Latest News

Thursday, May 25, 2017

စာအိတ်ထဲကို ကျည်ဆန်ထည့်ပြီး ဓာတ်ဆီဆိုင်တွေနဲ့ တည်းခိုခန်းတွေကို ခြိမ်းခြောက်ငွေတောင်း

စာအိတ်ထဲကို ကျည်ဆန်ထည့်ပြီး ဓာတ်ဆီဆိုင်တွေနဲ့ တည်းခိုခန်းတွေကို ခြိမ်းခြောက်ငွေတောင်


လားရှိုးမြို့ နယ်ထဲမှာ ဓာတ်ဆီဆိုင်တွေနဲ့ တည်းခိုခန်းတွေကို လူနှစ်ယောက်က ငွေတောင်းခံစာတွေ လိုက်လံပို့ နေတယ်လို့  သိရပါတယ်။

မေလ ၂၄ ရက်နေ့  ညနေပိုင်းမှာ ဘောင်းဘီအနက်ရောင်၊ အင်္ကျီအဖြူအနက်အကြားဝတ်ဆင်ထားတဲ့ လူနှစ်ယောက်ဟာ M-20ကျည်ဆန်တစ်တောင့်စီပါတဲ့ စာအိတ်တွေကို မြို့ စွန်ကျတဲ့နေရာက တည်းခိုခန်းတွေ၊ ဓာတ်ဆီဆိုင်တွေကို ဆိုင်ကယ်တစ်စီးနဲ့  လိုက်လံပေးပို့ နေတာဖြစ်တယ်လို့  လားရှိုးမြို့ နယ် နယ်မြေခံရဲတပ်ဖွဲ့ မှ ရဲတပ်ကြပ်အေးမြင့်သူက ပြောပါတယ်။

”လူတစ်ယောက်က လုပ်သွားတယ်လို့  ကျွန်တော်တို့ လည်း သတင်းရပါတယ်။ ရဲတွေလည်း ပိတ်ဆို့ ပြီး ညတွင်းချင်း ရှာတယ်။ ဘယ်လို မှမတွေ့ သေးဘူး။မြို့ အပြင်မှာ ရှိတဲ့ ဆီဆိုင်တွေ၊ တည်းခိုခန်းတွေကိုပေါ့။ လူနှစ်ယောက်က လာပို့ သွားတာ” လို့  ရဲတပ်ကြပ်အေးမြင့်သူက ပြောပါတယ်။

လောလောဆယ်မှာတော့ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ က စာအိတ်ထဲ ကျည်ဆန်ထည့်ပြီး ငွေတောင်းခံနေသူတွေကို လိုက်လံရှာဖွေနေဆဲဖြစ်လို့  ဘယ်သူတွေဖြစ်တယ်ဆိုတာကို မသိရှိရသေးဘူးလို့  ရဲတပ်ကြပ်အေးမြင့် သူကပြောပါတယ်။

ဒါ့အပြင် အဲသည်လူနှစ်ယောက် စီးနှင်းလာတဲ့ ဆိုင်ကယ်ဟာလည်း နံပတ်ပြားပါလာခြင်းမရှိဘူးလို့  သိရပါတယ်။

မနေ့ ညက ခြိမ်းခြောက်ငွေတောင်းယူခံနေရတဲ့ တည်းခိုခန်းတွေနဲ့  ဓာတ်ဆီဆိုင်တွေရဲ့  အရေအတွက် ကိုတော့ စာရင်းကောက်ယူနေကြဆဲဖြစ်တယ်လို့  လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။

အဲသည်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ နဲ့  စုံစမ်းထောက်လှမ်းစစ်ဆေးရေးအဖွဲ့ တို့ က စုံစမ်းရှာဖွေနေကြပါတယ်။

မနေ့ ညက ဖြစ်ပွားနေတာနဲ့ ပတ်သတ်ပြီး စုံစမ်းရှာဖွေနေကြဆဲဖြစ်လို့  ဖြစ်စဉ်တိတိကျကျတော့ ပြောဆိုလို့ မရနိုင်သေးပေမယ့် အဲသည်သတင်းတွေဟာ ၇၅% နီးပါးမှန်နေတယ်လို့  စုံစမ်းထောက်လှမ်းစစ်ဆေးရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သူက-
” ဘယ်နေရာတွေမှာ ပို့ ခဲ့တယ်ဆိုတာကိုတော့ အဲသည်က လူတွေရဲ့  လုံခြုံရေးအတွက် ပြောလို့ တော့ အဆင်မ ပြေဘူးဗျ။ ကျွန်တော်တို့ လုံခြုံရေးလည်းရှိသေးတယ်။”လို့  ပြောပါတယ်။

ချမ်းသာ
Kumudra

No comments:

Post a Comment