Latest News

Sunday, June 18, 2017

ငွေစက္ကူအတုကိစ္စ လိုချင်သောအဖြေမရ၍ လွှတ်တော်ကော်မတီထံ စာတင်ကာ ဆက်လက်လုပ်ဆောင်မည်ဟု ဒီချုပ်အမတ်ပြော

ငွေစက္ကူအတုကိစ္စ လိုချင်သောအဖြေမရ၍ လွှတ်တော်ကော်မတီထံ စာတင်ကာ ဆက်လက်လုပ်ဆောင်မည်ဟု ဒီချုပ်အမတ်ပြော

 ငွေစက္ကူအတု ကိစ္စကို လွှတ်တော်တွင် မေးမြန်းရာ လိုချင်သည့်အဖြေမရ၍ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေ ကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံ စာတင်ကာ ဆက် လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။

ဇွန်လ ၁၃ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်က ငွေစက္ကူအတုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့က မည်သို့ ပေါင်းစပ်ဖြေ ရှင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းပြီး လွှတ်တော်အပြီးတွင် သတင်း ထောက်များအား အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်က ငွေစက္ကူအတူထုတ်လုပ်ဖြန့်ချိမှု နှင့်မသက်ဆိုင်သည့် ပြည်သူများ ၏ငွေကြေးများကို လျော်ကြေး (သို့မဟုတ်)ထိုက်သင့်သော နှုန်း ထားမပေးဘဲ ဘဏ်များက ဖျက် ဆီးနေခြင်းသည် တရားဝင်ရှာဖွေ ထားသည့် ငွေကြေးကို တရားမ ဝင် ငွေစက္ကူအဖြစ်သို့ ပြောင်းလဲ ခံရခြင်းတစ်မျိုးဟု ယူဆကြောင်း မေးခွန်းမေးမြန်းရာတွင် ထည့် သွင်းပြောကြားသည်။

‘‘ငွေစက္ကူအတုတွေ ပြည်သူ့ လက်ဝယ်မှာ ထပ်မံလည်ပတ်မှု မဖြစ်စေရေးဆိုတဲ့ အကြောင်းပြ ချက်နဲ့တင်ပဲ တစ်စုံတစ်ရာဖြေ ရှင်းပေးမှုမရှိဘဲနဲ့ ပြည်သူတွေရဲ့ ချွေးနှဲစာထဲက ငွေစက္ကူတွေကို စက္ကူစုတ်တစ်ခုအဖြစ် ဖြစ်သွား တာကတော့ မသင့်တော်ဘူးလို့ ယူဆတဲ့အတွက် ဒီမေးခွန်းကိုမေး ရခြင်းဖြစ်ပါတယ်’’ဟု ဦးဖြိုးဇေ ယျာသော်က လွှတ်တော်၌ ပြော ကြားသည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်သည် ငွေစက္ကူ အတုများနှင့်ပတ်သက်၍ ဖျက်ဆီး ခြင်းမပြုဘဲ အတုများလာရောက် ပေးသွင်းမှုတွေ့ရှိပါက ပေးသွင်း သူ၏အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ တို့ကို မှတ်သားကာ လိုအပ်သလို စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရေး နီးစပ်ရာ ရဲစခန်းသို့ ပို့အပ်ရန် ပြည်တွင်းဘဏ်များကို ညွှန်ကြား ထားကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက လွှတ်တော်၌ ဖြေကြားသည်။

ပြည်တွင်း၌ ထုတ်ဝေထား သည့် ငါးထောင်ကျပ်တန်နှင့် တစ် သောင်းကျပ်တန် ငွေစက္ကူတို့၏ လုံခြုံရေးအဆင့်အတန်းကို ၂၀၁၄နှင့် ၂၀၁၅ တွင် မြှင့်တင်ခဲ့၍  ပုံစံဟောင်းငွေစက္ကူတွင်သာ အတု ပြုလုပ်မှုရှိပြီး လုံခြုံရေးအဆင့် မြှင့်တင်ထားသော ငွေစက္ကူများ တွင် အတုတွေ့ရှိမှုမရှိသလောက် နည်းပါးကြောင်း ဦးစိုးမင်းက ဆို သည်။

‘‘မြန်မာနိုင်ငံတော် ဗဟို ဘဏ်အနေဖြင့် လုံခြုံရေးအဆင့် မြှင့်တင်ထားပြီး တုပရန် ခက်ခဲတဲ့ ငွေစက္ကူများကိုသာ ထုတ်ဝေ လျက်ရှိပါတယ်’’ဟု ၎င်းက လွှတ် တော်၌ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငါးထောင်ကျပ်တန်အတု ၁,၃၄၃ ရွက် (၆,၇၁၅,၀၀၀ ကျပ်)နှင့် တစ်သောင်းကျပ်တန်အတု ၉၅၇ ရွက် (၉၅၇ သိန်း) တွေ့ရှိသဖြင့် လှည့်လည်သုံးစွဲလျက်ရှိသော ရွက်ရေ စုစုပေါင်း ၁,၃၅၃ သန်းနှင့်နှိုင်းယှဉ်ပါက အတုတွေ့ရှိမှုမှာ ၀ ဒသမ ၀၀,၀၅၄ ရာခိုင်နှုန်းသာရှိ ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ဆို သည်။

သို့သော် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန်ငွေစက္ကူ အတုပြုလုပ်၍ လိမ်လည်မှု မကြာ ခဏ ပေါ်ပေါက်နေသည်ကို တွေ့ရသည်။

ဇွန်လ ၁၃ ရက်တွင်ပင် မွန် ပြည်နယ် သိမ်ဇရပ်နယ်မြေ၌ တစ်သောင်းတန်နှင့် ငါးထောင် တန်အတုများဖြင့် ဈေးဝယ်နေသူ ငါးဦးကို ငွေစက္ကူအတုကျပ်သိန်း ၁၇၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

၂၀၁၇ ဇွန်နဝါရီမှ မေလ ၂၄ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငွေစက္ကူအတုများကို နယ်စပ်တွင် ခုနစ်ကြိမ်၊ ပြည်တွင်း၌ ခြောက် ကြိမ် ဖမ်းဆီးရရှိထားသည်ဟု ဦးစိုးမင်းက ဆက်လက် ပြော သည်။

ထို့အပြင် ပြည်တွင်း၌ ငွေ စက္ကူအတုများ ထုတ်လုပ်၊ ဖြန့် ဖြူးသုံးစွဲမှုမရှိစေရေး၊ ပြည်ပမှ ငွေစက္ကူအတုများ ဝင်ရောက်လာ မှုမရှိစေရေး အစီအမံများရေးဆွဲ ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဖမ်းဆီးနေကြောင်းနှင့် ငွေစက္ကူအတုနှင့် အစစ်ခွဲခြားနိုင် ရေး ပြည်သူလူထုအား အသိ ပညာပေးခြင်း၊ ပြစ်မှုကျူးလွန်သူ များကို ဥပဒေနှင့်အညီ  ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ဦးစိုးမင်းက လွှတ်တော်၌ ဖြေကြားသည်။

7Day News Journal

No comments:

Post a Comment