Latest News

Friday, June 30, 2017

ရင်ခွင်ပိုက်ကလေးငယ်များနားခိုရာ အလိုရှိသည်

ရင်ခွင်ပိုက်ကလေးငယ်များနားခိုရာ အလိုရှိသည်

 မစန္ဒာတစ်ယောက်လကုန်တော့မည့်အချိန်ကို ရင်ခုန်ပျော်ရွှင်ရင်း တစ်ဖက်၊ စိုးရိမ်ကြောင့်ကြမှုတစ် ဖက်လွန်ဆွဲရင်း မျှော်လင့်နေရပါ ပြီ။

မီးဖွားရန် Due Date တစ် ပတ်ခန့်အလိုကျမှ ခွင့်စယူရမည့် မစန္ဒာအတွက် ယခုဇွန်လကုန် တွင် ခွင့်ရက်စတင်မည်ဖြစ်၍ အ နားလည်းယူရင်း၊ မွေးဖွားတော့ မည့် ရင်သွေးကိုလည်း စောင့်မျှော်ကြိုဆိုရင်း အတွေ့အကြုံသစ်၌ ရင်ခုန်ပျော်ရွှင်ရသလောက် တစ် ဖက်တွင်လည်း ရောက်လာတော့ မည့် ရင်သွေးလေးကြောင့်ပင် ရှေ့ဆက်တစ်ဆစ်ချိုးပြောင်းလဲသွား မည့် ဘဝခရီးအတွက် စိုးရိမ် ကြောင့်ကြမှုပိုလာနေခြင်းဖြစ်ပါ သည်။

ရန်ကုန်မြို့ဇာတိဖြစ်ပြီး မိ သားစုအစုံအလင်လည်း ရှိကာ ဝင်ငွေရှာဖွေနိုင်သော ခင်ပွန်း သည်နှင့်အတူ ကိုယ်တိုင်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာ နိုင်သည့် ကုမ္ပဏီဝန်ထမ်းဖြစ် သော မစန္ဒာအတွက် လက်ရှိ စိုးရိမ်ကြောင့်ကြမှုကတော့ ကလေးသုံး လပြည့်ပြီးပါက ကလေးကို လုံခြုံ စိတ်ချရသည့် ပတ်ဝန်းကျင်တွင် ထား၍ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေး ပင်ဖြစ်ပါသည်။

‘‘မိဘတွေကလည်း အသက် ကြီးပြီ။ ကလေးလေးတစ်ယောက် ကို ထိန်းဖို့အတွက် အဆင်မပြေ ဘူး။ အပြင် ဆရာမခေါ်ထိန်းဖို့ကျ တော့လည်း ကိုယ့်လစာနဲ့ လက် လှမ်းမမီဘူး။ အလုပ်ထွက်ဆိုရင် လည်း ကျွန်မလစာနဲ့၊ အမျိုးသား လစာနဲ့၊ အိမ်ငှားနေတဲ့စရိတ်နဲ့၊ နှစ်ဖက်မိဘ ထောက်ပံ့ရတာနဲ့ ဘယ်လိုမှ ထွက်လို့ မရဘူး။ ကလေးထိန်းကျောင်းတွေ၊ မူကြိုတွေကျတော့လည်း အနည်းဆုံး ၂ နှစ်လောက်မှ စပြီးထားလို့ ရမယ်ဆိုတော့ ကလေးမွေးပြီးလို့ မီးဖွား ခွင့်ပြည့်ရင် ကျွန်မဘယ်လိုလုပ်ရ မလဲ စဉ်းစားလို့တောင်မရဘူး’’ဟု မစန္ဒာက ပြောသည်။

မစန္ဒာကဲ့သို့ပင် ကလေးမီး ဖွားပြီးနောက် လုပ်ငန်းခွင်ပြန်ဝင် နိုင်ဖို့အရေး တွက်ချက်တိုင်းတာ ပူပင်နေရသော မိခင်လောင်းများ၊ အိမ်ထောင်ရှင်မများ များစွာရှိနေ ပါသည်။ အချို့ဆိုလျှင် မစန္ဒာကဲ့ သို့ပင် ရန်ကုန်မြို့ခံမဟုတ်၊ မိသားစုလည်း မစုံလင်ကြပေ။ ထိုသို့ သော အိမ်ထောင်ရှင်မများအ တွက်မူ လုပ်ငန်းခွင်ကို ကျောခိုင်း လိုက်၍ ကလေးကို ပြုစုစောင့် ရှောက်ရမည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်စရာရှိနေပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အစိုးရက ဖွင့်လှစ်သော နေ့က လေးထိန်းကျောင်းများ၊ ပုဂ္ဂလိက မှ ဖွင့်လှစ်သော မူလတန်းကြို ကျောင်းများရှိပြီး မွေးကင်းစသုံး လမှ ခြောက်လအတွင်း ရင်ခွင် ပိုက် ကလေးငယ်များကို ထိန်း သိမ်းစောင့်ရှောက်ပေးနိုင်သော နေရာမှာမူ အစိုးရတွင်ရော ပုဂ္ဂလိကပိုင်းတွင်ပါ နည်းပါးလှသည်။ ထို့ပြင် ရှိနေသည့် အနည်းစုသော ပုဂ္ဂလိကပိုင်းမှ ဖွင့်လှစ်ထားသော ရင်ခွင်ပိုက်ကလေးထိန်းစင်တာ များ၏တစ်ရက်တာ ဝန်ဆောင်မှု စရိတ်မှာလည်း အခြေခံလူတန်း စားများ လက်လှမ်းမမီသော ဈေး နှုန်းများဖြစ်နေသည်။

ရန်ကုန်တွင် ရင်ခွင်ပိုက် ကလေးထိန်းဝန်ဆောင်မှုဟု သီး သန့်အငှားလိုက်သည့် လုပ်ငန်းအ ချို့ရှိသော်လည်း ဈေးနှုန်းက တစ် ရက်လျှင် နာရီဖြင့်တွက်၍ ကျပ် သောင်းဂဏန်းက စတင်ကာ ဝန်ဆောင်မှုစရိတ်ကျခံရခြင်း ဖြစ် သည်။ သူနာပြုအကူသင်တန်း ကျောင်းအများစုတွင် တစ်ရက် ကျပ် ငါးထောင်မှ ခုနစ်ထောင်ကြားရှိ  သူနာပြုအကူများကို ကလေးထိန်းအဖြစ် သုံးစွဲကြခြင်း၊ အလုံကရင်ခြံမှ တစ်လကျပ် နှစ်သိန်းခွဲခန့် နှင့် ကျွမ်းကျင်ကလေးထိန်းအကူ ငှားရမ်းခြင်းဖြင့်သာ ဖြေရှင်းနေရ သည်။ သို့သော် အဆိုပါဖြေရှင်း နည်းသည် ဝင်ငွေ ထွက်ငွေကို တိုင်းထွာသုံးစွဲနေရသော အလုပ်တစ်ဖက်နှင့် အိမ်ထောင်စုများအ တွက် အဆင်မပြေနိုင်ပါ။

လတ်တလောတွင် အစိုးရ ဝန်ကြီးဌာနအချို့နှင့် ပုဂ္ဂလိက လုပ်ငန်းကြီးအနည်းငယ်တို့တွင် ၎င်းတို့ဝန်ထမ်းများ၏  ရင်ခွင်ပိုက် ကလေးငယ်များအတွက် နေ့က လေးထိန်းစင်တာများကို ဖွင့်လှစ်ပေးထားရာ အလွန်အဆင်ပြေနေ ကြပြီး သာမန်ပြည်သူများအတွက် လည်း ယင်းကဲ့သို့ စင်တာများ ပေါ်ပေါက်လာရန် မစန္ဒာအပါ အဝင် အလုပ်တစ်ဖက်နှင့် ဝင်ငွေ ရှာဖွေရသော မိခင်အများစု လို လားမည်မှာ အမှန်ပင် ဖြစ်သည်။

‘‘ကျွန်တော်တို့ဝန်ကြီးဌာန မှာတော့ ဝန်ထမ်းတွေ၊ အမှုထမ်း တွေအတွက် အဆင်ပြေအောင် နေ့ကလေးထိန်းကျောင်းလေး လုပ်ပေးထားတယ်။ တခြားဌာန တွေကလည်း လာအပ်ကြတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေမှာလည်း အလားတူ စင်တာလေးဖွင့်ပေးဖို့ ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက် နေတာတွေရှိတယ်။ နောက် တိုင်းနဲ့ပြည်နယ်က ဌာနတွေအလိုက် ပေါ့။ ချက်ချင်းကြီးတော့ မဖြစ်နိုင် သေးဘူး။ ကလေးငယ်ငယ်လေး တွေ စောင့်ရှောက်ရတာဆိုတော့။ ပြည်သူတွေအတွက်လည်း ကျွန် တော်တို့အခုလို ရင်ခွင်ပိုက်က လေးတွေကို ထိန်းသိမ်းစောင့် ရှောက်ပေးနိုင်မယ့် စင်တာလေး တွေ လုပ်ပါမယ်။ အဲဒါကတော့ ကျွန်တော်တို့ ၂၀၁၆ ဧပြီလ အစိုးရတာဝန်စယူစဉ်ကတည်းက စိတ် ရှိခဲ့တယ်။ အခု ၁၉၉၃ ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ဆိုတာ ကျွန်တော်တို့ ဒီတစ်လအ တွင်း လွှတ်တော်တင်ဖို့ရှိတယ်။ အဲဒီဥပဒေပေါ်ပေါက်လာရင် အဲဒီလိုစင်တာတွေက အမြန်အကောင် အထည်ပေါ်လာမှာပါ’’ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။

လက်ရှိ လူမှုဝန်ထမ်းဦးစီး ဌာနအောက်တွင် အသက်(၃)နှစ် မှ (၅)နှစ်အထိ စံပြမူကြိုကျောင်း ၈၀ ခန့်ရှိပြီး မွေးကင်းစကလေးပြု စုစောင့်ရှောက်ရေးဌာန ခြောက် ခုခန့်သာရှိသည်။ အစိုးရ၏နေ့ ကလေးထိန်းဌာနသည် စွန့်ပစ်ခံ မိဘမဲ့ကလေးများကိုသာ လက်ခံ ပြုစုခြင်းဖြစ်ပြီး ပြင်ပ ပုဂ္ဂလိက ဝန်ဆောင်မှုအဖြစ် ကလေးထိန်း များကို သီးသန့်လေ့ကျင့်စေလွှတ် ခြင်းမျိုးမရှိပေ။

‘‘လုပ်ငန်းခွင်က အချိန်ပြည့် လုပ်ရတဲ့အခါကျတော့ ရင်ခွင် ပိုက်ကလေးကို ရုံးခေါ်လာပြီး အ လုပ်လုပ်လို့လည်း အဆင်မပြေ ဘူး။ အဲဒီတော့ ကျွန်မက ရုံးနဲ့ညှိ လိုက်တယ်။ အရေးကြီးအလုပ်ရှိ တဲ့ရက်ကို ဖြစ်အောင် ရုံးတက် လုပ်ပြီးတော့ ကျန်တဲ့ရက်ကို အိမ် မှာ ကလေးထိန်းရင်းတစ်ဖက်နဲ့ လုပ်လိုက်တယ်။ ရုံးတက်တဲ့ရက် အတွက်ပဲ လစာရမယ်။ မတက် တဲ့ရက်တွေကတော့ လစာမဲ့ပေါ့’’ ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် (၈)လအရွယ် သမီးတစ်ဦးမိခင် မသီတာက ပြောသည်။

ထို့ကြောင့် ရင်ခွင်ပိုက်က လေးငယ်များကို ထိန်းသိမ်းစောင့် ရှောက်ပေးမည့်စင်တာများအား ဈေးသက်သက်သာသာဖြင့် အစိုး ရက စီစဉ်ဖွင့်လှစ်ပေးစေရန် မသီ တာက ယခုကဲ့သို့ ပြောသည်။

‘‘နောက်ခံအင်အားမပြည့်စုံ တဲ့မိသားစုက ကလေးအမေတွေ က အရမ်းပင်ပန်းကြတယ်။ ကြီး မြင့်လာတဲ့ လူနေမှုစရိတ်တွေကို ကာမိဖို့အတွက် ကလေးအမေ အလုပ်ထွက်ပြီး ကလေးကို ပြုစုဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကလေး ထိန်းခေါ်ဖို့အတွက်ကလည်း ပေး ရမယ့်ငွေကြေးက ရှိသေးတယ်။ ကလေးထိန်းက တစ်လကို သိန်း ချီပေးရတယ်။ ကျွန်မလိုချင်တဲ့ ပုံစံကတော့ ကလေးထိန်းစင်တာ တွေကို သုံးလသားကနေ စပြီး လက်ခံတယ်။ ဈေးကလည်း ကျပ် သုံးသောင်းလောက်စတင်တာ။ အဲဒီလိုဆို စရိတ်နည်းနည်းလေး နဲ့ အဆင်ပြေနိုင်တယ်။ အစိုးရ အနေနဲ့ ဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင် ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေနဲ့ စစေချင်တယ်’’ဟု ပြောသည်။

7Day News Journal

No comments:

Post a Comment