Latest News

Tuesday, June 13, 2017

ထောင်ကျ အမေရိကန် ကျောင်းသား မြောက်ကိုရီးယား ပြန်လွှတ်

ထောင်ကျ အမေရိကန် ကျောင်းသား မြောက်ကိုရီးယား ပြန်လွှတ်

ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယား အစိုးရက ထောင်ဒဏ် ၁၅ နှစ် စီရင် ချမှတ်ခဲ့တဲ့ အမေရိကန် တက္ကသိုလ် ကျောင်းသား အော်တို- ဝမ်ဘီယားကို သတိလစ်မေ့မျောနေတဲ့ အတွက်  ပြန်လွှတ်ပေးလိုက်ပြိလို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ ဗါဂျီးနီးယားတက္ကသိုလ် က အဲဒီ ကျောင်းသားကို ၂၀၁၆ ခု ဇန္န၀ါရီလအတွင်း မြောက်ကိုရိယားနိုင်ငံ ခေတ္တ အလည်အပတ် သွားရောက်စဉ်မှာ ဟိုတယ် ဆိုင်းဘုတ်ငယ်တစ်ခုကို ဖြုတ်ယူမှုနဲ့ စွဲချက်တင်ပြီး ထောင်ချခဲ့တာပါ။

သူ့မိဘတွေက အော်တိုနဲ့ အဆက်အသွယ်မရတာ တစ်နှစ်ရှိပြီ ဖြစ်ပြီး ထောင်ဒဏ် ချမှတ်ပြီး မကြာခင် အချိန်ကထဲက  coma ရပြီး သတိလစ်မေ့မျောနေတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဓါတ်ပုံ - တိုင်းမ်စ်

RFA

No comments:

Post a Comment