Latest News

Thursday, June 29, 2017

လောကီကိစ္စများတွင် သာသနာ့အလံကို မသင့်လျော်စွာ အသုံးပြုပါက အရေးယူမည်

လောကီကိစ္စများတွင် သာသနာ့အလံကို မသင့်လျော်စွာ အသုံးပြုပါက အရေးယူမည်

ရန်ကုန် ၊ ဇွန် ၂၉ ။          ။ သာသနာ့အလံအား သံဃာအဖွဲ့အစည်းများက သတ်မှတ်ပြဌာန်းထားသည့်အတိုင်း အသုံးမပြုဘဲ လောကီကိစ္စရပ်များတွင် မသင့်မလျော်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် အချို့သော ရဟန်း၊ သာမဏေ၊သီလရှင် ၊ လူပုဂ္ဂိုလ်တို့သည် သာသနာ့ အလံတော်အား နိုင်ငံရေး ၊လူမှုရေးစသည့် လောကီရေးရာများတွင် တလွဲသုံးစွဲနေခြင်းကို တွေ့ရှိနေရသောကြောင့် သာသနာ့အလံတော်အား မသင့်မလျော်သောနေရာများတွင် အသုံးပြုပါက ဥပဒေနှင့်အညီအရေးယူမည်ဖြစ်သည်ဟု သိရသည်။

သာသနာ့အလံတော်အား သံဃနာယကလက်စွဲ တွင်ဖော်ပြထားသည့်အတိုင်း နေ့ထူးနေ့မြတ်များနှင့် သာသနာပွဲများတွင်သာ အသုံးပြုခွင့်ရှိပြီး "လမ်းဘေး၊ လမ်းဆုံလမ်းခွ၊   မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ဈေးစသော ဌာနတို့၌ အကြောင်းမဲ့သက်သက် သာသနာ့အလံတော်ကိုအသုံးမပြုရ" ဟု ဖော်ပြထားသည်။

ယင်းအပြင် "သာသနာ့အလံတော်ကို ဗုဒ္ဓဘာသာ သာသနာရေးကိစ္စနှင့် မသက်ဆိုင်သော ကိစ္စများတွင် အသုံးမပြုရ။ သာသနာ့အလံတော်ကိုဆုတ်ဖြတ်ဖျက်ဆီးခြင်း ၊ အဆင်းသဏ္ဍာန် ပျက်ပြားအောင် တမင်သက်သက်ပြုခြင်း မလေးမစားပြုခြင်းတို့ကိုမပြုလုပ်ရ" ဟုလည်း သံဃာအဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း၁၄ အပိုဒ် ၂၁၅ တွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment