Latest News

Friday, June 30, 2017

မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက်သူများ သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မည်

မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက်သူများ သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက် သူများအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်မ၀င်းစားဟု သတ်မှတ်ကာ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အငှား အိမ်ရာအိမ်ခန်းနေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

''စိတ်မ၀င်စားဖူးလို့ သတ်မှတ်ပြီးတော့မှ သူတို့ကို စာရင်းပယ်ဖျက်မယ်။ ပယ်ဖျက်ပြီးတာနဲ့ နဂိုတုန်းက စောင့်ဆိုင်းစာရင်းဆိုပြီးလုပ်ထားတာရှိတယ်။ လျှောက်ထားတဲ့သူတွေထဲက မဲနှိုက်ပြီးတော့မှ အရံအနေနဲ့က ရာနဲ့ချီပြီး စာရင်းလုပ်ထားတာ ရှိတယ်။ အဲဒါက အရင်အစိုးရအဖွဲ့က လုပ်ထားခဲ့တာ။ အဲဒီလူတွေကိုပဲ ပေးမလား၊ လက်ရှိအစိုးရဆီမှ ညွှန်ကြားချက်တောင်းရမှာပေါ့။ ဒီအခန်းတွေကို စိတ်ဝင်စားတဲ့သူတွေ ဘယ်နှယောက်ရှိတယ်ဆိုတာ ပြန်ပြီးအစီရင်ခံစာတင်ရမှာပေါ့''ဟု မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးယုခိုင်က News Watch သို့ ပြောသည်။

အဆိုပါအငှားအိမ်ရာစီမံကိန်းကို ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ငှားရမ်းနေထိုင် ခွင့်လျှောက်လွှာခေါ်ယူရာတွင် ရန်ကုန်အိမ်ထောင်စုစာရင်း ၆၆/၆ ရှိသူဖြစ်၍ အိမ်ပိုင်မရှိကြောင်း သက်ဆိုင် ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်များ ပါဝင်ရမည်ဟူ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူက လစဉ်အစိုးရသို့ ကျပ်သုံးသောင်းပေးသွင်း၍ နှစ်အကန့်အသတ်မရှိ ငှားရမ်းနေထိုင်ခွင့်ရရှိ မည်ဖြစ်ပြီး ပိုင်ဆိုင်မှုပေးမည်မဟုတ်ဘဲ အခြားသူအား လွှဲပြောင်းရောင်းချခွင့်မရှိဟု သတ်မှတ်ထားကြောင်း သိရသည်။ ယင်းအိမ်ရာငှားရမ်းနေထိုင်ခွင့်လျှောက်ထားသူများကို ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် မတ်လအတွင်းက မဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဟာဗန္ဓုလ အငှားအိမ်ရာ ဒုတိယအဆင့်တိုက် ၂၂ လုံးရှိ တိုက်ခန်း မဲပေါက်သူများကို အိမ်ခန်းပေါ် တက်ရောက်နေထိုင်နိုင်ရေးအတွက် ဆက်သွယ်ကြပါရန် ၂၀၁၇ ခုနှစ် မေလ ၂၁၊ ၂၂ ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြော်ငြာခဲ့ရာ အိမ်ခန်းပေါင်း ၅၂၈ ခန်းရှိသည့်အနက် အခန်းပေါင်း ၄၂၈ ခန်း သာ လာရောက်ဆက်သွယ်ခဲ့ပြီး အခန်း ပေါင်း ၁၀၀ မှ ဇွန် ၂၆ ရက်အထိ ဆက်သွယ်လာခြင်းမရှိသေးကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာအိမ်ခန်းနေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည်။

ယင်းသို့ လာရောက်ဆက်သွယ်ခြင်းမရှိသေးသည့်အတွက် ဇူလိုင် ၇ ရက် နောက်ဆုံးလာရောက် ဆက်သွယ်ကြရန် အကြောင်းကြားထားပြီး လာရောက်ဆက်သွယ်လာခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်ဝင်စားခြင်းမရှိဟုသတ်မှတ်၍ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး အခြားနေထိုင်လိုသူများအား စိစစ် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။

ထို့ပြင် မဟာဗန္ဓုလအငှားအိမ်ရာ ပထမအဆင့် တိုက် ၁၈ လုံးတွင် တိုက် ခန်းမဲပေါက်သူများကို အိမ်ခန်း ပေါ်တက် ရောက်နေထိုင်နိုင်ရေးအတွက် ဆက်သွယ်ကြရန် ၂၀၁၇ ခုနှစ် ဧပြီ ၂၊ ၃ ရက်၊ မေလ ၂၁၊ ၂၂ တို့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြော်ငြာခဲ့သော်လည်း အိမ်ခန်းပေါင်း ၂၅ ခန်းတို့မှ လာရောက်ဆက် သွယ်ခြင်းမရှိသေးသည့်အတွက် ဇွန် ၃၀ ရက် နောက်ဆုံးလာရောက်ဆက်သွယ်ကြ ရန်နှင့် ဆက်သွယ်လာခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်ဝင်စားခြင်းမရှိဟု သတ်မှတ်၍ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး အခြားနေထိုင်လိုသူများအား စိစစ်နေရာချထားပေးသွားမည်ဖြစ်ကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာအိမ်ခန်းနေရာချ ထားရေးနှင့် ကြီးကြပ်မှုကော်မတီက အသိပေးထားသည်။
လင်းလင်းအောင်
News Watch

No comments:

Post a Comment