Latest News

Tuesday, April 25, 2017

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် YBS စနစ်ကို အောင်မြင် သည်ဟု ဇွတ်ပေပြီး ငြင်းမနေသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် YBS စနစ်ကို အောင်မြင် သည်ဟု ဇွတ်ပေပြီး ငြင်းမနေသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

YBS စနစ် စတင်ပြောင်းလဲခဲ့သည်မှာ သုံးလကျော် လေးလနီးပါသို့ ရောက်ရှိလာသော်လည်း ရန်ကုန်မြို့နေ ပြည်သူများ၏ နေ့စဉ်သွား လားမှုများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ယင်းအခြေ အနေကို သုံးသပ်ပြီး သင်္ဃကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့် YBS စနစ်ကို အောင်မြင်သည်ဟု ဇွတ်ပေပြီး ငြင်းမနေသင့်ကြောင်း ဝေဖန်ပြေားကြားလိုက်သည်။

`YBS စနစ်ကို အောင်မြင်တယ်၊ အောင်မြင်တယ် ဆိုပြီး ဇွတ်ပေငြင်းမနေ ဘဲနဲ့ မအောင်မြင်ဘူး၊ လွဲချော်မှုတွေ ရှိခဲ့တယ်ဆိုတာကို လက်ခံပြီးတော့ ဆွေးနွေးချက်တွေ အပေါ်မှာ အလေးအနက်ထားပြီး ပြုပြင်ပြောင်း လဲရေးတွေ လုပ်မှသာလျှင် အစဉ်ပြေမယ်ထင်တယ်။ ကျွန်တော် ဆွေးနွေး တဲ့အထဲမှာလည်း ပြောခဲ့ပါတယ်။ အစမကောင်းဘူး၊ အနှောင်းသေ ချာအောင် လုပ်မယ်ဆိုရင် အောင်မြင်ပါတယ်ဆိုပြီး ဇွတ်ပေပြီး ငြင်းနေရင် အနှောင်းပါသေချာမှာ မဟုတ်တော့ဘူး။ ဒီအပြောင်းအလဲဟာ သေချာ သုတေသနလုပ်ပြီး ပြောင်းလဲထားထာ မဟုတ်တဲ့ အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ကိုမသွားဘဲနဲ့ စမ်းသပ်ပြီးတော့ လုပ်ကြည့်တယ် မှားရင် ပြန်ပြင်တယ် ဆိုတော့ ကြားက လူထုအထိနာတာပေါ့`ဟု ၄င်းက ပြောကြားသည်။

ဧပြီလ ၂၄ ရက်တွင် အင်းစိန်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ  တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမို ကောင်းမွန်စေရေးအတွက် စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက် ချက်များကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှု ရှိစွာ ချပြနိုင်ရေးအတွက် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ထောက်ခံဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးနေဘုန်းလတ်က The Ladies News သို့ ပြောကြားသည်။

YBS ယာဉ်လိုင်းစနစ်ကို အဓိက တာဝန်ယူ ကိုင်တွယ်နေသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ (YRTA) ၏ ဆောာင်ရွက်မှု တချို့သည် စာရွက်ပေါ်မှာသာ ရှိခြင်းကြောင့် YRTA ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် ဘဏ္ဍာရေးပိုင်း ဆိုင်ရာများကို ပြည်သူလူထုအား ပွင့်လင်းစွာ ချပြရန်လိုအပ်ကြောင်း တို့ကို အဆိုးအား ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ကြည်ပြာက The ladies News  သို့ ပြောကြားသည်။

`အဓိက ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ YRTA ရဲ့ Structure က အခု လက်ရှိ ရှိနေတဲ့ ၁၆ ဦး ဖွဲ့ထားတယ်ဆိုတာက ပွင့်ပွင့် လင်းလင်းပြောရရင် အကုန်လုံး အလုပ်မဖြစ်ဘူး။ တချို့စာရွက်ပေါ်မှာပဲ ရှိတယ်။ အဲ့ဒီတော့ YRTA ကို သေချာ စနစ်တကျ စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ ပြန်ဖွဲ့ပြီးတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ တိတိကျကျနဲ့ ပြန်ဖွဲ့ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပါတယ်။ နောက်တစ်ခုက ဘဏ္ဍာရေးပိုင်းနဲ့ ပတ်သတ်ပြီးတော့ အခု ကားမှတ်တိုင်တွေ တင်ဒါခေါ်နေတယ်၊ ဘာမှ ပွင့်ပွင့်လင်းလင်း မသိရဘူး။ ပြီးတော့ YUPA ဆိုပြီး ဖွဲ့ထားတဲ့ အများပိုင်ကုမ္ပဏီမှာ အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း ရှယ်ယာပါတယ်ဆိုတဲ့ ကိစ္စကလည်း ပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒီငွေကြေးသုံးစွဲမှုတွေကို ရှင်းရှင်းလင်းလင်း ချပြဖို့ ဆွေးနွေးခဲ့တယ်` ဟု ၄င်က ပြောကြားသည်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွးနွေးခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာသော လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပြန်လည်သုံးသပ် ဆွေးနွေးကာ ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖြေရှင်းမည်ဟု ပြောကြားကြေားင်း အဆိုးတင်သွင်းသူ ဦးဝေဖြိုးဟန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်စေရန် တိုက်တွန်းကြောင်း အဆိုတင် သွင်းသည့် နေ့တွင် အဆိုအား အဓိကဖြေရှင်းရန် တာဝန်ရှိသည့် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ခွင့်ယူထားသည့် အတွက်လည်း ဝေဖန်မှုများ စွာ ထွက်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာ လုပ်ကိုင်လာသော မ.ထ.သ စနစ်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် YBS ယာဉ်လိုင်းစနစ်ဖြင့် အစားထိုးခဲ့သည်။ YBS စနစ်တွင် လက်ရှိအချိန်၌ ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး တစ်နေ့လျှင် ယာဉ်အစီးရေ ၃၀၀၀ ကျော် ပြေးစွဲလျက်ရှိသည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment