Latest News

Sunday, June 4, 2017

ဘားအံ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် တစ်နေ့လျှင် ကလေး ၁၀ ဦးခန့် တက်ရောက်ကုသနေ

ဘားအံ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့်
တစ်နေ့လျှင် ကလေး ၁၀ ဦးခန့် တက်ရောက်ကုသနေ

ယခုနှစ် သွေးလွန်တုပ်ကွေးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဘားအံ ပြည်သူ့ဆေးရုံကြီးတွင် တစ်နေ့လျှင် ပျမ်းမျှ ၁၀ ဦးခန့် တက်ရောက်နေရပြီး ကရင်ပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အနက် ဘားအံမြို့နယ်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးအဆင့်၌ ရှိနေကြောင်း ကရင်ပြည်နယ် ပြည်သူ့ကုသရေးဦးစီးမှူးက ပြောကြားသည်။

၂၀၁၇ ခုနှစ် သွေးလွန်တုပ်ကွေးရာသီအတွင်း ကရင်ပြည်နယ် မြို့နယ်များ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ မေ ၂၄ ရက်နေ့  စာရင်းအရ ဘားအံမြို့နယ်တွင် ၁၈၀၊ လှိုင်းဘွဲမြို့နယ်တွင် ၄၂ ဦး၊ မြ၀တီမြို့နယ်တွင် ၁၆ ဦး၊ ကော့ကရိတ်မြို့နယ်တွင် ၂၉ ဦး၊ ဖာပွန်မြို့နယ်တွင် ရှစ်ဦး၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ခြောက်ဦးတို့ဖြစ်ပြီး သံတောင်ကြီးမြို့နယ်တွင် ရောဂါဖြစ်ပွားသူ မရှိပေ။

“လက်ရှိ ကရင်ပြည်နယ် တစ်ခုလုံးမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၃၀၀ နီးပါးလောက် ရှိတာတွေ့ရတယ်။ ဒီအတွက် ပြည်နယ်အစိုးရအဖွဲ့၊ အခြားလူမှုကူညီရေး အဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ပိုးလောက်လန်း နှိမ်နင်းရေးအတွက် လာမည့် သုံးလအတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် တောလက်ကျေးရွာနေသူများကလည်း ကျန်းမာရေးအသိနဲ့ ပါဝင်လာဖို့ အရေးကြီးပါတယ်”ဟု ပြည်နယ်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment