Latest News

Sunday, June 4, 2017

ကော့ကရိတ်သီးသန့် အချုပ်ခန်း ဖောက်ထွင်းခံရ၊ အချုပ်သား ၆ ဦး လွတ်မြောက်နေ

ကော့ကရိတ်သီးသန့် အချုပ်ခန်း ဖောက်ထွင်းခံရ၊ အချုပ်သား ၆ ဦး လွတ်မြောက်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သီးသန့်အချုပ်ခန်း မနေ့ညက အဖောက်ခံရပြီး အချုပ်သား ၆ ယောက် ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ကော့ကရိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ပြောပါတယ်။

မနေ့ည ၁၀ နာရီလောက်က အချုပ်သားတွေက အချုပ်ဆောင်ခေါင်မိုးကိုဖောက်ပြီး အချုပ်သား ၇ ယောက် ထွက်ပြေးရာ ၁ ယောက်ကို ပြန်လည်ဖမ်းဆီးရမိပြီး ကျန် ၆ ယောက် ထွက်ပြေး လွတ်မြောက် သွားတာလို့ ပြောပါတယ်။

“၇ ယောက်မှာ တယောက်ပြန်မိတယ်။ ၆ ယောက်လွှတ်သွားတယ်။ ခေါင်မိုးကနေ ဖောက်သွား တယ်။ သူတို့ဟာသူတို့ဖောက်တာ။ အားလုံး အမျိုးသားတွေချည်းပဲ။ ”

ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ လွန်ခဲ့လအနည်းငယ်က မူးယစ်ဆေးဝါးမှု၊ လက်နက်မှု တွေနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ကော့ကရိတ်မြို့နယ်က ဒေသခံတွေ ဖြစ်တယ်လို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း  မူးယစ်ဆေးဝါးမှုနဲ့ ကော့ကရိတ်ကနေ ဘားအံမြို့မှာ တရားရုံးထုတ်တဲ့အမျိုးသမီးတဦး ဘားအံကနေ ကော့ကရိတ်အပြန် မိုင်တိုင် ၈ လောက်မှာ ပြန်လမ်းမှာ အရပ်ဝတ်လက်နက်ကိုင်အချို့က ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး အဆိုပါ အမျိုးသမီးကို လူယူခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကော့ကရိတ်ခရိုင်ရဲတပ်သားတဦးလည်း သေနတ်ထိမှန်သေဆုံး ခဲ့ရပါတယ်။

Credit - DVB

No comments:

Post a Comment