Latest News

Wednesday, May 24, 2017

မန်ချက်စတာ အသေခံဗုံးခွဲသမားအား ခန့်မှန်းဖော်ထုတ်နိုင်ပြီ

မန်ချက်စတာ အသေခံဗုံးခွဲသမားအား ခန့်မှန်းဖော်ထုတ်နိုင်ပြီ


ရက်သတ္တပတ်က လက်ဖြစ်ဗုံးလုပ်နည်းရုပ်သံကို အိုင်စစ်( ISIS/ISIL ) အစွန်းရောက်အကြမ်းဖက်သမားတို့ ဖြန့်ဝေထားခဲ့။ အကြမ်းဖက်ဖျက်ဆီးကြရန် နောက်လိုက် ဂျီ ဟဒ်ဝါဒီ များအား အမိန့်ပေး။ အကြမ်းဖက်ခြိမ်းခြောက်ခံရခြင်း သတိပေးချက်အဆင့် ဗြိတိန်တွင် ထပ်မံတိုး မြှင့်။ တပ်ဖွဲ့ ၀င် ၅’၀၀၀ ဗြိတိန်လမ်းမများပေါ်တွင် ဖြန့်ချ

(  မေ-၂၄၊ ၂၁၀၇ ) အိုင်စစ် ( ISIS/ISIL ) အစွန်းရောက် အကြမ်းဖက်သမားတို့သည် လက်ဖြစ်ဗုံးလုပ်နည်း ရုပ်သံကို  မန်ချက်စတာအကြမ်းဖက်မှု့မတိုင်မီ ရက်သတ္တပတ်နှင့်ချီ၍ ဖြန့်ဝေထားခဲ့ကြောင်း ဒေးလီးစတား သတင်းဌာနက ယနေ့ရေးသားဖော်ပြသည်။


သံချွန်၊ သံချောင်း၊ ဘောစေ့၊ ဘောဘယ်ယာရင်များဖြင့် လက်ဖြစ်တည်ဆောက်နိုင်သည့် အဆိုပါဗုံးအား တည်ဆောက်ပုံရုပ်သံနှင့်တကွ အကြမ်းဖက်သမားတို့က ဖြန့်ဝေထားခဲ့သည်မှာ ရက်သတ္တပတ်မျှသာရှိကြောင်း ရဲတပ် ဖွဲ့က ယူဆထားသည်။ ထိုနည်းလမ်းအားဖြင့် အိုင်စစ် ( ISIS/ISIL ) ၏ ကြီးကြပ်မှု့မပါဘဲ ဗုံးအားကောင်းမွန်စွာ တည်ဆောက်နိုင်သည်ဟုဆိုသည်။ ယခင်နှစ်ကုန်ပိုင်းနှင့် ယခုအခါတွင် အလားတူ လက်ဖြစ်ဗုံးတည်ဆောက်ပုံ ကို ကျွီတာ မှတစ်ဆင့် ၄င်းတို့အားထောက်ခံသူနောက်လိုက်များထံပေးပို့ခဲ့ဘူးပြီး ယခုအခါ ဗြိတိန်နိုင်ငံတစ်ဝှမ်း ပစ်မှတ်ရှာဖွေတိုက်ခိုက်ကြရန် ပြောဆိုလျှက်ရှိကြကြောင်း သတင်းတွင်ဆက်လက်ဖော်ပြထားသည်။

လူ-၂၂ ဦးသေဆုံး၍ ၅၉-ဦး ဒါဏ်ရာရရှိစေသော မန်ချက်စတာ ဂီတဖျော်ဖြေပွဲဗုံးဖောက်ခွဲမှု့ကျူးလွန်သူမှာ မန်ချက်စတာတောင်ပိုင်းနေ လစ်ဗျားနွယ်ဖွား ဆယ်လမန် ရာမဒန် အဘက်ဒီ ( အသက်-၂၂ ) ဟုယူဆရကြောင်း ရဲတပ်ဖွဲ့က အတည် ပြုလိုက်သည်။ ၄င်းသည် လွန်ခဲ့သော ၀ဘ်မင်နစ်စတာအကြမ်းဖက်မှု့ကျူးလွန်သူ ခါလစ် မာဆွတ်နှင့် အရေးမပါသောအဆက်အသွယ်ရှိသူအဖြစ် ရဲနှင့် လုံခြုံရေးအာဏာပိုင်များက သိရှိထားပြီးသူဖြစ် ကြောင်း ယနေ့ ဂါးဒီးယန်းသတင်းဌာနက ရေးသားဖော်ပြသည်။

Htay Oung

No comments:

Post a Comment