Latest News

Saturday, April 29, 2017

အစိုးရနှင့် တပ်မတော် ဘုံသဘောတူညီချက် ဦးစွာ ချမှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှ လမ်းကြောင်း ဖြောင့်မည် ဟု ကေအိုင်အို ပြောကြား

အစိုးရနှင့် တပ်မတော် ဘုံသဘောတူညီချက် ဦးစွာ ချမှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှ လမ်းကြောင်း ဖြောင့်မည် ဟု ကေအိုင်အို ပြောကြား


အစိုးရနှင့် တပ်မတော်တို့ကြား ဘုံသဘောထား တူညီချက်များ ဦးစွာချမှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှ လမ်းကြောင်း ဖြောင့်မည်ဟု ကချင် လက်နက်ကိုင် အဖွဲ့  (KIO) အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်ခါး က ပြောကြားသည်။

လက်ရှိ အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် တပ်မတော်၏ သဘောထား မပါဘဲ ယတိပြတ် ဆုံးဖြတ်၍ မရသည့် အနေအထားကို တွေ့နေရကြောင်း ၎င်းက ဆိုသည်။

‘‘အစိုးရနဲ့ တပ်မတော်တွေကပဲ သူတို့ရဲ့ ဘုံသဘော တူညီချက်ကို အရင် ချပြပြီးတော့ ကျန်တဲ့ အဖွဲ့အစည်း တွေနဲ့ ဒီအပေါ်မှာ ဆွေးနွေးသွားမယ် ဆိုရင် ပိုပြီးတော့ လမ်းကြောင်း ဖြောင့်မယ့် ပုံစံဖြစ်တယ် လို့ မြင်တယ်’’ ဟု ဦးဒေါင်ခါး က ဆိုသည်။

ဆက်လက်၍ ၎င်းက ‘‘တပ်မတော်ရဲ့ မူခြောက်ချက်နဲ့ NLD အစိုးရရဲ့မူ ခုနစ်ချက်ဟာ ဘယ်လောက်ထိ ကိုက်ညီမှု ရှိသလဲ။ သူတို့ရဲ့ မူနှစ်ခုစလုံးဟာ ဘုံ သဘော တူညီချက်ကို ဘယ်ဟာလို့ သတ်မှတ်လို့ ရမလဲ’’ ဟု ပြောသည်။

အစိုးရသစ်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး မူဝါဒသည် (၁) နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ခြင်း၊ (၂) နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် ပြင်ဆင်ခြင်း၊ (၃) ပြင်ဆင် အတည်ပြုပြီး ဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ကျင်းပခြင်း၊ (၄) ၂၁ ရာစု ပင်လုံ ညီလာခံ ရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် လက်မှတ်ရေး ထိုးခြင်း၊ (၅) ပြည်ထောင်စု သဘော တူညီချက် နှင့်အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးသားခြင်း၊ အတည်ပြုခြင်း၊ (၆) ပြင်ဆင် ရေးသား အတည်ပြုပြီး ဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ (၇) ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း တို့ ဖြစ်သည်။

တပ်မတော်၏ ငြိမ်းချမ်းရေး အခြေခံ မူဝါဒ ခြောက်ချက် သည် ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များ၌ ကတိ တည်ရန်၊ ငြိမ်းချမ်းရေး သဘော တူညီချက်များကို အမြတ် မထုတ်ရန်၊ ဒေသခံ ပြည်သူများ အပေါ်  ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲ ဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေး သုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာ တွင် လိုက်ပါ ဆောင်ရွက်ရန်တို့ ဖြစ်သည်။

http://www.7daydaily.com/story/94820

Photo - Facebook

No comments:

Post a Comment