Latest News

Monday, June 26, 2017

တာချီလိတ်မြို့တွင် သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရေး လမ်းများအဆင့်မြှင့်ဆောင်ရွက်

တာချီလိတ်မြို့တွင် သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရေး လမ်းများအဆင့်မြှင့်ဆောင်ရွက်

တာချီလိတ် ဇွန် ၂၃

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့်တာချီလိတ်မြို့သန့်ရှင်းသာယာ လှပရေး၊ ရေးစီးရေလာ ကောင်းမွန်ရေး ၊ သွားလာမှု လွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့တွင်းလမ်းများ လမ်း ဘေးဝဲယာ တိုးချဲ့ခြင်း နှင့် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပုန်းထွန် ရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၅.၆၁၅)သန်းဖြင့် အရှည်ပေ (၄၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မရှိ ၀မ်မိုင်လမ်းကတ္တရာခင်းခြင်း လုပ်ငန်း၊ ငွေကျပ်(၃.၂၂)သန်းဖြင့် အရှည်ပေ (၂၃၀)၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မရှိ အမှတ်(၆)လမ်း ကတ္တရာခင်းခြင်း လုပ်ငန်း၊ ခွင့်ပြုငွေကျပ်(၅.၇၈၅)သန်းဖြင့် ၀မ်ကောင်းရပ်ကွက်ရှိ အရှည်(၂၃၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆) လက်မရှိ မြစံပယ်လမ်း၊ ရတနာလမ်းသွယ် (၆)နှင့်(၈)တို့အား ကွန်းကရစ်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုငွေကျပ် (၆.၅၃၅)သန်းဖြင့် အရှည်(၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ မကာဟိုခမ်းရပ်ကွက်မှ မြတ်လေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ ခွင့်ပြုငွေကျပ် (၂၄၉.၁၆)သန်းဖြင့် အရှည်(၁၆၀၀)ပေ၊ အကျယ်(၆)ပေ၊ ထု(၆)လက်မရှိ ဗိုလ်ချုပ်လမ်းဘေးဝဲ၊ယာနှစ်ဘက်အား ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းနှင့် ရေမြောင်းပလက်ဖောင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို တာဝန်ခံအင်ဂျင်နီယာ ဦးလှမျိုး နှင့် လက်ထောက် အင်ဂျင်နီယာ ဦးဇော်မျိုးဝင်း တို့က အရည်အသွေးပြည့်မီပြီး၊ သတ်မှတ်ကာလပြီးစီးရေး အတွက် ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။ ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးဌာနအနေနဲ့ ဗိုလ်ချုပ် လမ်းဘေးဝဲယာ ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က အမှတ်(၁)ချစ်ကြည်ရေးတံတား ထိပ်ရှိ အ၀ိုင်းမှ အားကစားရုံးလမ်းဆုံအထိ ဆောင်ရွက်ခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်မှာတော့ အားကစားရုံလမ်းဆုံကနေ အမှတ်(၂)ချစ်ကြည်ရေးတံတားအထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ၏ ပြောပြချက်အရ သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
Myanmaalinn

No comments:

Post a Comment