Latest News

Sunday, June 4, 2017

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီအတွက် အက္ခရာ ၄၄ လုံးခန့်၊ ထီစာအုပ်ပေါင်း ၃၅ သိန်းကျော် ခွဲဝေဖြန့်ဖြူးထားပြီး အရန်ထီတွင် 2nd အမှတ်အသား ပါဝင်မည်

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီအတွက် အက္ခရာ ၄၄ လုံးခန့်၊ ထီစာအုပ်ပေါင်း ၃၅ သိန်းကျော် ခွဲဝေဖြန့်ဖြူးထားပြီး အရန်ထီတွင် 2nd အမှတ်အသား ပါဝင်မည်

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီအတွက် အက္ခရာ ၄၄ လုံးခန့် ထီစာအုပ်ပေါင်း ၃၅ သိန်းကျော် ခွဲဝေဖြန့်ဖြူးထားကြောင်း သိရသည်။

(၄)ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် ပင်မထီအဖြစ် “က” အက္ခရာမှ “ဖ” အက္ခရာအထိ အစဉ်လိုက် အက္ခရာအလုံးရေ ၂၂ လုံး နှင့် အရန်ထီတွင် “ကက” မှ “ကဖ” အထိ အက္ခ ရာ ၂၂ လုံး စုစုပေါင်း ၄၄ လုံးဖြစ်ကြောင်း သိရသည်။ အရန်ထီဖြစ်သည့် “ကက” မှ “ကဖ” အထိ အက္ခရာတို့မှာ ဖွင့်လှစ်ခဲ့ပြီးသော ကျပ် ၅၀၀ တန်ထီများတွင် ပါဝင်ခဲ့ဖူးသဖြင့် ယခု (၄) ကြိမ်မြောက် အရန်ထီတွင် (2nd) အမှတ်အသားကို ထည့်သွင်းပေးထားကြောင်း သိရသည်။ ထို့ကြောင့် အရန်ထီတွင် ယင်းအမှတ်အသားပါ မပါ သတိပြုရန် လိုမည်ဖြစ်သည်။

အရန်ထီမှာ ယခုလတွင်သာ နောက်ဆုံးအနေဖြင့် ထည့်သွင်းရောင်းချခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက် ဖွင့်လှစ်ပြီးနောက်တွင် အရန်ထီ ရှိတော့မည် မဟုတ်ဘဲ အကြိမ်ရေနှင့် ထီဖွင့်လှစ်မည့် ရက်စွဲတို့ အတိအကျ ပါဝင်သော အောင်ဘာလေထီများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလတွင် အက္ခရာ ၄၄ လုံး ရှိသောကြောင့် မင်္ဂလာစုံတွဲထီမှာ ကျပ် ၂၂၀၀၀ အထိဖြစ်လာကြောင်း သိရသည်။ သို့သော် မူရင်းအတိုင်း ဈေးနှုန်းမှာ ရန်ကုန်မြို့၌ပင် ဆိုင်တိုင်း မရရှိနိုင်ဘဲ နယ်မြို့များတွင် ပိုမိုမြင့်တက် ရောင်းချလျက်ရှိကြောင်း သိရသည်။

“အက္ခရာ ၃၆ လုံးပဲ ရှိတုန်းကတောင် မူရင်းဈေးက ကျပ် ၁၈၀၀၀ လောက်ရှိတော့ ပြန်ရောင်းရင် ကျပ် ၂၂၀၀၀ လောက် ဖြစ်သွားတယ်။ နောက်ပိုင်းမှာ အက္ခရာအလုံးရေ ၅၀ လောက်အထိ တိုးဖို့ရှိတယ် ကြားတော့ မူရင်းဈေးတင် ကျပ် ၂၅၀၀၀ ဖြစ်လာရင် ကျပ်သုံးသောင်းလောက်နဲ့ ပြန်ရောင်းရမယ် ထင်တယ်။ အဲဒါဆို အရမ်းတန်ဖိုးများလာလို့ ရောင်းရတာ သိပ်အဆင်မပြေလောက်ဘူး”ဟု သထုံမြို့နယ်မှ ထီအရောင်း ကိုယ်စားလှယ်တစ်ဦးက မင်္ဂလာစုံတွဲထီနှင့် ပတ်သက်၍ ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီစနစ်သို့ ပြောင်းလဲပြီးနောက် (၁) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် အက္ခရာအလုံးရေ ၃၆ လုံး၊ (၂) ကြိမ်မြောက်တွင် အက္ခရာ ၃၃ လုံး၊ (၃) ကြိမ်မြောက်တွင် အက္ခရာ ၃၆ လုံး ရောင်းချခဲ့ပြီး ယခုလမှာ အက္ခရာအလုံးရေ အများဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။

ထီရောင်းရငွေအားဖြင့် (၁) ကြိမ်မြောက်တွင် ကျပ် ၁၅ ဘီလျံခန့်၊ (၂)ကြိမ် မြောက်တွင် ကျပ် ၁၃ ဘီလျံကျော်နှင့် (၃)ကြိမ်မြောက်တွင် ကျပ် ၁၅ ဘီလျံခန့် ရောင်းချခဲ့ရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment