Latest News

Wednesday, June 14, 2017

တရုတ်အဆုတ် ရုရှားအတက်မှာ မြောက်ကိုရီးယား ဘာတွေ ဆက်ဖြစ်မလဲ

တရုတ်အဆုတ် ရုရှားအတက်မှာ မြောက်ကိုရီးယား ဘာတွေ
ဆက်ဖြစ်မလဲ

တောင်ကိုရီးယား  ဟာ မြောက်ကို ရီးယားနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ် တည်ဆောက်ဖို့ အမေရိကန်နဲ့ ခပ်ခွာခွာနေစပြုလာချိန်မှာပဲ ရုရှားကလည်း  ကြားဝင် လာတာကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ အရှေ့အာရှရဲ့ အင်အားချိန်ခွင် လျှာညှိမှု တစ်ခု ရုပ်လုံးပေါ်လာနေပါတယ်။

တောင်ကိုရီးယားသမ္မတမွန်းဂျေအင်း ရဲ့ အကြီးတန်းလက်ထောက် တစ်ဦးက THAAD လို့ သိကြတဲ့ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်မှုကို ရပ်ဆိုင်းသွားမယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ မွန်းက သူ့ရဲ့ မဲဆွယ် လှုပ်ရှားမှု ကာလအတွင်း သည်တပ်ဆင်မှုကို ကန့်ကွက်ခဲ့ပြီး အခုချိန်မှာတော့ သည်စနစ်ကြောင့်  ပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုကို လေ့လာဖို့ အမိန့်ထုတ်ထားပြီး သည်လေ့လာမှု ပြီးပြည့်စုံဖို့ ဆိုရင် နှစ်နှစ်လောက် ကြာလိမ့်မယ်လို့ သူ့လက်ထောက်က ပြောပါတယ်။

အမေရိကန်  သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-ကိုရီးယားလွတ်လပ်စွာ ကုန် သွယ်ခွင့် သဘောတူညီချက်ကို ဖျက်သိမ်းသွားမယ်လို့ ခြိမ်းခြောက်ပြီး  THAAD အတွက် တောင်ကိုရီးယားအစိုးရက ငွေပေးချေရမယ်လို့ ဖိအားပေးထားတာကြောင့် အဆင်မပြေဖြစ်နေတဲ့ နှစ်နိုင်ငံကြားဆက်ဆံရေးမှာ သည်အချက်က  နောက်ထပ် တင်းမာမှုတွေကို ဖြစ်စေပါတယ်။

တစ်ပြိုင်တည်းမှာပဲ ရုရှားကလည်း  မြောက်ကိုရီးယားနဲ့ စီးပွားရေး ဆက်နွှယ်မှုတွေ ပိုပြီး အားကောင်းအောင် လုပ်ဆောင် လာပါတယ်။  ရုရှားသတင်းအေဂျင်စီ Sput-link  ရဲ့ မေလက သတင်းတစ်ပုဒ်အရ  ရုရှားနဲ့ မြောက်ကိုရီးယားကြား  နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ သည်နှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း  အရင်နှစ် အလား တူကာလထက်စာရင် ၃၇ ရာခိုင်နှုန်း တိုးတက်လာ ပြီး မြောက်ကိုရီးယားကို  ရုရှားရဲ့ ပို့ကုန် တင်သွင်းမှု ဟာ ၁၄၉.၁ ရာခိုင်နှုန်း တိုးလာ တယ်လို့  သိရပါတယ်။

ဒါဟာ  တရုတ်က မြောက်ကိုရီးယားရဲ့  ကျောက်မီးသွေးတင်သွင်းမှုကို တားမြစ် လိုက်တယ်လို့  ကြေညာပြီး သုံးလအကြာမှာ ဖြစ်လာတာပါ။သည်ကျောက်မီးသွေးဟာ မြောက်ကိုရီးယားအစိုးရရဲ့ အဓိက ပို့ ကုန်တစ်ခုဖြစ်တာကြောင့် တရုတ်အစိုးရ ရဲ့ သည်တားမြစ်တဲ့ ဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေမှာ အများကြီး အကျိုး သက်ရောက်သွားစေပါတယ်။

မြောက်ကိုရီးယားဟာ ကြာသပတေး နေ့မှာ ဒုံးကျည်စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး  နောက်တစ်နေ့မှာပဲ ရုရှား သမ္မတဗလာဒီမာပူတင်က သည်ရန်စမှုကို ကန့်ကွက်တဲ့အကြောင်း  ထုတ်ပြောခဲ့သလို မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်မှုတွေ မလုပ်ဖို့လည်း သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ထိရောက်စေဖို့အတွက် တရုတ်ရဲ့ ပါဝင်ဟန့်တားပေးမှုက အဓိက အတားအဆီးကြီး တစ်ခု ဖြစ်ခဲ့ပေ မဲ့  နောက်ဆုံးမှာ တရုတ်က ပါဝင်ကူညီပေးတဲ့ အချိန်မှာ ရုရှားက မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုကို  တိုးမြှင့်ပြီး သည်ပိတ်ဆို့မှုတွေကို အားပျော့သွားအောင် လုပ်ဆောင် လာတာကြောင့်  သည်လို စကားသံမျိုး ထွက်ပေါ်လာတာဟာ စိုးရိမ်စရာ ဖြစ်လာ ပါတယ်။
နီဂါတာ တက္ကသိုလ်က စီးပွားရေး ပါမောက္ခအိုင်ဗန်စီလီချက်ချေ့ရဲ့ အဆိုအရ ဒါဟာ အာဏာပြဖို့  ရည်ရွယ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့  သိရပါတယ်။

“အတိုချုပ်ပြောရမယ်ဆိုရင် အနောက်အုပ်စုနဲ့ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကွဲပြားသွားအောင် နဲ့ သူ့ရဲ့ ပထဝီ နိုင်ငံရေးအင်အားနဲ့ ထင်ရှားပေါ်လွင်မှုကို ပြသဖို့ အတွက်ပါပဲ၊ ဒီတော့ပစ်မှတ်က မြောက်ကိုရီးယား၊ ဆီးရီးယား ဒါမှမဟုတ် ကျူးဘား တစ်ခုခုပေါ့၊ တစ်ဖက်က ကြည့်မယ် ဆိုရင်လဲ ကျွန်တော်တို့ဟာ  မြောက်ကို ရီးယားနဲ့ ဆက်ဆံရေး တိုးချဲ့လာတဲ့ ရုရှားကို ပိုပြီး တွက်ဖို့တော့မလိုဘူး၊ သူတို့ ကြား ဆက်ဆံရေးဟာ တရုတ်နဲ့ မြောက်ကိုရီး ယားကြား က ဆက်ဆံရေးကိုတော့ သိသိသာသာ မယှဉ်နိုင်ဘူး” လို့   သူက ပြောပါ တယ်။

ရုရှားအစိုးရ ဟာ မကြာသေးခင်က လည်း မြောက်ကိုရီးယားမြို့ ရာဂျင်းနဲ့ ရုရှား က ဗီလာဒီဗိုစတော့ကြား ကူးတို့ယာဉ် လိုင်းအသစ်တစ်ခုကို ဖွင့်ပေးခဲ့ပါတယ်။  ရုရှားအရာရှိတွေကလည်း ရာဂျင်း- ဟာ ဆန်မီးရထားလမ်း အဆင့်မြှင့် တင်ဖို့ ဇန် နဝါရီလက မြောက်ကိုရီးယားကို သွားရောက်လေ့လာခဲ့ကြသလို ရုရှားနိုင်ငံ အတွင်းမှာ ရှိပြီးသား ဖြစ်တဲ့ မြောက်ကိုရီးယား ဆောက်လုပ်ရေးနဲ့ သစ်ထုတ်လုပ်ရေး လုပ်သားအရေအတွက်ကို ထပ်မံဖြည့်တင်းပေးဖို့ နှစ်နိုင်ငံ သဘောတူ  ညီခဲ့ကြပါတယ်။

သည်လုပ်ရပ်တွေ အားလုံးဟာ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားအစိုးရအတွက် အကူအညီ တွေ ဖြစ်ခဲ့ပါတယ်။ မွန်းဂျေအင်းကလည်း မြောက်ကိုရီးယားနဲ့ စီးပွားရေး ဝန်းရံမှုတွေ လုပ်ဆောင်ဖို့ ပြောကြားထားသလို ကေဆောင်  စက်မှုဇုန်ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

ရုရှားနဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို စီးပွားရေး လျှော့ပေါ့သက်သာမှုတွေ အပြိုင်အဆိုင်ကမ်းလှမ်းနေချိန် မှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန် ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်လာနေပြီး တစ်ဖက်မှာတော့ တရုတ်နဲ့  အမေရိကန် ကြား ဆက်ဆံရေးကတိုးတက်စပြုလာပါတယ်။

တရုတ်၊ မြောက်ကိုရီးယား ၊ ရုရှားတို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့နဲ့ အမေရိကန်ရဲ့  ဩဇာအဝန်းအဝိုင်းကနေ တောင်ကိုရီးယားနိုင်ငံ ရုန်းထွက်နိုင်ဖို့ မျှော်လင့်နေတဲ့ မွန်းဂျေအင်း ရဲ့ အယူအဝါဒ ပိုပြင်းထန်တဲ့ ကွန်မြူနစ်ယိမ်း ထောက်ခံသူတွေကို တုန်လှုပ်ချောက်ချား သွားစေတဲ့ လုပ်ရပ်တစ်ခုကတော့ မေလ ၁၁ ရက်က ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ဟာ တရုတ်ကို အမေရိကန်သွင်းကုန်တွေ ပိုမိုတိုးချဲ့ဖို့  သမိုင်းဝင်သဘောတူညီချက် တစ် ရပ် ရခဲ့တာပဲ ဖြစ်ပါတယ်။ သည်ထဲမှာ သ ဘာဝ ဓာတ်ငွေ့အရည်  တင်သွင်းတာလည်း ပါဝင်ပြီး ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်  က ရုရှားနဲ့ တရုတ်ကြားက သမိုင်းဝင် ဓာတ်ငွေ့ပိုက်လိုင်းသဘောတူညီချက်တစ်ရပ် ကို အားပျော့သွားစေပါတယ်။

ထရမ့်နဲ့ ရှီတို့ ကြေညာပြီး နောက် တစ်ရက်မှာပဲ မွန်းကလည်း သူဟာ ကိုရီး ယား – ရုရှားဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ပြန်  စတင်ဖို့ ရည်ရွယ်ထားတယ်လို့  ကြေညာခဲ့ပါတယ်။
အခုချိန်မှာ ရုရှားကလည်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုတွေ တိုးမြှင်လာပါတယ်။

ကိုရီးယားကျွန်းဆွယ်အပေါ် ရုရှား ကစားနည်းဆိုတဲ့ စာအုပ်ကို ရေးသားသူ ဖြစ်ပြီး ဟန်ယောင်းတက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ ပါမောက္ခယွန်ကျိုးကင်မ်က ရုရှားဟာ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်တဲ့ နည်းလမ်းနဲ့ အမေရိကန်-တရုတ် ဆက် ဆံရေးကို  ချိန်ခွင်လျှာညှိနေတာပဲ ဖြစ် တယ်လို့ သုံးသပ်ပါတယ်။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment