Latest News

Tuesday, June 6, 2017

ရုရှားစစ်တက္ကသိုလ်ဆင်း မြန်မာ့တပ်မတော် အရာရှိ ခြောက်ထောင်ခန့်ရှိဟု ရုရှားသံအမတ်ကြီး ပြော

ရုရှားစစ်တက္ကသိုလ်ဆင်း မြန်မာ့တပ်မတော် အရာရှိ ခြောက်ထောင်ခန့်ရှိဟု ရုရှားသံအမတ်ကြီး ပြော

ရုရှားနိုင်ငံ၏ အကောင်းဆုံး စစ်တက္ကသိုလ် များတွင် ပညာတော်သင်ဘွဲ့ရသည့် မြန်မာ့ တပ်မတော် အရာရှိ စုစုပေါင်း ၆,၀၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကို လေးအေလစ်တိုပါးဒေါ့ဖ်က ပြောကြားသည်။
ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း  သတင်းစာနှင့် ရုရှားသံအမတ်ကြီးတို့ တွေ့ဆုံမေးမြန်းရာတွင် သံအမတ်ကြီးက အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘မြန်မာနိုင်ငံအတွက် အင် အားတောင့်တင်းတဲ့ တပ်မတော် မရှိမဖြစ် လိုအပ်ပါတယ်။  ဒါ ကြောင့်မို့ ရုရှားနိုင်ငံရဲ့ အကောင်း ဆုံးစစ်တက္ကသိုလ်တွေမှာ မြန်မာ့ တပ်မတော်က ပညာတော်သင် စုစုပေါင်း ၆,၀၀၀ လောက် တက္က သိုလ်ဘွဲ့ရပြီး ဖြစ်ပါတယ်။ တချို့ က ဘွဲ့လွန်သင်တန်း၊ ဒေါက်တာ ဘွဲ့ရတာတွေလည်း ရှိပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံမှာ ပညာ သင်ယူနေတဲ့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၆၀၀ ကျော် ကျော်လောက် ရှိပါတယ်။ အကျိုး ကျေးဇူးအများကြီး ရှိပါတယ်။ လူသားအရင်းအမြစ်ဆိုတာကလည်း အဓိကတန်ဖိုးဖြစ်ပါတယ်’’ ဟု သံအမတ်ကြီး နီကိုလေးအေလစ်တိုပါးဒေါ့ဖ်က ပြောသည်။

ရုရှားသံအမတ်ကြီးက ၎င်း အနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၂ ၌ ပထမဆုံးရောက်ရှိခဲ့ပြီး ၁၉၈၆ နှင့် ၁၉၉၄ တို့တွင် သံတမန်အမှု ထမ်းအဖြစ် တာဝန်ထမ်းဆောင် ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အတွေ့အကြုံများ စွာရှိကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ ၏ အပြောင်းအလဲများကို ဂုဏ်ပြု ကြောင်းနှင့် စိန်ခေါ်မှုနှင့် အခက် အခဲများစွာရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

‘‘နောက်လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ တခြားကာကွယ်ရေးအတွက် အသုံးပြုနိုင်ဖို့ လက်နက်တွေကို ရောင်းပါတယ်။ ကာကွယ်ရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါလည်း အရေးကြီးပါတယ်။ နှစ်နိုင်ငံအစိုးရတွေအကြား တပ်မတော် နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်နေပါ တယ်။ အနာဂတ်မှာလည်း တပ် မတော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဖို့ဆန္ဒရှိပါတယ်’’ဟု သံအမတ်ကြီးက အ ဆိုပါတွေ့ဆုံခန်းတွင် ပြောကြား ခဲ့သည်။

 ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရုရှားနိုင်ငံ က အပြည့်အ၀ထောက်ခံပြီး ငြိမ်း ချမ်းရေးကို လျှောက်လှမ်းသည့် လမ်းကြောင်းအောင်မြင်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီး က ဆိုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဥက္ကဋ္ဌ Mr.Alexander Vasillievich Formin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ၂၀၁၃ နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိ ပြီး လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးရှိ၍ အဖွဲ့အစည်းအချင်း ချင်း နားမလည်မှုနှင့် အကျိုးစီးပွား မတူညီမှုများရှိကြောင်း၊ အကျိုးစီးပွားများကို တိုင်းရင်းသားအဖွဲ့အစည်းအားလုံး သဟဇာတဖြစ်အောင် ကြိုးစားရန်အ ရေးကြီးကြောင်း ပြောကြားသည်။

ရုရှားနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် လွတ် လပ်ရေးရပြီး ၁၉၄၈ ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက စတင်ထူ ထောင်လာခဲ့ပြီး လာမည့် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်တွင် သံတမန်ဆက်ဆံရေးနှစ်ပေါင်း ၇၀ ပြည့်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment