သား ဘင်လာဒင်လာချေပြီ။ အနောက်နိုင်ငံများအား ဖခင်အတွက် လက်စားချေမည်ဖြစ်ကြောင်း အိုစမာဘင် လာဒင် သားဖြစ်သူခြိမ်းခြောက်
( မေ-၁၃၊ ၂၀၁၇ ) နယူးယောက် ၉/၁၁ အကြမ်းဖက်မှု့၏ လက်သယ်တရားခံဖြစ်သူ အိုစမာဘင်လာဒင်၏ သားဖြစ်သူက အနောက်နိုင်ငံများအား လက်စားချေမည်ဟုခြိမ်းခြောက်လိုက်ကြောင်း နယူးယောက် ပို့စ်သ တင်းစာက ယနေ့ရေးသားဖော်ပြသည်။
အသက် ၂၈-နှစ်အရွယ်ရှိ၊ ဟမ်ဇောဘင်လာဒင် ထုတ်လွှင့်လိုက်သော ဗွီဒီယိုရုပ်သံဖိုင် ၂-ခုတွင် ဖခင်အရိုက် အရာကို ခံယူကာ သွေးစွန်းသောလက်စားချေမှု့များပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်ပြည်သူများအား အဓိကရည်ညွှန်းလျှက် သင်တို့ထံ ကျွန်ုပ်တို့လာနေပြီး ကျွန်ုပ်တို့၏လက်စားချေ ခြင်းအရပ်ရပ်ကို သင်တို့ခံစားကြရလိမ့်မည်ဟု ခြိမ်းခြောက်ထားသည်။
အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့စည်း၏ ၀ါဒဖြန့်ဗွီဒီယိုတွင် ဖခင်၏ဓါတ်ပုံရှေ့၌ ရိုင်ဖယ်သေနတ်ကိုင်လျှက် အသက် အငယ်ဆုံးထိပ်တန်းခေါင်းဆောင်ဖြစ်သူ ဟမ်ဇာဘင်လာဒင်အားတွေ့မြင်ကြရပြီး အင်အား တောင့်တင်းဆဲ အယ်ကိုင်ဒါအဖွဲ့တွင် ဟမ်ဇာ၏ သြဇာသက်ရောက်မှု့ကြီးမားကြောင်းသိရှိရသည်။
ယခုထုတ်လွှင့်လိုက်သည့် ဗွီဒီယိုတွင် ဟမ်ဇဘင်လာဒင်က ဖခင်ဖြစ်သူပြောကြားလေ့ရှိသည့် စကားအသုံး အနှုန်း လေသံအတိုင်း ကမ္ဘာသို့ သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။
၂၀၁၁-ခုနှစ် ပါကစ္စတန်တွင် အိုစမာဘင်လာဒင်အား နေဗီဆီးလ်အဖွဲ့ဝင်ရောက်သတ်ဖြတ်ချိန်တွင် ဟမ်ဇာသည် အိုစမာဘင်လာဒင်၏ ကွာရှင်းထားသော ပထမမယားနှင့်အတူ ပြည်ပတွင်ရှိနေခဲ့သည်။ အမေရိကန် ပြည် ထောင်စုအနေဖြင်မူ့ ဟမ်ဇာဘင်လာဒင်အား ယခုနှစ်စောစောပိုင်းရောက်မှသာ အကြမ်းဖက်မှု့ စောင့်ကြည့်ရ သူများ စာရင်းတွင်ထည့်သွင်းခဲ့သည်။
အာရဗီဘာသာ Ak Qaeda Al Jihad “ ဂျီဟဒ်ဌာနချုပ် “ ဟုအဓိပ္ပါယ်ရသော အယ်ကိုင်ဒါအဖွဲ့ကို ၁၉၇၉-ခုနှစ် အာဖဂန်နစ္စတန် ဆိုဗီယက်ကျုးကျော်မှု့တွင် နိုင်ငံတကာ မူဂျာဟေဒင်များဖြင့်ဖွဲ့စည်းခဲ့သည်။ ၉/၁၁ ဖြစ်စဉ်ကြောင့် အမေရိကန်နှင့် မဟာမိတ်များ အာဖဂန်တွင် ၀င်ရောက်ထိုးစစ်ဆင်သည့် ၂၀၀၁-ခုနှစ်တွင် အိုစမာဘင်လာဒင်နှင့် အယ်ကိုင်ဒါခေါင်းဆောင်များ အာဖဂန်မှ ထွက်ပြေးခြေရာဖျောက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အယ်ကိုင်ဒါ၏ လှုပ်ရှားမှု့များ မှေးမှိန်နေခဲ့သည်မှာ အရှေ့အလယ်ပိုင်းအာရပ်နွေဦး လှုပ်ရှားမှု့များတိုင်အောင်ဖြစ်သည်။ မငြိမ်မသက်ဖြစ်နေသော အာရပ်နိုင်ငံများတွင် အယ်ကိုင်ဒါများပြန်လည်ခေါင်းထောင်လျှက် ပါဝါထိန်းကျောင်းနိုင်သည့်အဆင့်ရရှိလာခဲ့သည်။
ဆီးရီးယားစစ်ပွဲတွင်ပါဝင်သော အချို့အဖွဲ့အစည်းများသည် အမေရိကန်ထံမှ လက်နက်နှင့် အကူအညီရရှိရန်မျှော်လင့်၍ အယ်ကိုင်ဒါ၏အမည်ခံယူခြင်းမရှိသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြောင်းသိရှိရသည်။ ၂၀၁၄-ခုနှစ်တွင် အီရတ်အယ်ကိုင်ဒါအဖြစ်လူသိများသော အဘူဘေက္ကာ အယ်ဘက္ကာဒီအဖွဲ့သည် အခြားဘာသာရေးအစွန်းရောက် ၃-ဖွဲ့ခန့်နှင့်ပူးပေါင်းကာ အိုင်စစ် (ISI/ISIL ) အဖွဲ့ဖြစ်လာပြီး ဆီးရီးယားနှင့်အီ၇တ်နယ်မြေများအား တိုက်ခိုက်သိမ်းပိုက်ကာ အစ္စလာမ်မစ်နိုင်ငံတော်ကိုထူထောင်သည်။
Htay Oung
Saturday, May 13, 2017
သား ဘင်လာဒင်လာချေပြီ။ အနောက်နိုင်ငံများအား ဖခင်အတွက် လက်စားချေမည်ဖြစ်ကြောင်း အိုစမာဘင် လာဒင် သားဖြစ်သူခြိမ်းခြောက်
သား ဘင်လာဒင်လာချေပြီ။ အနောက်နိုင်ငံများအား ဖခင်အတွက် လက်စားချေမည်ဖြစ်ကြောင်း အိုစမာဘင် လာဒင် သားဖြစ်သူခြိမ်းခြောက်
Reviewed by Ar Ti
on
11:20 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment