Latest News

Wednesday, May 31, 2017

အစိုးရသက်တမ်း ဒုတိယနှစ်မှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှုးသတိပေး

အစိုးရသက်တမ်း ဒုတိယနှစ်မှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှုးသတိပေး


မြမင်းဦး(ပုသိမ်)
The Ayeyarwaddy Times
မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမသက်တမ်းအတွင်း ၀န်ထမ်းအချို့ကို သတိပေးမှုများသာ ပြုလုပ်ခဲ့သော်လည်း ဒုတိယသက်တမ်းမှစကာ အကျင့်ပျက်ဝန်ထမ်းများကို ငဲ့ညာမည်မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦသန်းဆွေဝင်း ကသတိပေး ပြောဆိုလိုက်သည်။

မေလ ၃၀ ရက်နေ့က ပုသိမ်မြို့၊ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှု အခြေအနေများနှင့် ပါတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွန်ကြားရေမှုးလည်းဖြစ်သူ ဦးသန်းဆွေဝင်းက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်နှစ်တာကာလမှာ ဆိုးဆိုးရွားရွားအရေးယူ ဆောင်ရွက်တာတွေ မရှိသေးပါဘူး၊ ရှိလာရင်တော့ဖြင့် အစိုးရအဖွဲ့အနေနဲ့ ငဲ့ညာမှာမဟုတ်ပါဘူး၊အခုတော့ထူးခြားမှားယွင်းမှုတွေ မရှိသေးတဲ့အတွက် သတိပေးဆုံးမဆောင်ရွက်မှုတွေ ရှိသော်လည်း ထူးခြားအရေးယူထားတာ မရှိသေးပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦသန်းဆွေဝင်း ကပြောသည်။

ဘတ်ဂျတ်ကိစ္စကို ၀န်ကြီးများမှ တက်ညီလက်ညီတာဝန်ယူပြီး ၀ိုင်းဝန်းကာအချိန်မီဆောင်ရွက်နေရ ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေပိုင်းဆိုင်ရာ တစ်နှစ်တာဆောင်ရွက်မှု အပေါ်တွင်ဆောင်ရွက်မည့်  အစီအစဉ်များကို ၀န်ကြီးများမှ ကြီးကြပ်ပြီးဆောင်ရွက်နေရသဖြင့် အစိုးရသက်တမ်းတစ်နှစ်တာတွင် အကျင့်ပျက်ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက်သာ သတိပေးဆောင်ရွက်ထားကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

“အကျင့်ပျက်ဝန်ထမ်းဆိုတာလာဘ်ငွေယူတာ၊ပြည်သူတွေအပေါ်နိုင့်ထက်စီးနင်းဆက်ဆံတာတွေ ကိုပဲသတ်မှတ်ထားတဲ့အပြင် တချို့အရာရှိတွေဆိုကိုယ့်ရုံးဝန်ထမ်းငယ်တွေအပေါ် ရုံးလုပ်ငန်း အစိုးရလုပ်ငန်း နဲ့မဆိုင်တဲ့ မိသားစုကိစ္စ အိမ်မှုကိစ္စတွေကို ခိုင်းနေတာတွေရှိလို့ တိုင်ကြားလာ ရင်လည်း အကျင့်ပျက်ဝန်ထမ်းအဖြစ် သတ်မှတ်ပြီးအရေးယူပေးစေချင်ပါတယ်”ဟု အမည်မဖော်လိုသည့် ၀န်ထမ်းတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ရပ်ကွက်ရုံးတစ်ခုတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပမှုကို ပျက်ပြားအောင် မလျော်သြဇာသုံးခဲ့သည့် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးတစ်ဦးအား နယ်ပြောင်းရွေ့မိန့်ချကာ အပြစ်ပေးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့သည်။

The Ayeyarwaddy Times

No comments:

Post a Comment