Latest News

Sunday, April 30, 2017

YBS နံပါတ် ၁၀ ယာဉ်နောက်လိုက်မှ ခရီးသည်အား ဂျမ်းတုံးဖြင့်ရိုက်နှက်မှုဖြစ်ပွား

YBS နံပါတ် ၁၀ ယာဉ်နောက်လိုက်မှ ခရီးသည်အား ဂျမ်းတုံးဖြင့်ရိုက်နှက်မှုဖြစ်ပွား



ရန်ကုန်မြို့ ​မြောက်​ဥက္ကလာပအဝိုင်း မှတ်​တိုင်​တွင် ဧပြီ ၃၀ ရက်နေ့ ညပိုင်းအချိန်ခန့်က YBS နံပါတ် ၁၀ ယာဉ်​မှ ယာဉ်နောက်လိုက်က ယင်းယာဉ်​အား စီးနင်းလာ​သော ခရီးသည်​တစ်​ဦးနှင့် အချင်းများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ အဆိုပါ YBS နံပါတ် ၁၀ ယာဉ်​လိုင်း ယာဉ်နောက်လိုက် ဖြစ်​သူက ခရီးသည်​နှင့်စကားများရာမှခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက်က ဂျမ်းတုံးဖြင့်​ရိုက်​နှက်​ခဲ့သောကြောင့် ခရီးသည်​ဖြစ်​သူ ဦး ... အသက်​ ၄၉ နှစ်မှာ နဖူးကွဲဒါဏ်​ ​နောက်​စိ​ပေါက်​ပြဲ ဒဏ်​များရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်​ပွားရာ ​နေရာ၌ ရှိ​နေ​သော တာဝန်​သိပြည်​သူ တစ်​ဦးမှ နာရေးကူညီမှုအသင်း (ရန်​ကုန်​) K -Ambulance ဌာနသို့ ဆက်​သွယ်​ အကူညီ​တောင်းခံခဲ့သဖြင့်​ အခင်းဖြစ်​ပွားရာ​နေရာသို့ သွားကာ ဒါဏ်​ရာရ လူနာအား မြောက်​ဥက္ကလာပ ​ဆေးရုံကြီးအ​ရေး​ပေါ်ဌာနသို့ ပို့​ဆောင်​ကူညီ​ပေးခဲ့တယ်လို့ နာ/ကူ အသင်း(ရန်ကုန်)မှ သိရပါတယ်။

Photo Credit - FFSS
Ko Kyaw Soe Naing
Lwin Oo

No comments:

Post a Comment