မြိုင်ကြီးငူဆရာတော် လမ်းညွှန်မှုဖြင့် လမ်းချဲ့ရာတွင် ဘက်ဟိုးဖြင့်ဖယ်ရှားခံရသည့် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာစီပေးအပ်ဟု ဆို
ဘားအံမြို့နယ် ထီဖိုးက လုံးကျေးရွာတွင် မြိုင်ကြီးငူဆရာ တော်၏ လမ်းညွှန်မှုဖြင့် လမ်းချဲ့ ရာတွင် နေရာမလွတ်သော အိမ်အချို့ကို ဘက်ဟိုးယာဉ်ဖြင့် ဖယ်ရှားခဲ့ပြီး ဖယ်ရှားခံရသောအိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာပေးအပ်ကြောင်း ဒေသခံများက ပြောသည်။
ထီဖိုးကလုံးရွာမှ မြိုင်ကြီးငူ အထူးဒေသရှိ မြိုင်ကြီးငူဆရာ တော်သီတင်းသုံးနေသော မြတ် ပန်းဝတ်မှုံကျောင်းသို့ လမ်းကို အကျယ် ၅၂၈ ပေ အထိချဲ့မည်ဟု သတင်းများထွက်ပေါ်နေစဉ် လမ်းနှင့်မလွတ်ဟုဆိုသော ထီဖိုးကလုံးရွာထိပ်ရှိ နေအိမ်လေးလုံးကို ဇွန်လ ၂၄ ရက်က ဘက်ဟိုးဖြင့် ဖယ်ရှားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မိုင် ၃၀ခန့်ရှိသော အဆိုပါ လမ်းသည်လက်ရှိတွင် ခြောက်လမ်းသွားလမ်းမကြီးဖြစ်ပြီး မြိုင်ကြီးငူအထူးဒေသသို့ ၀င်ပေါက်လမ်း၏ ညာဘက် အိမ်သုံးလုံး၊ ဘယ်ဘက်ရှိ အိမ်တစ်လုံးဖယ်ရှားခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
‘‘ကျွန်တော်တို့ကို ဘာမှ မ ပြောထားဘူး။ ဒါပေမဲ့ ဟိုးအရင် တုန်းကတော့ ပြောထားတာပေါ့။ လမ်းချဲ့ဦးမယ်တဲ့။ ဒီနေရာတွေက လမ်းမလွတ်ဘူးပေါ့။ ကျွန်တော် တို့က မထင်ဘူးပေါ့လေ။ ဖယ်တဲ့ ရက်မှာတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး။ ဒီတိုင်းပဲ ခံ နေရတယ်’’ဟု ထီဖိုးကလုံးကျေး ရွာပါဝင်သော မှိုင်းကံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအကျော်က ပြောသည်။
ဖျက်ဆီးခံရသော အိမ်လေး လုံးအတွက် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာကို မြိုင်ကြီးငူ ဆ ရာတော်က ပေးအပ်သော်လည်း နေအိမ်များသည် ကျပ်သိန်းတစ်ရာမက တန်ကြေးရှိကြောင်း ယင်းဖြစ်စဉ်ကို သတင်းယူသည့် ဒေသခံ သတင်းထောက်က ပြောသည်။
‘‘အခုက အိမ်လေးလုံးပါ သွားပြီ။ အဲဒီနားမှာ အိမ်အလုံး ၂၀ လောက်နဲ့ မူလတန်းကျောင်းတစ် ကျောင်းရှိတယ်။ အိမ်လေးလုံးက တော့ ဘက်ဟိုးနဲ့ ရိုက်ဖြိုသွားတာ။ကျန်တဲ့အိမ်တွေက သူ့ဟာနဲ့သူ ဖျက်နေကြပြီ’’ဟု အဆိုပါသတင်း ထောက်က ပြောသည်။
နေအိမ်ကို ဘက်ဟိုးဖြင့်ဖြိုဖျက်ခံရပါက ဆုံးရှုံးမှုပိုများမည်ကို စိုးရိမ်၍ လမ်းချဲ့မည့်အထဲပါ ၀င်သောအိမ်များကို ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ဖြိုချနေကြောင်း ဒေသခံများက ပြောသည်။
မြိုင်ကြီးငူဆရာတော်က နေအိမ်များကို ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်ပို့ ဆောင်ဆက်သွယ်ရေးဦးစီးဌာန အားမေးမြန်းရာ မသိရှိသေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘားအံမြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုး မင်းထွန်းက ထီဖိုးကလုံးရွာမှ နေ အိမ်များကို ဆက်လက်မဖြိုဖျက် ရန် မေတ္တာရပ်ခံထား၍ ဘက်ဟိုး များကို ပြန်လည်သိမ်းဆည်းခဲ့ ကြောင်း ဇွန်လ ၂၇ ရက်တွင် ပြောသည်။
ထီဖိုးကလုံးရွာသည် အစိုးရ က တရားဝင်သတ်မှတ်ထားသော ရွာဖြစ်ပြီး အခြားအိမ်များ ထပ်မံဖြိုဖျက်ခံရခြင်းမရှိစေရန် ကရင်ပြည်နယ်အစိုးရနှင့် မြိုင်ကြီးငူဆရာတော်ထံ အသနားခံစာတင်ရန် စီစဉ်နေကြောင်း ဦးအကျော်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူဆရာတော်နှင့် ၎င်း၏ ဒကာ၊ ဒါယိကာမများထံ ဇွန်လ ၂၈ ရက်က မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ မြိုင်ကြီးငူဆရာတော်သည် ၂၀၁၆ ကလည်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာရေးအဆောက်အအုံအနီးတွင် စေတီငယ်များတည်ခဲ့သည်။
7Day News Journal
Friday, June 30, 2017
မြိုင်ကြီးငူဆရာတော် လမ်းညွှန်မှုဖြင့် လမ်းချဲ့ရာတွင် ဘက်ဟိုးဖြင့်ဖယ်ရှားခံရသည့် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာစီပေးအပ်ဟု ဆို
မြိုင်ကြီးငူဆရာတော် လမ်းညွှန်မှုဖြင့် လမ်းချဲ့ရာတွင် ဘက်ဟိုးဖြင့်ဖယ်ရှားခံရသည့် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာစီပေးအပ်ဟု ဆို
Reviewed by Ar Ti
on
12:27 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment