Latest News

Sunday, April 30, 2017

မြ၀တီမြို့နယ်တွင် မြန်မာငွေစက္ကူ နံပါတ်တူအတုများ ကိုင်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းမိ

မြ၀တီမြို့နယ်တွင် မြန်မာငွေစက္ကူ နံပါတ်တူအတုများ ကိုင်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းမိ

မြ၀တီကုန်သွယ်ရေးဇုန် ကုန်အ၀င်ပေါက်တွင် မြန်မာငွေစက္ကူ နံပါတ်တူအတုများ ကိုင်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းမိမှု ဧပြီ ၃၀ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ရဲစခန်းမှ သိရသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေး စခန်းလုံခြုံရေးတာဝန်ခံ ရဲအုပ်ညီမင်းထိုက် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအရ ပြည်တွင်းသို့ ၀င်ရောက်မည့် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်များအား စစ်ဆေးနေစဉ် ထိုင်းနိုင်ငံ ယာဉ်အမှတ် ၆၉၇၉ ဟိုင်းလက်အဖြူရောင်ယာဉ်အား စစ်ဆေးရာ ကားပေါ်၌ပါလာသူ ထိုင်းနိုင်ငံသား လွယ်ထားသည့် ဘေးလွယ်အိတ် အတွင်း၌ အတုဟုယူဆရသော နံပါတ်တူ ကျပ် ၅၀၀ တန်များ တွေ့ရှိစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငွေစက္ကူများနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် သင်္ဃန်းညီနောင်ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီး နံပါတ်တူလေးမျိုး စုစုပေါင်း ကျပ် ၅၀၀ တန် ၃၃ ရွက်အား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ငွေစက္ကူ ကျပ် ၅၀၀ တန် ကိုင်ဆောင်သူ ထိုင်းနိုင်ငံ မဲဆောက်မြို့နေ နတခြာနိုး (ရေသန့်ဘူးခွံ ထုတ်လုပ်ရာင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်) သည် အင်ဂျင်နီယာဘွဲ့ ရရှိထားသူတစ်ဦးဖြစ်ပြီး ဝှေ့ရှမ်းကျေးရွာသို့ သွားရောက်လည်ပတ်မည့်သူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ဃန်းညီနောင် ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Eleven

No comments:

Post a Comment