Latest News

Sunday, April 30, 2017

နိုင်ငံရေးအရ ထိုးနှက်ရင် အရေးယူမယ်လို့ USDP ကြေညာချက်ထုတ်

နိုင်ငံရေးအရ ထိုးနှက်ရင် အရေးယူမယ်လို့ USDP ကြေညာချက်ထုတ်

ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စကို အသုံးချပြီး ပါတီကို နိုင်ငံရေးအရ ထိုးနှက်လာရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧပြီ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေကလည်း ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းနေပြီလို့ ဒေါက်တာနန္ဒာ လှမြင့်က ပြောပါတယ်။

''ကျနော်တို့ပါတီဖက်ကတော့ စွပ်စွဲချက်စတင်ပေါ်ပေါက်ကတည်းက ကျနော်တို့ပါတီကို ပေးခြင်းရှိမရှိစစ် ဆေးတာပေါ့၊ မရှိဘူး ဒါကြောင့်မဟုတ်တဲ့အကြောင်း တောက်လျှောက်ပြော လာတာလေ၊ လက်ရှိအစိုးရက ဒီဖြစ်စဉ်သူတို့သိဖို့လိုအပ်တယ် ရှင်းလင်းဖို့လိုအပ်တယ်ဆိုတော့လည်း ဦးဖုန်းမော်ရွှေကို ခေါ်ယူပြီးတော့ ဒီိကိစ္စ တွေ မေးမြန်းပြီးတော့ စီစဉ်ဆောင်ရွက်လိုက်ရင် ပြီးသွားမယ့်ကိစ္စလို့ ကျနော်တို့က ဒီလိုပဲမြင်တယ်၊ ဦးဖုန်းမော်ရွှေကပဲ စီစဉ်ဆောင်ရွက် ရမယ့်ကိစ္စလေ၊ ဥပဒေနဲ့အညီဆောင်ရွက်ရင် ပြီးသွားမယ့်ကိစ္စလေ ''

အခုလိုကိစ္စမျိုးတွေဖြစ်ကတည်းက ပါတီဌာနချုပ်မှာ ပြန်လည်စစ်ဆေးပြီး ပါတီကို လှူဒါန်းခဲ့တာမျိုးတွေမရှိခဲ့ တဲ့အတွက် ကြေညာချက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

အစိုးရအကူးအပြောင်းမှာ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံကျော် စာရင်းပျောက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး အရေးယူဆောင်ရွက်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားပါတယ်။

အဲဒီ ငွေကြေးတွေထဲက ငွေကျပ် ၃ ဘီလီယံကို ၂၀၁၇ ခုနှစ် ဇူလိုင် လ မတိုင်ခင် လက်ရှိအစိုးရကို ပေးသွင်းသွားမယ်ဆိုပြီးလည်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွေက မကွေးတိုင်း အစိုးရအဖွဲ့ကို စာပေးပို့ထားပါတယ်။

ဒါ့အပြင် အဲဒီငွေတွေနဲ့ ယာဉ်ယန္တရားတွေကို ဦးဖုန်းမော်ရွေ ကိုယ်စားရွှေသုခ အသေးစားငွေရေး ကြေးရေးလုပ်ငန်းက ဦးကြည်ထွန်းကနေတစ်ဆင့် လွှဲပြောင်းပေးမယ်လို့လည်း အဲဒီစာမှာ ပါရှိပါတယ်။

Photo: Zaw Tuu/ RFA

No comments:

Post a Comment