Latest News

Tuesday, June 6, 2017

ရန်ကုန်မြို့ရေကြီးရေလျံမှုများသည် အစိုးရအဖွဲ့တွက် တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ဆို

ရန်ကုန်မြို့ရေကြီးရေလျံမှုများသည် အစိုးရအဖွဲ့တွက် တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ဆို

လွန်ခဲ့သည့် ဇွန်၎ရက်နေ့တွင် ရန်ကုန်မြို့ လူစည်ကားရာအရပ်များဖြစ်သည့် လှည်းတန်း၊ မြေနီကုန်း၊ တာမွေနှင့် ကျောက်တံတားမြို့နယ်တွေမှာ ရေကြီးရေလျံမှုများ   ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည် ပြည်သူတွေ၏ အခွန်အခများ ကောက်ခံနေသည့် အစိုးရအဖွဲ့မှတာဝန်ရှိကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။

"'ဒါကတော့ သာမာန်အားဖြင့်ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ပေါ့ အင်စတီကျူးရှင်းသုံးခုရှိတာပေါ့နော် သုံးခုမှာ လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်ပေါ့။ ဒါကတော့ အုပ်ချုပ်ရေးလို့ခေါ်တဲ့ အစိုးရအဖွဲ့မှာ တာဝန်ရှိတာပေါ့"ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က မဇ္ဈိမကို ပြောသည်။

အစိုးရအဖွဲ့မှာတာဝန်ရှိသော်လည်း လွှတ်တော်ဘက်မှဥပဒေနှင့်အညီ ဆောင်ရွက်နိုင်အောင်လုပ်ပေးသင့်ပြီး ပြည်သူတွေအနေဖြင့်လည်း စည်းစနစ်တကျ အမှိုက်ပစ်ရန် လိုအပ်ကြောင်း သူကဆက်ပြောသည်။

ပျက်စီးဆုံးရှုံးမှုများကို မည်သို့ဆောင်ရွက်ပေးသင့်သနည်းဟု မဇ္ဈိမသတင်းဌာနမှ မေးမြန်းရာတွင် "တကယ်တော့ တာဝန်ရှိတာက စည်ပင်ကတာဝန်ရှိတယ် အဲ့အပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှုကကျတော့ နိုင်ငံမှာဥပဒေရှိပေမယ့် အဲ့ဥပဒေအတိုင်း ဆောင်ရွက်နိုင်တဲ့ဘဏ္ဍာမရှိတာလည်း အားနည်းချက်တစ်ခုပါပဲ"ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။

ယခုကဲ့သို့ ရေလွှမ်းမိုးမှုမျိုး ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော မာစတာပလန် ကိုရေးဆွဲပြီး လုပ်ဆောင်မှသာ မိုးတွင်းရေကြီးရေလျံသည့် သံသရာမှ ကင်းနိုင်မည်ဟု သူကဆက်ပြောသည်။

ဇွန်လရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေမြို့နယ် အိုးရှင်းစင်တာရှေ့တွင် ရေ(၃)ပေခန့် မြင့်တက်ကာ ကားများဖြတ်သန်းရာတွင် ရပ်တန့်ထားခဲ့ရသည်။ စမ်းချောင်းမြို့နယ် ဒဂုံစင်တာရှေ့တွင်လည်း ရေများ ဒူးခေါင်းထိတက်လာကာ ကားမှတ်တိုင်ပလက်ဖောင်းကို ဖုံးလွှမ်းသွားခဲ့ရသည်။

Mizzima

No comments:

Post a Comment