Latest News

Friday, June 2, 2017

နေအိမ် ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သူ ၁၀ ဦးကို ထောင်ဒဏ်တစ်နှစ်စီချမှတ်မှု ပြည်နယ်အစိုးရ အယူခံတင်မည်

နေအိမ် ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သူ ၁၀ ဦးကို ထောင်ဒဏ်တစ်နှစ်စီချမှတ်မှု ပြည်နယ်အစိုးရ အယူခံတင်မည်

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ၀ါးဒက်ကွင်းတိုးချဲ့ရပ်ကွက်တွင် နေအိမ် ၆၅၀ အား မီးရှို့ဖျက်ဆီးသူ ၁၀ ဦးကို ကျိုက်ထိုမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ သည့်အပေါ် ပြည်နယ်အစိုးရက အယူခံတင်ရန် အကြောင်းကြား ထားသည်ဟု ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

‘‘၀ါးဒက်ကွင်းကျေးရွာမှာ လူနေအိမ်ပေါင်း ၆၅၀ မီးရှို့တဲ့ ကိစ္စကို အမိန့်ချတဲ့နေ့မှာပဲ အမှု ဖြစ်စဉ်အရ ပြစ်ဒဏ်ကဒီလောက် ပဲ ဖြစ်နေတာကို ကျွန်တော်တို့အ နေနဲ့ ပြည်နယ်ဥပဒေချုပ်ထံ အ ကြံဉာဏ်တောင်းပြီးတော့ အယူခံ တင်ထားပါတယ်။ မြို့နယ်တရား ရုံးမှာ မရရင် ခရိုင်တရားရုံး၊ ခရိုင်တရားရုံးမှာ မရရင် ပြည်နယ် တရားရုံးအယူခံတင်ပါမယ်။ ဒါ ဟာ တရားရေးမဏ္ဍိုင်ကို ထိန်း ကျောင်းနေခြင်းဖြစ်ပါတယ်’’ဟု ဒေါက်တာအေးဇံက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် အယူခံတင်ထားသည့် အမှုအများ အပြားရှိကြောင်း၊ မည်သည့်အမှု အမျိုးအစားဖြစ်သည်ကို မကြာမီ ထုတ်ဖော် ပြောကြားမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က ဆိုသည်။

၂၀၁၆ ဖေဖော်ဝါရီ ၂ ရက် ညက ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု ၀ါးဒက်ကွင်းကျေး ရွာရှိ နေအိမ် ၆၅၀ ကို ဦးပဲသီး(ခ)ဦးခင်အေးပါ ဆယ်ဦးက မီးရှို့ခဲ့ခြင်းကြောင့်  တရားစွဲဆိုထားခြင်း ဖြစ်သည်။

‘‘ဒီအမှုကို တစ်နှစ်ပဲချတယ် ဆိုတာ နည်းလွန်းတယ်။ မမျှတ ဘူး။ အနည်းဆုံး သုံးနှစ်လောက် ချလို့ရတယ်။ ကျန်တာတော့ ဘာမှ မပြောချင်ဘူး’’ဟု မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမိုးက ပြောသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်က ကျိုက် ထိုမြို့နယ် တရားသူကြီး ဦးလင်း မင်းထွန်းက မီးရှို့သူများကို ထောင်ဒဏ်တစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်သည့်အပေါ် ဒေသခံများ ကျေနပ်မှုမရှိသဖြင့် ကျိုက်ထိုမြို့နယ်တရားသူကြီးဦးလင်းမင်းထွန်းကို ဒေသခံ ၅၀ ခန့်က မေလ ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

7Day News

No comments:

Post a Comment