Latest News

Monday, June 26, 2017

မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို လက်ရှိတွင် ကျေးရွာပေါင်း (၉၉၀၄)ရွာတွင် နိုင်ငံတော်မှငွေကျပ် (၂၄၁ ဒသမ ၇၁) ဘီလီယံဖြင့် ဆောင်ရွက်လျှက်ရှိ

မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို လက်ရှိတွင် ကျေးရွာပေါင်း (၉၉၀၄)ရွာတွင် နိုင်ငံတော်မှငွေကျပ် (၂၄၁ ဒသမ ၇၁) ဘီလီယံဖြင့် ဆောင်ရွက်လျှက်ရှိ

နေပြည်တော် ဇွန် ၂၆

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာ အကြံပေး ညှိနှိုင်း ခြင်းအလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆) ၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်း အမြစ်ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုး လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးရန်နှင့် မိသားစု ၀င်ငွေ တိုးပွားစေရန် ရည်မှန်းပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက် ခဲ့ရာ လက်ရှိတွင် မြို့နယ် (၂၈၈) မြို့နယ်ရှိ ကျေးရွာပေါင်း (၉၉၀၄)ရွာတွင် နိုင်ငံတော် ခွင့်ပြု ရန်ပုံငွေ ကျပ် (၂၄၁ ဒသမ ၇၁) ဘီလီယံဖြင့် ဆောင်ရွက်ပေးနေသည့် စီမံကိန်းကြီး တစ်ခုအဖြစ် ရောက်ရှိ လာနေပြီ ဖြစ်ပါကြောင်း။

မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲပုံအရ ငွေချေးသူ အိမ်ထောင်စု တစ်စုချင်းအား တိုက်ရိုက် အကျိုး ခံစားခွင့် ရှိစေရုံသာမက ကျေးရွာလူထုအနေဖြင့် မိမိတို့၏ လက်တစ် ကမ်းတွင် ချေးငွေကို အလွယ်တကူ ရရှိစေခဲ့ပါကြောင်း၊ စီမံကိန်းကျေးရွာ တွင် မတည်ပေးထားသည့် သိန်း၃၀၀ ငွေကြေး အရင်းအမြစ်ကြောင့် အဆိုပါဒေသတွင်းတွင် ငွေကြေးစီးဆင်းမှုကို တိုးပွားစေပြီး စီးပွားရေး လည်ပတ်မှု ကောင်းမွန်လာခြင်းနှင့်အတူ ရောင်းဝယ်ဖောက်ကားမှု များပြား လာစေရေးကိုလည်း အထောက် အကူဖြစ်စေပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှ သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကိုပါ တစ်ဖက် တစ်လမ်းမှ ကြီးမားစွာ ထောက်ကူပေးနိုင်မည့် ကျေးလက်အသေးစားငွေချေး လုပ်ငန်း များနှင့် မြစိမ်းရောင် အစီအစဉ် တို့ကို ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက် လာအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် မူဝါဒများ အား  ပေါ်ထွက်လာအောင် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်က မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများက  သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခြင်းနှင့် မြစိမ်းရောင် စီမံကိန်းနှိုင်းယှဉ်အား သာချက်နှင့် အားနည်းချက်များ၊ ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အစီ အစဉ်များ အကဲဖြတ်လေ့ လာသုံးသပ်ရေးစနစ် တိုးတက်ဖြစ်ပေါ်ရေး၊ မြစိမ်းရောင် စီမံကိန်းနှင့် ကျေးလက်ငွေချေးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ မြစိမ်း ရောင်စီမံကိန်းနှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေး မူဝါဒများ လိုက်လျော ညီထွေရှိမှု ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အဖွဲ့လိုက် ဆွေးနွေးကြ သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ၀န်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီများမှ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိ သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မြစိမ်းရောင်ကျေး ရွာ စီမံကိန်း အကောင် အထည်ဖော် ရာတွင် ပါဝင်သည့် ၀န်ထမ်းများနှင့် ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment