Latest News

Tuesday, June 20, 2017

ဆရာဝန်နှစ်ဦးနုတ်ထွက်စာတင်


ဆရာဝန်နှစ်ဦးနှုတ်ထွက်စာတင်
ဧရာဝတီတိုင်းဒေသကြီးမှာ ဆရာဝန်နှစ်ဦး အလုပ်ထွက်စာတင်ထားတာရှိတယ်လို့  တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာထွန်းမြင့် ကဇွန်လ(၂၀)ရက်နေ့ ကမီဒီယာများကိုပြောပါတယ်။
"ဧရာဝတီတိုင်းထဲကတော့ ဒီလို တင်ပြထားတာ လတ်တလော ကျွန်တော်တို့ ဌာနမှာတင်ပဲ နှစ်ဦးရှိနေ
တယ်။ ဒါတွေဟာ လက်ရှိရှိနေတဲ့ အခြေနေနဲ့ ဆို များပြားပါတယ်" လို့  သူကပြောပါတယ်။
"အစိုးရအနေနဲ့  လစာနဲ့  ပံ ပိုးကူညီမှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးတာတွေမရှိရင်လုပ်ငန်းခွင်ထဲကဆရာဝန်တွေ ရဲ့ အလုပ်ထွက်မှုတွေဟာဆက်ရှိနေမယ်"လို့  ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

"လုပ်ငန်းခွင်ထဲမှာ မပျော်ကြဘူး မိသားစုတစ်စုကိုတောင်ထိမ်းနိုင်တဲ့ လစာနဲ့ ရုန်းကန်ဖို့ ဆိုတာ အလွန်
ခက်ခဲတယ်။  ဆရာဝန်အများစု ဟာ နိုင်ငံချစ်စိတ်နဲ့ သည်နိုင်ငံမှာတာဝန်ထမ်းဆောင်နေကြတာ။ သည်အတွက်အတိုင်းအတာတစ်ခုအထိအနစ်နာခံနိုင်တဲ့ အခြေနေကိုကျော်လွန်သွားရင်လက်ရှိထက်ဆိုးမယ်။"လို့  သူကဆိုပါတယ်။
လက်ရှိနှုတ်ထွက်စာတင်ထားတဲ့ ဆရာဝန်တွေရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ အသေးစိတ်ထုတ်ဖော်ပြောကြားတာမရှိပါဘူး.။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  နုတ်ထွက်စာတင်ထားတဲ့ ဆရာဝန်အများအပြားရှိနေတယ်လို့ ဒေါက်တာ
ထွန်းမြင့်ကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက တာဝန်ချိန် ပြင်ပဆေးခန်းမှာရှိနေတဲ့  ဆရာဝန်တွေကို အရေးယူမယ်လို့ 
တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက အစိုးရစတက်စဉ်ကာလအတွင်းပြောကြားခဲ့ ဖူးပါတယ်.။
မျိုးမင်းပိုင်

No comments:

Post a Comment