Latest News

Friday, May 26, 2017

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်တခု ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းလိုက်ပါတယ်။

ခန့်မှန်းထုတ်ပြန်ချက် အပြည့်အစုံ….

02B2017(Cyclone MORA) ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ရွေ့လျားသွားနိုင်တဲ့ လမ်းကြောင်း ခန့်မှန်းမှုအရ 02B2017(Cyclone MORA) ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှ မုန်တိုင်းရွေ့လျားသွားနိုင်တဲ့ လမ်းကြောင်း

၂၆-၅-၂၀၁၇…..လေဖိအားနည်းရပ်ဝန်း

၂၇-၅-၂၀၁၇…..လေဖိအားနည်းရပ်ဝန်း

၂၈-၅-၂၀၁၇…..မုန်တိုင်းငယ် (4 pm)

၂၉-၅-၂၀၁၇…..အပူပိုင်းမုန်တိုင်း (4 pm)

၂၉-၅-၂၀၁၇…..ဆိုင်ကလုန်းမုန်တိုင်း (12 pm)

၃၀-၅-၂၀၁၇…..အပူပိုင်းမုန်တိုင်း ( 6 am)

၃၀-၅-၂၀၁၇…..မုန်တိုင်းငယ် (12 am)

၃၀-၅-၂၀၁၇…..မုန်တိုင်းငယ်/လေဖိအားနည်းရပ်ဝန်း (6 pm)

landfall point…Bangladesh

Max. wind……..50-60 mph (30-5-2017 at 0 am)

မှတ်ချက်။  (၁) အထက်ပါ ခန့်မှန်းချက်များမှာ (၂၅-၅-၂၀၁၇) ညနေ ၆ နာရီ တိုင်းထွာချက်များအပေါ် အခြေခံ တွက်ချက်ထားပါတယ်။

                 (၂) ခန့်မှန်းချက်များမှာ အချိန်နဲ့လိုက်၍ ပြောင်းလဲနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

DVB

No comments:

Post a Comment