Latest News

Monday, May 1, 2017

ရဲချုပ်သက်ပြည့် ပင်စင်မနားခင် ၇၂ နာရီအလို၌ ရဲအုပ် နှင့် ဒုရဲအုပ် ၂၀၀ ကျော် အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပြီး ဒုရဲအုပ် ၆၀ ကျော်ရာထူးတိုး

ရဲချုပ်သက်ပြည့် ပင်စင်မနားခင် ၇၂ နာရီအလို၌ ရဲအုပ် နှင့် ဒုရဲအုပ် ၂၀၀ ကျော် အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပြီး ဒုရဲအုပ် ၆၀ ကျော်ရာထူးတိုး



မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် တာဝန်မှ အနားမယူမီ ၇၂ နာရီအတွင်း ရဲအုပ်နှင့် ဒုရဲအုပ်အဆင့် ၂၀၀ ကျော် နေရာအပြောင်းအရွှေ့ များ ဖြစ်ပေါ်ခဲ့ပြီး ဒုရဲအုပ် ၆၀ ကျော်မှာလည်း ရဲအုပ်ရာထူးသို့ တိုးမြှင့်ခံရကြောင်း သတင်းရင်းမြစ်များထံမှ ဧပြီ ၂၇ ရက်နေ့ လည်ပိုင်းတွင် သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲချုပ် ဦးဇော်ဝင်းမှာ ဧပြီ ၃၀ ရက်မှ စ၍ ရဲချုပ်တာဝန်မှ သက်ပြည့်ပင်စင်ဖြင့် အနားယူမည် ဖြစ်ပြီး ဧပြီ ၂၈ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်မည့် ရဲတပ်ဖွဲ့ ၏ အပြောင်းအရွှေ့ ၊ ရာထူးတိုးမြှင့်စာရင်း ထုတ်ပြန်ချက် များကို ရဲချုပ်၏ကိုယ်စား ရဲမှုးကြီးတစ်ဦးက လက်မှတ်
ရေးထိုးထားခြင်းလည်း ဖြစ်သည်။ အပြောင်းအရွှေ့ စာရင်းများတွင် ဒုရဲအုပ် (၉) ဦးမှာ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ သို့ ပြောင်းရွှေ့ ခံရပြီး၊ အခြားသော ဒုရဲအုပ် ၄၈ ဦးမှာ တစ်ဦးလျှင်တစ်နေရာစီ မတူညီသော ဒေသ များစွာ ဖြင့် ပြောင်းရွှေ့ ခံရခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် ရဲအုပ်အဆင့် ၁၅၄ ဦးမှာ တစ်ဦးလျှင် တစ်နေရာစီနေရာ အပြောင်းအရွှေ့  ပုံစံဖြင့် ပြောင်းရွှေ့ ခံရခြင်းဖြစ်ကာ အမိန့် စာထွက်သည့်နေ့ မှ စ၍ ၇ ရက်တွင် သက်ဆိုင်ရာ တာဝန်ကျသည့် ဒေသသို့ သွားရောက်တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။ ရာထူးတိုးဖြင့် တိုးမြှင့်တာဝန်ထမ်းဆောင်ရမည့် ဒုရဲအုပ် ဦးရေမှာ ၆၁ ဦး ရှိခဲ့ပြီး ဧပြီ ၂၈ ရက်ဖြင့် ထုတ်ပြန်မည် ဖြစ်သော အဆိုပါစာရင်းအရ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ မှုဦးရေမှာ ၂၇၂ ဦးအထိ ရှိနေကြောင်း သိရသည်။

ပြောင်းရွှေ့ ခံရသည့် ဌာနများတွင် နေပြည်တော်ရဲတပ်ဖွဲ အမှတ်စဉ်ဖြင့် ခေါင်းစဉ်တပ်ထားသော လုံခြုံရေးရဲတပ်ဖွဲ့ ရုံး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရုံး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ နေပြည်တော် စသည့်ဒေသကြီးများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ ၊ ရဲလေ့ကျင့်ရေးဌာနချုပ်၊ ရဲရေးဌာနကြီး၊ လူကုန်တားရဲ
တပ်ဖွဲ့ စသည်တို့ ပါဝင်နေကြောင်း သိရသည်။

ပြောင်းရွှေ့ ချထားခံ ဒေသများတွင် ဖော်ပြပါ နေရာများ အပြင် လေကြောင်းရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရဲတပ်ဖွဲ့ ၊ မှုခင်း ရဲတပ်ဖွဲ့ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရေကြောင်း ရဲတပ်ဖွဲ့ ၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ စသည့် ဌာနများသို့ ဖြစ်နေကြောင်း သိရသည်။

Iris(AkonThi)

No comments:

Post a Comment