Latest News

Friday, June 30, 2017

ဘစ်ဒက်ရှ်ကိုအမှတ်နဲ့ အနိုင်ယူပြီး ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ အောင်လအန်ဆိုင်း

ဘစ်ဒက်ရှ်ကိုအမှတ်နဲ့ အနိုင်ယူပြီး ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ အောင်လအန်ဆိုင်


One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာကျင်းပနေတဲ့ ကိုယ်ခံပညာပေါင်းစုံ  MMA (One Championship) ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်မှာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆိုင်းက ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ငါးချီအပြည့်ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရရှိခဲ့ပြီး One Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲမှာ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားတဲ့ အောင်လအန်ဆိုင်းအတွက် ဒီပွဲက မကျေပွဲထပ်နွဲခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ပြီးခဲ့တဲ့ပွဲစဉ်က ရှုံးကြွေးကိုဆပ်နိုင်ဖို့အတွက် အောင်လအန်ဆိုင်းက ပွဲစတာနဲ့ ဘစ်ဒက်ရှ်ကို ဖိအားပေးထိုးသတ်နိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ဘစ်ဒက်ရှ်က အောင်လကို ပြန်လည်ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး အပူးအချုပ်တွေနဲ့ တောက်လျှောက် ဖိအားပေးခဲ့ပါတယ်။ တတိယအချီမှာလည်း အားသန်တဲ့ ဘစ်ဒက်ရှ်ရဲ့ ချုပ်လှဲချတာတွေကို အောင်လအန်ဆိုင်းခံခဲ့ရပြီး မျက်ခုံးကွဲတဲ့အထိဖြစ်ခဲ့ပါတယ်။

လေးချီမြောက်မှာတော့ အောင်လအန်ဆိုင်းက ဘစ်ဒက်ရှ်ရဲ့အပူးကိုမခံတော့ပဲ လက်သီးတွေကိုသုံးပြီး ထိုးသတ်ခဲ့ပေမယ့် ဘစ်ဒက်ရှ်ကျအောင်မထိုးနိုင်ခဲ့ပါဘူး။ နောက်ဆုံးအချီမှာလည်း ဘစ်ဒက်ရှ်ရဲ့အနီးကပ်ပူးသတ်မှုတွေကို အောင်လအန်ဆိုင်းက ခွာကစားခဲ့ပြီး ပွဲချိန်ပြည့်သွားလို့ ဒိုင်တွေက အမှတ်နဲ့ ဆုံးဖြတ်တဲ့အခါ ဒိုင်သုံးဦးလုံးက အောင်လအန်ဆိုင်းကို အနိုင်ပေးခဲ့ပါတယ်။

Duwun

No comments:

Post a Comment