Latest News

Wednesday, June 28, 2017

သတင်းထောက် ၃ ဦးကို မတရားသင်းဥပဒေဖြင့် အမှုဖွင့်၊ သီပေါအကျဉ်းထောင်ပို့ဆောင်

သတင်းထောက် ၃ ဦးကို မတရားသင်းဥပဒေဖြင့် အမှုဖွင့်၊ သီပေါအကျဉ်းထောင်ပို့ဆောင်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်တို့ကို စစ်တပ်က ဒီကနေ့ မွန်းလွဲပိုင်းမှာ သီပေါရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး မတရားသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားလိုက်ပါတယ်။

သီပေါမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းက “မတရားသင်း ၁၇ -၁ နဲ့ လောလောဆယ်ဖွင့်ထားတယ် ဒီနေ့ပဲ ဖွင့်လိုက်တယ်။ ဒီနေ့ ၁၂ နာရီခွဲမှာ ဖွင့်လိုက်တယ်။ တရားရုံးမှာ ချုပ်မိန့်တောင်းတယ်။ ချုပ်မိန့်တောင်းပြီး  သီပေါ ထောင်အကျဉ်းထောင်မှာပို့ထားပါတယ်”လို့ပြောပါတယ်။

သတင်းထောက် ၃ ဦးနဲ့အတူ  ယာဉ်မောင်း ၃ ဦး စုစုပေါင်း ၆ ဦးကို မတရားသင်းဆက်သွယ်မှုနဲ့ တမှုတည်း ပူးပေါင်းဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

သူတို့ကို  လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။

သတင်းထောက်တွေရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ရဲမှူးမြင့်ဝင်းကပြောပါတယ်။

“သူတို့ ရွှင်ရွှင်လန်းလန်းပါပဲ ကျန်းမာရေးကတော့ ကောင်းပါတယ်။ နည်းနည်းတော့ မျက်နှာညှိုးနေတာပေါ့ ”လို့ ပြောပါတယ်။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့တဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို  ဇွန် ၂၆ ရက်နေ့မှာ တပ်မတော် စစ်ကြောင်းက  ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါ ကားလမ်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment