Latest News

Tuesday, June 13, 2017

ငွေအတုတွေ အဟောင်းတွေမှာ ပိုတွေ့ရ

ငွေအတုတွေ အဟောင်းတွေမှာ ပိုတွေ့ရ

ယခုနှစ်အတွင်းငွေစက္ကူအတု ဖမ်းဆီးရမိမှုမှာ နယ်စပ်မှ (၇)ကြိမ်၊ပြည်တွင်းတုပမှု (၆)ကြိမ် ဖမ်းဆီးရမိခဲ့ပြီး Colour Printer၊ Colour Copier ၊ Block နည်းတွေနဲ့ တုပပြုလုပ်ခဲ့ကြတယ်လို့ဗဟိုဘဏ်ဒုဥက္ကဌ ဦးစိုးမင်းက လွှတ်တော်မှာပြောပါတယ်။

ဦးစိုးမင်းက”ငွေစက္ကူအတုများမှာပုံစံဟောင်းငွေစက္ကူများတွင်သာတွေ့ရပြီး လုံခြုံရေးအဆင့်အတန်းမြှင့်တင်ထားသည့် ငွေစက္ကူများတွင်အတုတွေ့ရှိရမှုမှာမရှိသလောက် နည်းပါးတယ်”လို့ယနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ ၂၀၀၉ခုနှစ် အောက်တိုဘာ – ၁ ရက်နေ့မှာစတင်ထုတ်ဝေတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူကို၂၀၁၄ ခုနှစ် အောက်တိုဘာ -၁ ရက်နေ့မှာ လုံခြုံရေးအဆင့်အတန်းပ်ုမိုမြှင့်တင်ပြီး ထုတ်ဝေခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကစတင်ထုတ်ဝေခဲ့တဲ့ ၁၀၀၀၀ ကျပ်တန်ကို ၂၀၁၅ ခုနှစ် ဇူလ်ုင်-၁ ရင်နေ့မှာ လုံခြုံရေးအဆင့်မြှင့်တင်ထုတ်လုပ်ခဲ့ပါတယ်။
လုံခြုံရေးအဆင့်မြှင့်တင်ထားတဲ့ငွေစက္ကူသစ်တွေက်ုအရည်အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှုသက်တမ်းကို ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကြိုးပုံစံသစ် ၊ရေစာသစ်နှင့်ငွေစက္ကူ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish ) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားတယ်လို့သိရပါတယ်။

ဇမ္ဗူသီရိမြို့နယ်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က”ငွေစက္ကူအတုလို့ယူဆသတ်မှတ်ပြီးတော့ ဖျက်ဆီးခြင်းသိမ်းဆည်းခြင်းတွေကြောင့်ပြည်သူတွေရဲ့ဆုံးရှုံးသွားသောငွေကြေးတွေအတွက် အစိုးရသော်လည်းသော်လည်းကောင်း၊ဗဟိုဘဏ်ကသော်လည်းကောင်း သက်ဆိုင်ရာဘဏ်ကသော်လည်းကောင်းဘယ်လိုအစားထိုးဖြည့်ဆည်းလုပ်ကိုင်ဆောင်ရွက်ပေးမလဲ။ဒါမှမဟုတ် သိမ်းဆည်းခံရတဲ့ငွေစက္ကူတွေအတွက်ဘယ်လိုခိုင်လုံတဲ့အထောက်အထားတွေနဲ့လုပ်ကိုင်ဆောင်ရွက်ပေးသလဲဆိုတာသိလိုကြောင်းမေးမြန်းခဲ့ရာ ဗဟိုဘဏ်ကယင်းအချက်အလက်များကိုထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရဲစခန်းကိုအပ်တဲ့အခါမှတ်တမ်းမှတ်ရာမပါဘဲအပ်လို့မရပါဘူးဒီမှတ်တမ်းမှတ်ရာကိုလည်းအတုလာအပ်တဲ့သူကိုလည်းပေးမှာဖြစ်ပါတယ်”လို့ဦးစိုဝင်းကပြန်လည်ဖြေကြားခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်မှာ ငွေစက္ကူအတုကိုတွေ့ရင်ဘဏ်တွေကနေပြီးတော့နီးစပ်ရာရဲစခန်းမှာ ဆက်လက်စုံစမ်းစစ်ဆေးရန်ပို့ရမည်လို့ပါရှိပါတယ်။
ယခင်ကတော့ငွေစက္ကူအတုလို့ယူဆရင်တစ်ဝက်ဖြဲပြီးဖြစ်စေ၊အပေါက်ဖောက်ပြီးဖြစ်စေပြန်ပေးခဲ့ပေမယ့် ယခုမှာတော့ သိမ်းဆည်းခြင်းသာပြုလုပ်ခဲ့ပြီး ဘာအထောက်အထားမှပြန်ပေးခြင်းမရှိတော့တာကိုတွေ့နေရပါတယ်။

ငွေစက္ကူအတုများကိုဘဏ်တွေအနေနဲ့ ဖျက်ဆီးခွင့်မပြုထားကြောင်း၊သက်ဆိုင်ရာရဲ့စခန်းကိုအပ်နှဲရမှာဖြစ်ကြောင်းငွေစက္ကူတွေပေါ်မှာ အမှတ်အသားရေးခြစ်ခြင်းတွေခွင့်မပြုထားဘူးလို့ဗဟိုဘဏ်ကပြောကြားချက်တွေရှိခဲ့
ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်က ” တစ်စုံတစ်ရာဖြေရှင်းပေးမှုမရှိဘဲ ပြည်သူ့ချွေးနည်းစာတွေစက္ကူစုတ်တစ်ခုဖြစ်သွားရတာ မဖြစ်သင့်ပါဘူး” လို့မေးခွန်းမေးမြန်းရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့မှတ်တမ်းများအရ၂၀၁၆-၁၇ ဘဏ္ဌာရေးနှစ် မှာ ၅၀၀၀ ကျပ်တန် (၁၃၄၃)ရွက် ၊၁၀၀၀၀ ကျပ်တန် (၉၅၇) ရွက် ကိုအတုအဖြစ်တွေ့ရှိခဲ့ရပါတယ်။နိုင်ငံတွင်းလှည့်လည်သုံးစွဲနေတဲ့ပမာဏက ၁၃၅၃) သန်းရှိတာကြောင့်နှိုင်းယှဉ်ကြည့်ရင် (၀.၀၀၀၅၄) ရာခိုက်နှုန်းသာရှိတယ်လို့ဗဟိုဘဏ်ကဆိုပါတယ်။

 ချိုဇင်မာဝင့် (Kumudra)

No comments:

Post a Comment