Latest News

Friday, June 9, 2017

စိတ်ဖိစိးနေသူတွေကို နားလည်ပေးလိုက်ပါ

စိတ်ဖိစိးနေသူတွေကို နားလည်ပေးလိုက်ပါ



စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံတွေ့နိုင်တဲ့အတွက် လူတွေကြားထဲမှာ နေထိုင်တဲ့ကိုယ်လည်းပဲ မကြာခဏဆိုသလို စိတ်ဖိစီးနေတဲ့သူတွေကို တွေ့ရမြင်ရမှာပါပဲ။



တစ်ခါတစ်ရံမှာဆို ကိုယ်ကတောင် စိတ်ဖိစီးသူ ဖြစ်နေတတ်ပါသေးတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှု ဆိုတာ ခဏတစ်ဖြုတ်သာ ဖြစ်တတ်တဲ့ စိန်ခေါ်မှုတစ်ခုလို့နားလည်လက်ခံလိုက်ပါတယ်။



အဆင်ပြေသွားပါလိမ့်မယ်… သိပ်စိတ်ပူဖို့ မလိုပါဘူး…ဆိုတဲ့အားပေးစကားက ကိုယ့်ကိုယ်ကိုလည်း ပြောရသလို၊ အခြားသူတစ်ဦးဦးကိုလည်း ပြောပေးဖို့ လိုအပ်တဲ့စကားပါပဲ။



ကိုယ်အနေနဲ့စိတ်ဖိစီးမှု မရှိဘူးဆိုရင်တောင်မှ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့စိတ်ဖိစီးနေသူတွေကို ကူညီပေးနိုင်တာတွေရှိပါတယ်။ ပတ်ဝန်းကျင်က လူတွေမှာ စိတ်ဖိစီးမှု တွေရှိမရှိဆိုတာကို သိနိုင်ဖို့ အကောင်းဆုံးလေ့လာနည်းတွေရှိပါတယ်။



ပုံမှန်အခြေအနေမှာ လုပ်ဖော်ကိုင်ဘက်တွေကို နှုတ်ဆက်တတ်တဲ့သူတွေက စိတ်ဖိစီးနေချိန်မှာတော့ ဘယ်သူ့ကိုမှ စကားမပြောဘဲနဲ့ အလုပ်စာပွဲမှာ ၀င်ထိုင်ပြီး ငြိမ်နေတတ်ပါတယ်။



ပုံမှန်အခြေအနေမှာ အများနဲ့အတူ နေ့လည်စာ စားတတ်သူက စိတ်ဖိစီးနေရင်တော့တစ်ယောက်တည်း နေ့လည်စာ စားတာ၊ တစ်ယောက်တည်းနေလာတာတွေကို တွေ့မြင်ရပါမယ်။



နောက်တစ်ချက်ကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိသားစုတွင်းမှာပဲ ဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် သည်းမခံနို်င်တာ၊စိတ်တိုတာတွေကိုလည်း တွေ့လာရပါမယ်။



နောက်တွေ့နို်ငတာကတော့အရင်တုန်းက သေသေသပ်သပ်ဝတ်ဆင်ပြီးတော့ ကြည်လင်လန်းဆန်းတဲ့အသွင်သဏ္ဍန်ရှိနေခဲ့ပေမဲ့စိတ်ဖိစီးနေချိန်မှာတော့မသေမသပ်နဲ့ဖြစ်ကတတ်ဆန်းနေတာ တွေ့ရပါမယ်။



တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်တတ်တဲ့ဖြစ်ပေမဲ့ စိတ်ဖိစီးနေချိန်မှာတော့ကိုယ့်ရဲ့ သွင်ပြင်နဲ့သန့်ရှင်းမှုကိုလည်း ဂရုမစိုက်နို်ငကြပါဘူး။



အဲဒီလို အခြေအနေနဲ့သူကို တွေ့ပြီဆိုရင်တော့သူ့ကို နားလည်ပေးပါ၊  သူ့အပေါ်သည်းခံနားလည်ပေးတာက သူ့ကို ကူညီပေးနေတာပါပဲ။

ပြီးတော့ လုပ်ငန်းခွင်ကနေ ခေတ္တအနားယူဖို့ တိုက်တွန်းတာ၊ အပန်းဖြေခရီးထွက်နို်ငအောင် စီစဉ်ပေးတာ တွေကို ဆောင်ရွက်ပေးခြင်းအားဖြင့်သူ့ကို ကူညီပေးရာ ရောက်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment