Latest News

Monday, June 26, 2017

မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ပေးဖို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ အကြံပြု

မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ပေးဖို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ အကြံပြု


ရန်ကုန်၊ ဇွန် ၂၅ - ပြည်တွင်းမှာ ဖြန့်ဖြူး ရောင်းချနေတဲ့လျှပ်စစ်မီ တာခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ပေးဖို့အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောပါတယ်။ သည်လ ၂၃ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာကျင်းပတဲ့ ဒုတိယ သမ္မတ(၁)၊  ပြည်ထောင်စုဝန်ကြီးများနဲ့ စီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံပွဲမှာ ပြောတာပါ။

ဦးဇော်မင်းဝင်းက တိုးသင့်တာကိုတော့အားလုံးလက်ခံတယ်၊ စက်မှုကဏ္ဍနဲ့ စီးပွားရေးကိုတော့ အရမ်းတိုးလိုက်ရင် ဒီလူတွေ မလုပ်နိုင်မကိုင်နိုင်ဖြစ်သွားမှာလဲ ရပ်သွားမှာလဲအရမ်းစိုးရိမ်တယ်၊ ပြည်သူတွေကြည့်ရတဲ့အနေအထား ရှိတော့ ဖြစ်နိုင်ခြေရှိတဲ့ပမာဏကို စဉ်းစားထားတာပါ၊ လူကြီးတွေနဲ့ဆက်ဆွေးနွေးပြီးဆောင်ရွက်သွား ဖို့အကြံပြုပြီးတင်ပြတာပါလို့ ပြောပါတယ်။

လျှပ်စစ်မီတာခကောက်ခံတဲ့နှုန်းကို ပြင်ဆင်ကောက်ခံဖို့အတွက် နှစ်ရက်အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဖိတ်ပြီးဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။  လျှပ်စစ်ပြဿနာကို ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ်နည်းတဲ့လျှပ် စစ်ထုတ် လုပ်နိုင်ဖို့ နည်းလမ်းကိုရှာရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ထိခိုက်နိုင်တာကြောင့် ရေအားလျှပ်စစ်ကိုဆက်ပြီးမထုတ်လုပ်နိုင် ဘဲ၊ ရှိတဲ့ရေအားလျှပ်စစ် ကိုသုံးနေရတဲ့အနေအထားဖြစ်ပြီး ကျောက်မီးသွေးကလည်း အခက် အခဲတွေရှိနေဆဲဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့(gas) နဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းတဲ့ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ အားလုံးပါဝင်တဲ့ပုံစံဆွေးနွေးပြီးတော့ ဆောင်ရွက်မှသာလျင် အဆင်ပြေမှာဖြစ်တယ်လို့လည်း ဦးဇော်မင်းဝင်းက အကြံပြုပြောကြားပါတယ်။

လက်ရှိ ပြည်တွင်းကစက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ်မီတာ ကောက်ခံတဲ့နှုန်းထားက အိမ်နီးချင်းနိုင်ငံတွေထက်များနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ကသိရပါတယ်။ လျှပ်စစ်သုံးစွဲခနှုန်းထားတွေကို ရောင်းချသူနဲ့ ဝယ်ယူသူအဆင်ပြေ တဲ့ ဈေးနှုန်းတွေနဲ့သာရောင်းချဖို့အတွက် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ဥက္ကဋ္ဌ ဦးမောင်မောင် လတ်က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကုန်သည်စက်မှုအသင်း ချုပ်မှာကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အစိုးရက လျှပ်စစ်တစ်ယူနစ်ကို ၅၇ ကျပ်နဲ့ဝယ်ရတာဖြစ်တယ်။ အများပြည်သူကို ၃၅ ကျပ်ကနေစပြီး ရောင်းချပါတယ်။ စက်မှုဇုန်တွေကို ၇၅ ကျပ်ကနေ ၁၅၀ အထိရောင်းချပေး နေတာဖြစ်ပါတယ်။
လက်ရှိသည်နှုန်းထားတွေနဲ့ ဆက်လက်ရောင်းချပါကသည် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လျှပ်စစ်ရောင်းချမှုက ကျပ်ဘီလျံ ၉၀ဝ နီးပါးအရှုံးပေါ်မှာဖြစ်ပါတယ်။ အရှုံးပေါ်နေတဲ့လျှပ်စစ်ကဏ္ဍကို ဖြေရှင်းနိုင်ဖို့အတွက် ဈေးနှုန်းပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေ တယ်လို့ သိရပါတယ်။
ပို့ပို့၊ အေးအေးအောင်/Kumudra

No comments:

Post a Comment