အာထရာဆောင်းမရိုက်ဘဲ သားယောက်ျားလေးလို့ အဖြေသိထားတဲ့ မိုးယုစံ
ကိုယ်ဝန် ၂၄ ပတ်ရှိပြီး လတ်တလောတွင် အာထရာ ဆောင်းမရိုက်ကြည့်ရသေးသော် လည်း ရင်သွေးသည် ယောက်ျား လေးဟု သိထားကြောင်း မိုးယုစံက ပြောကြားသည်။
‘‘မိုးယု အခု ကိုယ်ဝန်လွယ် ထားတာ ၂၄ ပတ်ရှိပါပြီ။ လော လောဆယ် အာထရာဆောင်း မရိုက်ရသေးဘူး။ အာထရာ ဆောင်းလည်းရိုက်မှာပါ။ အာ ထရာဆောင်းက အမှန်ဆိုရင် ၁၂ ပတ်လောက်မှာ တစ်ခါ၊ ၂၀ ကျော်ရင်တစ်ခါ ရိုက်ရတာ။ ဒါပေမဲ့ ညီမ အမျိုးသားက ကလေးကို အာထရာဆောင်းရိုက်တာထက် စာရင် ပိုတိကျတဲ့ သွေးနဲ့စစ်တဲ့ ဟာလေ။ အဲဒါက သိပ်တော့ မလုပ်ကြသေးပါဘူး။ ရန်ကုန်မှာ သွေးဖောက်ပြီး စင်ကာပူမှာ စစ် တာပေါ့။ ဒီမှာ အေဂျင်စီတစ်ခုရှိ တယ်။ သူတို့ကို သွေးပေးလိုက် တယ်။ သူတို့က ဟိုကိုပို့ပြီး စစ် ပေးတာပေါ့။ ပြီးတော့ အဖြေကို ပြန်ပို့ပေးတယ်။ သူက ပိုလည်းတိကျတယ်။ ဘာလေးလဲဆိုတာ လည်း သိရတယ်။ ပြီးတော့ ကလေးမှာ မွေးရာပါ ရောဂါရှိ၊မရှိ အဲဒါတွေပါ သိရတယ်။ အဲဒါ ကို ညီမတို့က စစ်လိုက်တော့ ယောက်ျားလေးဆိုတာ သိရတဲ့အတွက် အာထရာဆောင်းကို သွားမရိုက်ဖြစ်သေးတာပါ။ ပြနေကျဆရာဝန်ကလည်း နောက်သုံးပတ်လောက်ကြာမှ တစ်ခါတည်းရိုက် လိုက်တော့ဆိုတာနဲ့ စောင့်နေတာ ပါ’’ ဟု ၎င်းက ပြောသည်။
ပထမဆုံးကိုယ်ဝန်ဖြစ်သော် လည်း ကျန်းကျန်းမာမာရှိနေ၍ ယခင်ကထက် ခန္ဓာကိုယ်ပိုပြည့် တင်းလာကြောင်း ပြောသည်။ မွေးဖွားမည့် ဆေးရုံကို ဆေးရုံရွေး နေ၍ သားဖွားနှင့် မီးယပ်အထူးကု ဒေါက်တာစိုးလွင်၊ ဒေါက်တာ သင်းသင်းအောင်တို့နှင့် ပြသနေ ကြောင်း ပြောသည်။
အနုပညာအလုပ်တွေ ဆက် မလုပ်ဖြစ်တော့၍ ၎င်း၏ အနု ပညာလှုပ်ရှားမှုများကို စောင့်မျှော်နေသည့် ပရိသတ်များအတွက် မိုးယုစံက ယခုလိုနှစ်သိမ့်စကား ပြောသည်။
‘‘ချစ်ခင်ပေးတဲ့ ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါ တယ်။ အခုအချိန်အထိလည်း မင်းသမီးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သူငယ်ချင်းလို၊ အစ်မ လို၊ ညီမလို၊ မိသားစုလို ချစ်ခင် တဲ့ ပရိသတ်ကြီး အရမ်းကျေးဇူး တင်ပါတယ်။ အနုပညာလှုပ်ရှား မှုကတော့ ထုံးစံအတိုင်း အိမ် ထောင်ကျပြီးသွားရင် ဘယ်သူပဲ ဖြစ်ဖြစ် မိသားစုကို အချိန်ပေးရ တာ ပိုများသွားတယ်။ ညီမလည်း မိသားစုကို အချိန်ပေးရတဲ့အ တွက် သိပ်မလုပ်ဖြစ်တော့ဘူး။ မလုပ်တော့တာတော့ မဟုတ်ဘူး။အဆင်ပြေတဲ့ဟာမျိုးဆို လုပ်မှာ ပါ။ အခုလက်ရှိတော့ ပွဲတွေတက် ဖြစ်တယ်။ ဓာတ်ပုံလေးတွေရိုက် ဖြစ်တယ်။ ရှေ့လကျရင်လည်း ကိုယ်ဝန်နဲ့ ဓာတ်ပုံရိုက်ဖို့ ပြော ထားတယ်’’ဟု ပြောသည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment