Latest News

Monday, May 29, 2017

ကွယ်လွန်သွားသည့် ဒုဗိုလ်ချုပ်ကြီး မျိုးညွန့် အရိယာလက္ခဏာတွေ့ရှိရဟု ဦးအေးနေ၀င်းဆို


ကွယ်လွန်သွားသည့် ဒုဗိုလ်ချုပ်ကြီး မျိုးညွန့် အရိယာလက္ခဏာတွေ့ရှိရဟု ဦးအေးနေ၀င်းဆို



ရဟန္တာလို့ပြောပြတဲ့ Pe Nyan က ဒေါက်တာဖေဥာဏ်ပါ၊ ထားဝယ်သားကြီး။ မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့မှာ ဥက္ကဌလုပ်ခဲ့ဖူးတယ်။ အရင် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ရဲ့ဆရာပါ။ မှော်ဘီမှာ ရဋ္ဌပါလ ဓမ္မရိပ်သာ၊ ဇရပ်ကွင်းမှာ ကျိုက်ကနက်ဓမ္မရိပ်သာတွေ လှူခဲ့သူ၊ ဗိုလ်ချုပ်တွေတော့ သူ့ကိုဗေဒင်လာလာမေးကြတယ်။ ကျင့်ကြံအားထုတ်မှုတော့ မပြောတတ်ပါ
comment of Ye Oo
*******************
ဆန်းကြယ်လိုက်တာ
ဦးသိန်းစိန်ရဲ့အခါတော်ပေး ဒေါက်တာဖေဉာဏ်က ဗိုလ်မှူးချုပ်စိန်လွင်ကို ရဟန္တာပါတဲ့။
ဦးစိန်လွင်က မဟာစည်ဌာနချုပ်မှာ တရားအားထုတ်ဖူးတယ်။
မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ရအောင် ရိပ်သာတာဝန်ရှိသူများက သူ့ကို သီးသန့်ထားပြီး သီးသန့်တရားအားထုတ်စေတယ်။ တရားစစ်ရင်လဲ သူနေတဲ့အဆောင်မှာ တာဝန်ရှိတဲ့ဘုန်းကြီးတစ်ပါးက တရားသွားစစ်ပေးရတယ်။
“တပည့်တော် သမာဓိတောင် မဖြစ်ပါဘူးဘုရား။ တပည့်တော် ကျောက်ကပ်တွေ သည်းခြေအိတ်တွေမှာ ကျောက်တွေတည်နေတယ်။ အာဏာရှိတုန်းက နိုင်ငံရေးအကျဉ်းသားတွေကို ခပ်မှောင်မှောင်အခန်းထဲထားပြီး ကျောက်ခဲနဲ့ရောထားတဲ့ထမင်းကို ကျွေးခဲ့တဲ့ အကုသိုလ်တွေက ပြန်အကျိုးပေးနေပြီဘုရား”လို့ တရားစစ်ဘုန်းကြီးကို လျှောက်ထားပါသတဲ့။
ဒီစကားက တရားစစ်ဘုန်းကြီးကိုယ်တိုင်က အတ္တာနုဝါဒဘေးအကြောင်း ပြောကြဆိုကြရင်းနဲ့ စကားဆက်စပ်ရာကနေ ပြောပြလို့ သိရတာ။
ဒါက်တာဖေဉာဏ်က အခု ရဟန်းဝတ်နဲ့ မှော်ဘီမှာ နေနေတယ်။
Copy from အရှင်ခေမာနန္ဒ
ကူးယူမျှဝေသည်

No comments:

Post a Comment