Latest News

Monday, June 26, 2017

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မန္တလေး၌ မီးရှို့ဖျက်ဆီးမှု အခမ်းအနား ကျင်းပ

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မန္တလေး၌ မီးရှို့ဖျက်ဆီးမှု အခမ်းအနား ကျင်းပ


နေပြည်တော် ဇွန် ၂၆

အကြိမ် ၃၀ မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်ဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေး ဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစား ကွင်း၌ ကျင်းပသည်။

အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့် အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီး ကျော်ဆွေ ထံမှပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်မှူးကြီးမျိုးမင်းအောင်က ဖတ်ကြား သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်ချီ၊ ကာတွန်း ပိုစတာ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ အဆင့်ဆင့်တို့၌ ဆုရကျောင်းသူကျောင်း သားများနှင့် ဝတ္ထုတို တေးသီချင်း ဓါတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့်ပေး အပ်ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးမည့် ကျပ်ငွေ ခန့်မှန်းတန်ဘိုး ဘိန်း ၂၆၂၈ဒသမ ၂၂၈၃သိန်းဘိုး၊ ဘိန်းဖြူ ၂၀၄၆၄ ဒသမ ၈၅၃၇ သိန်း၊ စိတ်ကြွဆေးပြား၂၇၂၀၂၆ ဒသမ ၈၆၆၀ သိန်း၊ ဘိန်းဆီခဲ ၆၉၄ ဒသမ ၆၇၆၀ သိန်း၊ ဆေးခြောက် ၇၄ ဒသမ ၀၁၃၂သိန်း၊ အိုက်စ် ၁၆၇၉၂ ဒသမ ၂၃၄၀ သိန်း၊ စိတ်ကြွအကြေမှုန့် သုည ဒသမ ၇၃၇၅သိန်း၊ အဆင့်နိမ့် ဘိန်း ၉ ဒသမ ၄၂၀၂ သိန်း၊ ဘိန်းမျိုးစေ့ သုည ဒသမ ၁၁၅၄ သိန်း၊ ဘိန်းရည် ၃၁၈ ဒသမ ၇၂၇၉ သိန်း၊  ဘိန်းဖြူရည် သုည ဒသမ ၀၃၀၃၀ သိန်း၊ ချောင်းဆိုးပျောက်ဆေး ၀ ဒသမ ၁၀၈သိန်း၊ မက်သဒုံးဆေး ရည် သုည ဒသမ ၁၆၀၄ သိန်း၊ အက်တတ်စီပြား ၁၃ ဒသမ ၀၅၀၀ သိန်း၊ ထရာမဒေါလ် သုည ဒသမ ၅၇၅ သိန်း၊ ထရာမဒေါလ်ထိုးဆေး သုည ဒသမ ၉၉ သိန်း၊ မော်ဖင်းအမှုန့် သုည ဒသမ ၃၃၀၀ သိန်း၊ အယ်ပရာဇိုလမ် သုည ဒသမ ၀၈၄၆ သိန်း၊ ဒိုင်ယာဇီပမ် ၁ ဒသမ ၅၀၀၀ သိန်း၊ ဒိုင်ယာဇီပမ် ထိုးဆေး ၂၃ ဒသမ ၅၅၀၀ သိန်း၊ လိုရာဇီဆေးပြား သုည ဒသမ ၆၃၂၀ သိန်း၊ စိတ်ပြောင်းဆေး ၆၁ ဒသမ ၂၃၀၀ သိန်း၊ Haridol ဆေးပြား သုည ဒသမ ၄၉၇၀ သိန်း၊ Gofen ဆေး သုည ဒသမ ၀၀၅၀ သိန်း၊ ဆူဒိုအက် ဖီဒရင်း ၁၁၅၁ ဒသမ ၄၈၆၀ သိန်း၊ ကဖင်း ၁၀၉၄ ဒသမ ၉၉၇ သိန်း၊ အရိုးမီးသွေး ၆၂ ဒသမ ၅၀၀၀ သိန်း၊ ဟိုက်ဒြိုရစ်အက်ဆစ် ၁၀၂၃ ဒသမ ၇၅၀၀ သိန်း၊ ဆာလဗျူရစ်အက်ဆစ် ၃၁ ဒသမ ၈၃၄၁ သိန်း၊ ကရိုလိုဖောင်း ၆၂၇ ဒသမ ၉၀၀၀ သိန်း၊ ဆူဒိုအက်ဖီဒရင်း ၂၄၉၉ ဒသမ ၇၅၀၀ သိန်းဘိုး တန်ဖိုးရှိ ပစ္စည်းများအား ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးပြီး စက်ခလုပ်နှိတ် မီးရှို့ ဖျက်ဆီးပြီး ခင်းကျင်း ပြသထားသော ဓါတ်ပုံကာတွန်းပန်းချီ ပိုစတာများအား လှည့်လည်ကြည့် ရှုခဲ့ကြ သည်။

အဆိုပါ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ၏ ပမာဏ တန်ဖိုး ငွေမှာ စုစုပေါင်း ကျပ် သန်းပေါင်း ၃၁၉၆၀ ဒသမ ၅၁၀၄၃၊ အမေရိကန်ဒေါ်လာ သန်း ၂၃ ဒသမ ၅၀၀၃၇  ဖြစ်ကြောင်းသိရသည်။

တင်မောင် (မန်းကိုယ်ပွား)

No comments:

Post a Comment