Latest News

Thursday, June 1, 2017

သာသနာရေးဝန်ကြီးကို ဦးဆောင်ကန့်ကွက်ရှုတ်ချသူ ၂ ဦးကိုအမှုဖွင့်

သာသနာရေးဝန်ကြီးကို ဦးဆောင်ကန့်ကွက်ရှုတ်ချသူ ၂ ဦးကိုအမှုဖွင့်

မေလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ နေပြည်တော်ကောင်စီအစည်းအဝေးမှာ သာသနာရေးဝန်ကြီးကို ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ ရွှေနံသာရပ်ကွက်မှာ မေလ ၂၀ရက်နေ့က မျိုးချစ်ဆရာတော်တွေနဲ့ လူအင်အား ၂၀၀၀ ခန့်က ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြတာပါ။

အဲဒီပွဲမှာ မကြွေးကြော်ဖို့ ကြိုတင်ညှိနှိုင်းသဘောတူထားတဲ့ စာသားတွေ ကြွေးကြော်ခဲ့တဲ့အတွက် အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

``အမှုဖွင့်​တာက​တော့ မ​နေ့က ည​နေမှာ ရဲမှူး​အောင်​သန်းကိုယ်​တိုင်​ တရားလိုလုပ်​ပြီးဖွင့်​တာ။ ပ ၁၂၄/ ၂၀၁၇ ငြိမ်းစုစီးပုဒ်​မ ၂၀ နဲ့ဖွင့်​တာဖြစ်​တယ်​။ အခု​တော့ရဲမှုးနဲ အမှုစစ်​ ရဲအုပ်​သန်း​ရွှေတို့ အမှုဖွင့်​ခံရသူ​တွေကို ဖမ်းဆီးဖို့ ရန်​ကုန်​ကိုသွား​နေတယ်​။ ငြိမ်းစုစီးဥပ​ဒေအရ အမှုဖွင့်​ခံရသူ​တွေအ​နေနဲ့ အာမခံယူခွင့်​ရှိ​ပေမယ့်​ ​နေပြည်​​တော်​​ကောင်​စီရဲ့ ညွှန်​ကြားချက်​နဲ့ အမှုဖွင့်​တာဖြစ်​တဲ့အတွက်​ အထက်​ညွှန်​ကြားချက်​အ​ပေါ်မှာ မူတည်​တယ်​´´လို့ ဥတ္တရသီရိမြို့နယ်​ ရဲတပ်​ဖွဲ့မှူးရုံး တာဝန်​ခံ ရဲအုပ်​​သန်း​ဇော်​က DVB သတင်းဌာနရဲ့ သွား​ရောက်​​မေးမြန်းမှုကို ​ပြန်​လည်​​ဖြေဆိုခဲ့ပါတယ်​။

ဦးဆောင်သူ ဦးကျော်မျိုးသက် အပါအ၀င် ၂ ဦးကို ပ/၁၂၄/၂၀၁၇ ပုဒ်မ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စည်းတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တောင်ညိုမြို့မရဲစခန်းမှာ မေလ ၃၁ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သတင်း - အောင်ကိုကိုလတ် ၊ အောင်ဆန်းဦး


DVB TV News

No comments:

Post a Comment