Latest News

Wednesday, May 31, 2017

ပရီးမီးယားလိဂ်တွင် အဆင့်(၆)၌သာရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုး အရှိဆုံးကလပ်အသင်းစာရင်းတွင် မန်ယူအသင်း ထိပ်ဆုံးမှ ဦးဆောင်

ပရီးမီးယားလိဂ်တွင် အဆင့်(၆)၌သာရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုး အရှိဆုံးကလပ်အသင်းစာရင်းတွင် မန်ယူအသင်း ထိပ်ဆုံးမှ ဦးဆောင်

 မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၆- ၁၇ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၆)နေရာ၌သာ ရပ်တည်ခဲ့သော်လည်း ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်အသင်းစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နိုင် ခဲ့ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် စပိန်ထိပ်သီးအ သင်းများဖြစ်သည့် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်း များကိုကျော်ဖြတ်ပြီး ထိပ်ဆုံးတွင် တန်ဖိုးအ များဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

   ကမ္ဘာ့ကလပ်အသင်းများ၏ တန်ဖိုးသတ်မှတ်မှုကို ပရော်ဖက်ရှင်နယ် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော KPMG က ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ထိပ်သီးကလပ်အသင်း(၃၉)သင်းအား ၎င်းတို့၏ဘဏ္ဍာရေး အခြေအနေများကို တွက်ချက်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ လူမှု ကွန်ရက်ဝက်ဘ်ဆိုက်များနှင့် ရုပ်သံလိုင်းများ တွင်
၎င်းကလပ်အသင်းများ၏ ထင်ပေါ်ကျော် ကြားမှု၊ ၂၀၁၄-၁၅ရာသီနှင့် ၂၀၁၅-၁၆ရာသီ များတွင် ၎င်းကလပ်အသင်းများရရှိခဲ့သည့် ၀င်ငွေများ၊ ဥရောပပြိုင်ပွဲများတွင် အောင်မြင် မှုအစရှိသည်တို့ကို အခြေခံ၍
တွက်ချက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

 ကလပ်အသင်းများအား တန်ဖိုးသတ် မှတ်ရာတွင် အကယ်၍ ၎င်းကလပ်အသင်း ကို ၀ယ်ယူမည်ဆိုပါက မည်ရွေ့မည်မျှကုန် ကျနိုင်သည်ဆိုသည့်အချက်ကို အဓိကထည့် သွင်းစဉ်းစားခဲ့ကြောင်းလည်း
သိရှိရသည်။ ယင်းကဲ့သို့ အချက်အလက်များစွာကို စဉ်းစား တွက်ချက်ပြီးနောက် မန်ယူအသင်း၏တန်ဖိုး မှာ ယူရိုသန်း(၃၀၀၀) (ပေါင် ၂.၇ ဘီလျံ)ခန့် ရှိနေပြီး အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိပ်ဆုံး(၁၀)သင်း စာရင်းထဲတွင် ပရီးမီးယားလိဂ်မှ အသင်းကြီး (၆)သင်းစလုံးပါဝင်ခဲ့ပြီး မန်စီးတီး၊ အာဆင် နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းများမှာ အဆင့်(၅၊ ၆၊ ၇၊ ၈)နေရာများတွင်လည်း ကောင်း၊ စပါးအသင်းမှာ အဆင့်(၁၀)နေရာ တွင်လည်းကောင်း ပါဝင်ခဲ့သည်။ ထို့ပြင် ပြီး ခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လက်
စတာအသင်းမှာ အဆင့်(၁၆)နေရာတွင် လည်းကောင်း၊ အဲဗာတန်အသင်းမှာ အဆင့် (၁၇)နေရာတွင်လည်းကောင်းပါဝင် ခဲ့ပြီး ထိပ် ဆုံးအသင်း(၂၀)ထဲတွင်လည်း ပရီးမီးယား လိဂ်ကလပ်အသင်းများက
အများဆုံးအဖြစ် (၈)သင်းအထိပါဝင်နေကြောင်း သိရသည်။

Photo: AFP
Eleven Sports

No comments:

Post a Comment