Latest News

Wednesday, June 14, 2017

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း တစ်ပတ်အတွင်း ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း တစ်ပတ်အတွင်း ထုတ်ပေးမည်

၂၀၁၇ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူများ၏ အမှတ်စာရင်း များကို အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံစာစစ်ဦး စီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ)၊ ဇွဲကပင်ဆောင်နှင့် နေပြည်တော်၊ ရုံးအမှတ် (၅၂)တွင် ထုတ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အမှတ်စာရင်းတောင်းခံရာတွင် ဖြေဆိုသူအမည်နှင့် ခုံနံပါတ်လိုအပ်မည်ဖြစ်ပြီး ဖြေဆိုသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလာ ရောက်ထုတ်ယူနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးတစ်ဦးကပြောသည်။

‘‘အောင်စာရင်း ထွက်ပြီးရင်အမှတ်စာရင်းကို မြန်မြန်သိချင်ကြတာပဲဆိုတော့ အောင်စာရင်းထွက် ပြီး တစ်ပတ်အတွင်း အမှတ်စာ ရင်းစထုတ်ပေးနိုင်ဖို့ စီစဉ်နေပါ တယ်’’ဟု ၎င်းကဆိုသည်။

အမှတ်စာရင်းများထုတ်ယူ ရာတွင် အမှတ်စာရင်းတောင်းခံ လွှာနှင့် တံဆိပ်ခေါင်းဖိုးအတွက် ကျပ် ၄၀ဝ ပေးသွင်းရမည်ဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်မိနစ်အတွင်း ကျောင်းသားနှစ်ဦး၏ အမှတ်စာ ရင်းကို ထုတ်ပေးနိုင်ရန် လျာထား ဆောင်ရွက်မည်ဟု ဆိုသည်။

ယခင်နှစ်များက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(လှိုင်တက္ကသိုလ်နယ်မြေ)တွင် အမှတ်စာရင်းထုတ် ပေးရာ၌ ပွဲစားများအတွက် ဈေး ကွက်တစ်ခုပေါ်ပေါက်ခဲ့ရာ ယခု နှစ်တွင် ယင်းတို့ အခြေပြုလှုပ်ရှား တတ်သော မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနရုံးရှေ့ရှိ ဈေးဆိုင်များကို ဖယ်ရှားထားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အမှတ်စာရင်းထုတ်ယူသူများ သတင်းအချက်အလက် ပွင့်လင်း မြင်သာစွာရရှိရန် အမှတ်စာရင်း ထုတ်ယူမှုနှင့် ပတ်သက်သော ကြေညာချက်များကို ရုံးအတွင်း ကပ် ထားမည်ဖြစ်ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment