Latest News

Saturday, May 20, 2017

အိမ်ဖြူတော်မှာ ဘာတွေဖြစ်ကုန်ပြီလဲ

အိမ်ဖြူတော်မှာ ဘာတွေဖြစ်ကုန်ပြီလဲ


အမေရိကန် သမ္မတအိမ်ဖြူတော်က သမ္မတရုံးခန်း၌ ဒေါ်နယ် ထရန့်နှင့် ရုရှားနိုင်ငံခြားရေးဝန် ကြီးတို့ တွေ့ဆုံရာမှာ သမ္မတထ ရန့်က မည်သည့်လျှို့ဝှက်ချက်ကို မျှ မပြောခဲ့ပါကြောင်း သူတို့ ဆွေးနွေးခဲ့သည်ကို သိချင်ပါလျှင် သူတို့ အသံဖမ်းထားသော စကား ပြောများကိုပေးမည်ဟု ရုရှား သမ္မတပူတင်က ပြောကြားလိုက် သည်။ သမ္မတထရန့်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့နှင့် တွေ့ချိန်မှာ ထိပ် တန်း လုံခြုံရေးကိစ္စများကို ပြော ကြားလိုက်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့၍ အမေရိကန် များ ဆူဆူပူပူဖြစ်နေချိန်မှာ ပူတင် က ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုအခါ အမေရိကန်များ ပိုပြီး ဆွေ့ဆွေ့ခုန်သွားရသည်။

‘‘ဘုရား ဘုရား...အိမ်ဖြူတော်မှာ ဘာတွေဖြစ်ကုန်ကြပြီတုံး။ သမ္မတရုံးခန်းထဲကို ရုရှားမီဒီယာကပဲ ၀င်ခွင့်ရပြီး ဓာတ်ပုံရိုက်ခွင့်ရတယ်။ အမေရိကန်စာနယ်ဇင်းတွေ မ၀င်ရဘူး။ အမေရိကန်သမ္မတပြောတာကိုလည်း ရုရှားကပဲ အသံဖမ်းထားတယ်။ ဒီ ဘက်မှာက ဖမ်းထားတာမရှိဘူး။ အခုလည်း အသံဖမ်းထားတာကို ရုရှားဆီကနေ ယူရဦးမယ်။ အိမ် ဖြူတော်မှာ ဘာတွေဖြစ်ကုန် ကြပြီတုံး’’

ရုရှားသမ္မတက အမေရိကန် သမ္မတအိမ်ဖြူတော်မှာ စကား ပြောခဲ့သောအကြောင်းအရာများ ကို ပေးပါမည်ဆိုသည့်သတင်း တစ်ပုဒ်အောက်မှာ ဇတ်ရော ဘတ်စ်ဆိုသူ အမေရိကန်တစ်ဦး က ဒေါသတကြီးဖြင့် ရေးထား သော စကားများဖြစ်သည်။ ထိုသ တင်းများ၏ အောက်မှာ စိတ်တို ဒေါသထွက်နေသောအမေရိကန် များကမှတ်ချက်များ အပြိုင်အ ဆိုင်ရေးနေကြရာမှာ စတက်ဖ် ဘိုင်နမ်ဆိုသူ အမျိုးသားတစ်ဦး ကလည်း ‘‘ကောင်းပါပြီ။ ကြည့်ရ တာကတော့ အံ့သြမကုန်ဖွယ်ပါ ပဲ။ ကဲ.. ငါတို့ တိုင်းပြည်က အ ချက်အလက် သတင်းတွေမှန်သ မျှ ရုရှားဆီကပဲ ယူလိုက်ကြတော့ ဟေ့။ အေးရော’’

အမေရိကန်တွေ ခုန်ဆွဒေါ သထွက်နေကြသလို အိမ်ဖြူတော် မှာလည်း သမ္မတထရန့်အတော် အကျပ်ရိုက်နေသည်။ သူက အမေရိကန်နိုင်ငံ၏ အစ္စလာမ်မစ် သူပုန်အဖွဲ့ အိုင်အက်စ်နှင့် ပတ် သက်သော ထိပ်တန်းလျှို့ဝှက် ချက်များကို ရုရှားနိုင်ငံခြားရေးဝန် ကြီးနှင့် သံအမတ်တို့ကိုပေးခဲ့ သည်ဆိုသည့် သတင်းများကြောင့် ဖြစ်သည်။ ထို့ထက် အမေရိကန် များ စိတ်ဆိုးကြသည်မှာ သမ္မတ ၏ ဘဲဥပုံရုံးခန်းတွင် ရုရှားသတင်း ဌာနကိုသာဝင်ခိုင်းပြီး သတင်း ဓာတ်ပုံများကိုလည်း ရုရှားသ တင်းဌာနကသာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် ထရန့်၏ အချိတ် အဆက်သည် ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကာလ မဲ ဆွယ်ပွဲများကနေစခဲ့သည်။ ရုရှား သည် ဆိုရှယ်မီဒီယာများ အသုံးချ ကာ ဟီလာရီအတွက် သတင်းအ မှားများ ဖန်တီးခဲ့သလို ဟီလာရီ မဲဆွယ်ရေးအဖွဲ့၏ အီးမေးလ်များ ကို ထိုးဖောက်ကာ အချက်အ လက်များကို ရယူခဲ့သည်။ ထို နည်းဖြင့် ထရန့်ကို အနိုင်ရအောင် လုပ်ပေးခဲ့သည်ဟု အမေရိကန် များက အတော် သံသယရှိနေ သည်။

မကြာသေးခင်က ဖေ့စ် ဘွတ်ခ်လုံခြုံရေးအဖွဲ့က ထုတ် ပြန်ခဲ့သော အစီရင်ခံစာကလည်း ရုရှားဟု အတိအကျမပြောသော် လည်း အမေရိကန်သမ္မတ ရွေး ကောက်ပွဲမှာ နိုင်ငံကြီးများနှင့် အ ဖွဲ့အစည်းများ ပတ်သက်မှုရှိသည် ဟု ဖော်ပြခဲ့၏။

သည်အချိန်မှာ အဆိုပါ ပြဿနာကို ထောက်လှမ်းစုံစမ်း နေသည့် အက်ဖ်ဘီအိုင်၏ ညွှန် ကြားရေးမှူးကို ထရန့်ကနေ ဆိုင်း မဆင့် ဗုံမဆင့်ရာထူးကနေ ဖြုတ် ခဲ့သည်။ ယခုကဲ့သို့ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးကဲ့သို့ ထိပ်တန်း အရာရှိကြီးကို သမ္မတက ချက် ချင်းရာထူးက ဖြုတ်ခြင်းသည် အမေရိကန်ရာဇ၀င်တွင် အနှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ဂျိမ်းစ်ကိုမီကိုယ်တိုင် ပင် တီဗီကနေ သတင်းကြေညာ မှပင် သိခဲ့ရသည်ဟုဆိုသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထရန့် က သူ့ကို အရှက်ခွဲလိုက်ခြင်းဟုပင် ပြောနိုင်၏။

ဗြုန်းဒိုင်းကြီးကိုမီကို ဖြုတ်ချ သည့်အတွက် အားလုံး၏ ကန့် ကွက်သံ၊  ပြစ်တင်အံ့သြသံများ မစဲခင်မှာပင်  ကိုမီဘက်ကလည်း ထရန့်နှင့်ပတ်သက်သည့် အံ့အား သင့်စရာသတင်းတစ်ခုကို ဖွင့်ချ လိုက်၏။ ထရန့်သည် သူ၏အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်း မိုက်ကယ်ဖလင်း ကို ရုရှားကိစ္စနှင့်ပတ်သက်ပြီး စုံ စမ်းထောက်လှမ်းမှုကို ရပ်နားရန် သူ့ကိုခေါ်ပြောခဲ့သည်ဟု ကိုမီက တရားဝင် ပြောကြားလိုက်သည်။

ယခုနောက်ဆုံးအခြေအနေ မှာ ထရန့်နှင့် ရုရှားတို့၏ အရှုပ် တော်ပုံအတွက် အထူးကောင်စီ ဖွဲ့ စစ်ဆေးရန် ဒီမိုကရက်တစ် များကရော ထရန့်၏ပါတီဖြစ် သည့် ရီပက်ဘလေကန်များကပါ တရားရေးဌာနကို ဖိအားပေးနေ ကြသည်။

ထို့ကြောင့် ယခင် အက်ဖ်ဘီ အိုင်ညွှန်ကြားရေးမှူးဟောင်းဖြစ် ခဲ့သူရောဘတ်မူလာကို ထရန့် ရွေးကောက်ပွဲနှင့် ရုရှားအစိုးရ ပတ်သက်မှုကို စုံစမ်းစစ်ဆေးမှုအ ဖြစ် အမေရိကန်တရားရေးဌာနက ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ခန့် အပ်လိုက်သည်။ ထိုနေ့သည် ဒေါ်နယ်ထရန့် အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့သည်မှာ၁၁၈ ရက်ပြည့်သောနေ့ဖြစ်သည်။

‘‘ကျွန်တော် အရင်တုန်းက ဘ၀ကိုပဲ သဘောကျတယ်။ ကျွန် တော့်မှာ အများကြီးကောင်းတာ တွေရှိခဲ့တယ်။ အခုက အရင်တုန်း က ဘ၀ထက် အလုပ်တွေပိုများ တယ်။ ဒီအလုပ်က ပိုလွယ်လိမ့် မယ်လို့ ကျွန်တော်က ထင်ခဲ့တာ’’ ဟု ရိုက်တာ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာမှာ သမ္မတ ဒေါ်နယ်ထရန့်က သူ၏ စိတ်ဖိစီး မှုများသည့် သမ္မတဘ၀ကို ပြော ကြားခဲ့သည်။ သူ၏ အရင်သမ္မတ ဟောင်း အိုဘားမားကလည်း ဒေါ် နယ်ထရန့်ကို သမ္မတလုပ်ရခြင်း သည် တီဗီအစီအစဉ်တင်ဆက်ရ သည်နှင့်မတူဟု သတိပေးစကား ပြောခဲ့ဖူး၏။ ယခုအခါ ဒေါ်နယ် ထရန့်သည် အိုဘားမား၏ သတိ ပေးချက်များ မှန်ကန်ကြောင်း သိ လာနေပြီဖြစ်သည်။ သူသည် အ မေရိကန်တို့က အယုံအကြည်မရှိ ရသော မဟာမိတ်ဟု ပြောလေ့ရှိ ကြသည့် ရုရှားနှင့်ပတ်သက်မှု အတွက် ဖိအားပေးခံနေရသည်။ နောက်ဆုံးတက်လာသော ၀ါရှင် တန်ပို့စ်သတင်းစာ၏ သတင်း တစ်ပုဒ်မှာ ထရန့်သည် သမ္မတ ပူတင်ဆီကပင် ငွေရယူထားသည် ဟုပင် ဖော်ပြထားသည်။ ထိုသ တင်းက ဘယ်လောက်မှန်မလဲဆို သည်လည်း မသိချေ။

 သို့သော် မကြာခင်မှာ ထရန့်အစိုးရအဖွဲ့သည် ရုရှားနှင့် ဆက်နွှယ်ပတ်သက်မှုအတွက် အမေရိကန်တရားရေးဌာနက ခန့် အပ်လိုက်သည့် ရောဘတ်မူလာ ခေါင်းဆောင်သော စုံစမ်းရေးအ ဖွဲ့၏ စစ်ဆေးမှုကို ခံရတော့မည် ဖြစ်သည်။

ရောဘတ်မူလာသည် ထူး ချွန်ထက်မြက်ပြီး သူ့ကို စစ်ဆေး ရေးခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ခြင်းကို အများစုက ထောက် ခံကြသည်။ စီအင်န်အင်န်သတင်း တွင် စင်သီယာဂရန်နာတာဆိုသူ အမျိုးသမီးက ‘‘အထူးကောင်စီအ တွက်ရောဘတ်မူလာကို ရွေးချယ် လိုက်တာ အတော်ကောင်းတယ်။ သူက တော်တယ်၊ တရားမျှတစွာ ဆုံးဖြတ်နိုင်တယ်။ ဘုရားသခင် က ကျွန်မတို့ ဆုတောင်းတာတွေ ကို ကြားသွားပြီထင်တယ်’’

အမေရိကန်သမ္မတအိမ်ဖြူ တော်က ရောဘတ်မူလာကို စုံ စမ်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ခြင်းကို အများပြည် သူထက် တစ်နာရီစောပြီးသာ သူ တို့သိရသည်ဟုဆိုသည်။ သူတို့ ကို အကြောင်းကြားခြင်းသက် သက်ဖြစ်ပြီး လာတိုင်ပင်ခြင်းမ ဟုတ်ဟု အိမ်ဖြူတော်မှ တာဝန် ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

ကိုးကား၊ စီအင်န်အင်န်၊အမ်ဘီစီ၊ ရိုက်တာ

ထရန့်ကို ကန့်ကွက်ဆန္ဒပြနေသူများ JIM WATSON / AFP

ဒေါ်နယ်ထရန့်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်(AFP)

7 Day

No comments:

Post a Comment