိန်က အိမ်ခြံမြေအရောင်းအဝယ်လုပ် တဲ့အခါ အကျိုးဆောင်တွေမလိုဘူးလို့ ပြောကြတယ်၊ အဲဒီအကျိုး ဆောင်တွေကမှအလုပ်လုပ်တဲ့အခါပေါက်ဈေးတန်းကိုလဲ သိနိုင်မယ်၊ ဝယ်ယူမယ့် အိမ်ခြံမြေရဲ့ရှေ့အလားအလာကိုလဲ မှန်းဆနိုင်တာ ကြောင့်ဆိုထားတဲ့ ဈေးနှုန်းကိုလိုက်ပေးသင့်မသင့်တာအတွက် ဆုံးဖြတ်နိုင်စွမ်းရှိလိမ့်မယ်လို့ ပြောပါတယ်။

တချို့က အကျိုးဆောင်တွေအားမကိုးချင်ပေမဲ့ တချို့ရောင်းချင်တဲ့ သူတွေကတော့ ကိုယ်လိုချင်တဲ့ဈေးရရင်ပြီးရောဈေးတင်ရောင်းစေပြီး ပွဲညွန့်ပေးစားတာမျိုးလည်းရှိပါတယ်။ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ပတ်သက်ရင် သည်လိုကွဲလွဲတဲ့သဘောထားအမျိုးမျိုးရှိနိုင်ပေမဲ့တ ကယ်လက်တွေ့မှာ ဆိုးကျိုးထက်ကောင်းကျိုးက ပိုများနေတာကြောင့် ယုံကြည်ရတဲ့ အကျိုးဆောင် ကိုယ့်ဘက်မှာရှိနေဖို့သာလိုအပ်ပါတယ်။

မေသက်/Kumudra


No comments:

Post a Comment